
မန္တလေးမှာ မနေ့ညက စစ်တပ်နဲ့ရဲက ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးသွား ~~~~~~ ■ မန္တလေးမြို့ ၃၆ လမ်း ၃၈ လမ်းကြား ၈၆ လမ်း ၈၇ ကြား လမ်း ရှမ်းဝိုင်းရပ်ကွက်ကို မနေ့ည ၁၂ နာရီကျော်လောက်မှာ စစ်တပ်နဲ့ ရဲ တပ်ဖွဲ့၀င်တွေ ရောက်လာပြီး နေအိမ်တွေကို သေနတ်တွေပစ်ဖောက်၊ လေးဂွတွေ ရာဘာကျည်တွေနဲ့ ပစ်ပြီး ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဖျက်စီးသူတွေဟာ နောက်ထပ်လည်း မီးရှို့အုံးမှာဖြစ်ကြောင်း သံပုံးတီး၊ သီချင်းဆိုရင်လည်း နောက်ထပ်လာအုံးမှာဖြစ်ကြောင်း ပြောဆိုသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကင်းသမားတွေကို လိုက်လံဖမ်းဆီးတာတွေရှိပေမယ့် ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ Credit: