No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အလောင်းတော်ကဿပကို ဝိုင်း၀န်းစောင့်ရှောက်ကြပါစို့ အာဏာသိမ်းမှု နိုင်ငံရေးမငြိမ်သက်မှုတွေရဲ့ နောက်ဆက်တွဲဆုံးရှုံးနစ်နာမှုတစ်ခု အလောင်းတော်ကဿပအမျိုးသားဥယျာဉ် အဖိုးတန်သစ်တွေကို တောကြောင်တွေ ထင်သလို ခုတ်ယူဖျက်စီးနေကြတာ သတင်းကြားလို့ ကိုယ်တိုင်သေချာသိရအောင် ဘုရားဖူးရင်း သွားရောက်စုံစမ်းကြည့်လိုက်တာ အမှန်တကယ်၀မ်းနည်းစရာပါပဲ။ နဂိုကတော့ အလောင်းတော်ကဿပဗဟိုပြု တဖက်ကို မိုင်၂၀ တောအခေါ် ခရီးတစ်သောင်း ၁၀ တိုင် ပတ်ပတ်လည် ရွာတည်မရ သစ်ပင်သစ်တောတွေထူထပ်ပြီး အာဆီယံအမွေအနှစ် စာရင်း၀င် ဘေးမဲ့အမျိုးသားဥယျာဥ်ပါ။ ဒေသတစ်ခုလုံးလည်း သစ်ပင်သစ်တောဆိုလို့ အလောင်းတော်ကဿပဥယျာဥ်လောက်ပဲရှိတော့ပေမယ့်။ အခုတော့ အလောင်းတော်ကဿပဘုရားသွားရာ ကားလမ်းဘေးက နှစ် ရာကျော်ပိတောက်ပင်ကြီးတွေကိုတောင် ချမ်းသာမပေးပဲ မညှာမတာ ခိုးခုတ်နေကြတာ အတော်စိတ်မကောင်းစရာပါပဲ။ တစ်ညကို ကား ၁၀စီးတိုက်လောက်အခုတ်ခံနေရတယ်လို့ သတင်းရပါတယ်။ အထက်ပိုင်းကသစ်ပင်သစ်‌တောတွေ နည်းလာတော့စိမ့်စမ်းတွေခမ်းလာပြီး မြစ်ချောင်းတွေ ကောကောလာတာ အားလုံးအသိပါ။ ဒါ့ကြောင့် ဒေသခံများ ရော၊ တာ၀န်ရှိသူများပါ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကို ဝိုင်း၀န်းစောင့်ရှောက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ (အလောင်းတော် ၉မိုင်စခန်းကဖမ်းထားတဲ့သစ်တွေကို ခိုးသယ်လာတဲ့ ကားတစ်စီးကို ကပိုင်ရွာက ဝိုင်းပြီးဖမ်းပေးထားတာလည်း တွေ့ခဲ့ရပါတယ်) ဝိုင်း၀န်းစောင့်ရှောက်သူတွေကို အားလုံးရဲ့ကိုယ်စား အထူးကျေးဇူးတင်ပါတယ်။ Shwe Sanpin SayarTaw မှ မျှဝေထားပါတယ် ==== ကျွန်မတို့ နိုင်ငံရဲ့ အစားထိုးဖို့ ခက်တဲ့ ကြီးကြီးမားမား ဆုံးရှုံးနစ်နာမှုတွေထဲက တစ်ခုပါ။ အာဆီယံအမွေအနှစ် စာရင်းဝင်တဲ့ ဘေးမဲ့တောထဲက နှစ်ရာချီရှိပြီ ဖြစ်တဲ့ ပိတောက်ပင်တွေလည်း အခုတ်ခံလိုက်ရပြီဆိုတာ သိခဲ့ရပါတယ်။ ဒီနွေဦးတော်လှန်ရေး ပြီးသွားတဲ့အခါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး လုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို တတ်သိနားလည်တဲ့သူတွေအားလုံး စုပေါင်းပြီး ပြန်လည်ထိန်းသိမ်းကြရမှာက ဦးစားပေးလုပ်ငန်း တစ်ခုဖြစ်လာပါတယ်။ နောက်မျိုးဆက် တွေကို ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံရဲ့ သယံဇာတတွေ၊ အမွေအနှစ်တွေကို ဖျက်ဆီး၊ ရောင်းချတတ်တဲ့ စိတ်တွေလည်း ကျွန်မတို့ မျိုးဆက်မှာ အမြစ်ဖြတ်ရမှာက သမိုင်းပေးတာဝန်တစ်ခု ဖြစ်လာခဲ့ပါပြီ။ ခေတ်ဆိုးအမွေဆိုးတွေ လက်ဆင့်မကမ်းနိုင်အောင် ဝိုင်းဝန်းတားဆီးကြရအောင်ပါနော်။ Credit: