
အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာအတွက်ရန်ပုံငွေများကို ယာယီရပ်ဆိုင်း . မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ (၁) အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အစိုးရစီမံကိန်းများအတွက် ရန်ပုံငွေထောက်ပံမှုများကို ယာယီရပ်ဆိုင်းထားသည်ဟု ဖေဖော်ဝါရီ ၁၀ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။ . ယင်းကဲ့သို့ ရပ်ဆိုင်းထားမှုကြောင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးစီမံကိန်းများအပါအဝင် ပြည်တွင်းရှိသန်းရာချီကုန် ကျမည့် အခြေခံအဆောက်အဦးစီမံကိန်းများ၏ အနာဂတ် မည့်သို့မည်ပုံဖြစ်လာမလဲဆိုသည်မှာ မရေမရာဖြစ် လာစေသည်ဟု သိရသည်။ . တဆက်တည်းတွင် ADB မှ ချေးငွေနှင့်ထောက်ပံ့ငွေ စုစုပေါင်း ဒေါ်လာ ၂.၄ ဘီလျံကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ကြားတွင် မြန်မာနိုင်ငံကို ထုတ်ပေးရန် သဘောတူခဲ့ပြီး ADB မှ ထုတ်ပေးထားသော ချေးငွေနှင့် ထောက်ပံ့ငွေမှာ အနည်းဆုံး ဒေါ်လာ ၁.၅ ဘီလျံ ရှိနေပြီဟု သိရသည်။ . ကိုးကား : BBC Burmese ဓာတ်ပုံ : Google . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: