
ထိုင်းနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ အသင့်ဖြစ်နေပြီ ! ဇန်နဝါရီလကုန်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးလိုသူများ စတင် စာရင်းပေးသွင်းနိုင်မည်။ . ကိုဗစ်ကာကွယ်ဆေး ထိုးသွင်းမှုမှာ အကျိုးသက်ရောက်နိုင်တဲ့ ဆိုးကျိုးတွေရှိလာနိုင်တာကြောင့် အတတ်နိုင်ဆုံး လေ့လာစမ်းသပ်ပြီးတဲ့ နောက်ပိုင်းမှ ထိုင်းပြည်သူတွေကို ကိုဗစ်ကူးစက်မှုကို ဟန့်တားနိုင်တဲ့ ကာကွယ်ဆေးထိုးနှံပေးသွား မှာဖြစ်ကြောင်း ကိုဗစ်ထိန်းချုပ်ရေးစင်တာ ညွှန်ကြားရေးမူး ဒေါက်တာ အိုဖတ် ကန်ကဝင်ဖုန် က ပြောပါတယ်။ . ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးတဲ့နောက်ပိုင်း ကိုဗစ်ကူးစက်နှုန်းကို ထိရောက်စွာ ဟန့်တားသွားနိုင်မှာ ဖြစ်ပါတယ်။ . ကိုဗစ်ကာကွယ်ဆေးကို စိုးရိမ်ရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတဲ့ ခရိုင်တွေမှာနေထိုင်တဲ့သူတွေကို ဦးစားပေးထိုးနှံပေးသွားမှာပါ။ ပထမအသုတ် ကာကွယ်ဆေးတောင့်ပေါင်း ၂ သန်းကို ကူးစက်မှုအများဆုံးဖြစ်နေတဲ့ နေရာတွေမှာ နေထိုင်သူတွေကို ဖေဖေါ်ဝါရီလကစလို့ ဧပြီ ထိ ခန့်မှန်းခြေ လူဦးရေပေါင်း ၁ သန်းကျော်ကို ထိုးနှံပေးသွားနိုင်မှာ ဖြစ်တယ် လို့သိရပါတယ်။ . ဒုတျိယအသုတျ ဆေးတောင့်ပေါင်း ၂၆ သန်းကိုတော့ မေလကစလို့ ဂျွန်လကုန်ထိ ထိုင်းနိုင်ငံအနှံ့ထိုးနှံပေး သွားနိုင်မှာဖြစ်ပြီး နောက်ဆုံးအနေနဲ့ တတိယအသုတ်ကို ၂၀၂၁ နှစ်နှောင်းပိုင်း သို့မဟုတ် ၂၀၂၂ မှာ ထိုင်းပြည်သူအားလုံးကို ထိုးနှံပေးသွားနိုင် မှာဖြစ်တယ်လို့သိရပါတယ်။ . Ref : COVID-19 : thairath သတင်း : Win Htet Aung . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife