
"အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် ပြည်သူ့အသံ" ယခု ၂၀၂၀-၂၁ ပညာသင်နှစ်၌ ကပ်ရောဂါကြောင့် အခြေခံပညာအတန်းများအနက် အထက်တန်းအဆင့် အတန်းနှစ်တန်းကိုသာ ဇူလိုင် ၂၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းကူးစက်မှုများလာ၍ တစ်လကျော် အကြာ သြဂုတ် ၂၇ ရက်မှ စတင်ကာ ပြန်ပိတ်ခဲ့သည်။ အခြားအတန်းများကို ယခုပညာသင်နှစ်တွင် လုံးဝမဖွင့်လှစ်ရသေးပေ။ ကပ်ရောဂါကြောင့် လရှည်ပိတ်ထားရသည့် အခြေခံပညာကျောင်းများကို New Normal ပုံစံ သစ်ဖြင့် ပြန်ဖွင့်ရန် သက်ဆိုင်ရာဝန်ကြီးဌာနတာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းနေသော်လည်း မည်သည့်အချိန်တွင် ဖွင့်လှစ်နိုင်မည်ကို မသိရသေးပေ။ ထို့ကြောင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများ၏ အမြင်များကို ယခုတစ်ပတ်ပြည်သူ့ကဏ္ဍအဖြစ် စုစည်းဖော်ပြလိုက်ပါသည်။ အပြည့်အစုံဖတ်ရန် https://7day.news/301262 Credit: 7DayTV