
ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေသောကြောင့် တရုတ်နိုင်ငံဘက်မှ ကြက်သွန် အဝယ်ရပ်လိုက်သဖြင့် ဈေးအဆမတန် ထိုးကျပြီး တောင်သူနှင့်ကုန်သည်များ အရှုံးပေါ် ======================================================= လက်ရှိဖြစ်ပွားနေသော COVID -19 ကပ်ရောဂါကြောင့် တရုတ်နိုင်ငံဘက်မှ အဝယ်ရပ်လိုက်သဖြင့် မြန်မာနိုင်ငံထွက် ကြက်သွန်ဈေး အဆမတန်ထိုးကျခဲ့ပြီး တောင်သူနှင့်ကုန်သန်များ အရှုံးပေါ်ကာ အထိနာခဲ့ကြကြောင်း မန္တလေးမြို့ ကြက် သွန်ဈေးကွက်အတွင်းမှ သိရသည်။ "ကြက်သွန်က ပြည်တွင်းစားသုံးမှုအပြင် တရုတ်ကုန်သည်တွေလည်း အဝယ်များတယ်၊ ဒီနှစ် ကုန် သည်တွေကလည်း ပို့ တာများတော့ နယ်စပ်ကုန်သွယ်ရေးမှာ ကုန်တွေက တအားများနေတယ်၊ အဲဒီမှာ တရုတ်ဘက်က ဈေးချဝယ်တဲ့အပြင် အခုဆိုရင် အဝယ်ရပ်လိုက်တော့ အရှုံးပေါ်ကုန်တာပဲ၊ ကြက်သွန်ပေါ်ချိန်ဆိုတော့ တောင်သူတွေမှန်းထားတဲ့ ဈေးအောက် ရောက်ကုန်တော့ တောင်သူတွေ လည်း ကြက်သွန်ဖော်တာတွေ ရပ်ပစ်လိုက်ကြတယ်ဟု မန္တလေးမြို့ခံ ကြက်သွန်ကုန် သည် ဦးဝင်းနိုင်ထွန်းက ပြောသည်။ ထိုသို့ ဖြစ်ပေါ်ရခြင်းမှာ ယခုနှစ်တွင် ကြက်သွန်စိုက်အား များပြားပြီး ကြက်သွန်ထွက် ရာသီချိန်နှင့် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ကန့်သတ်တားမြစ်ချက်များအရ တင်ပို့နိုင်မှု လျော့ကျသွားမှုကြောင့် ဖြစ်ကြောင်း သိရသည်။ ဒီနှစ်က စိုက်အားလည်း များတယ်လေ၊ အဲဒီလိုအချိန်မှာ ကပ်ရောဂါဖြစ်လာတော့ ကန့်သတ်ချက် တွေ ရှိလာတာကြောင့် ပိုဆိုးသွားတာပေါ့၊ အထွက်နှုန်းက မနှစ်က ကုန်ချိန်တစ်သိန်း ထွက်ရင် ဒီနှစ် ရှစ်သိန်းလောက်ထွက်တယ်၊ အဲဒီလောက်ထိ ကို ထွက်နှုန်းက ကွာတယ်၊ပိုဆိုးစေတာကတော့ တရုတ် ဝယ်လက်တွေကလည်း အဝယ်ရပ်လိုက်တော့ တောင်သူတွေရော၊ ကုန်သည်တွေရော အထိနာကုန် ကြရတာပါပဲဟု မြစ်သားမြို့နယ်မှ ကြက်သွန်စိုက်တောင်သူ ဦးထွန်းဝေက ပြောသည်။ မန္တလေးနှင့် အထက်မြန်မာပြည်၏ စားသုံးမှုလိုအပ်ချက်အရ ကြက်သွန်ကို မြစ်သား၊ မိတ္ထီလာ၊ ပျော် ဘွယ်၊ ရမည်းသင်း၊ ကျောက်ဆည်၊ နွားထိုးကြီး၊ မြင်းခြံ၊ စဉ့်ကိုင်၊ တောင်သာ စသည့် ဒေသများမှ အများဆုံး စိုက်ပျိုးကြပြီး ထွက်ရှိသမျှ ကြက်သွန်များကို မန္တလေးမြို့ သီရိမာလာလက် ကားဈေးနှင့် ပြည်ပဝယ်လက်များဖြင့် ချိတ်ဆက် ရောင်းဝယ်ကြကြောင်း သိရသည်။ စိုက်အားလည်း များတဲ့နှစ်ဖြစ်တော့ သီးနှံအထွက်နှုန်းကလည်း များတယ်၊ အဲဒီလိုအချိန်မှ အရောင်း အဝယ်မဖြစ်ကြတော့ အားလုံး အထိနာကုန်ရတာပါပဲ၊ လက်ရှိက တောင်သူတွေ ရှုံးတယ်၊ ပြီးရင် ကျွန် တော်တို့ပါ ဆက်ရှုံးတယ်၊ ဒါကြောင့် တောင် သူထိခိုက်ရင် ပွဲရုံတွေ၊ ကုန်သည်တွေပါ ထိခိုက် တယ်၊ အဲဒီရဲ့နောက်ဆက်တွဲကတော့ စားသုံးသူပါ ဆက်ပြီ ထိခိုက်တယ်၊ ဒီနှစ် အခုလိုဖြစ်တော့ စားသုံးသူ အတွက် ဈေးချိုတယ်၊ နောက်နှစ်ကျရင် စားသုံးသူအတွက် ဈေးပိုကြီးလာမယ်ဟု သီရိမာ လာဈေးမှ ကျော်ထီလာကြက်သွန်ပွဲရုံပိုင်ရှင် ကိုကျော်ဌေးက ပြောသည်။ ကြက်သွန်ဈေးနှုန်းများအနေဖြင့် ယခင်နှစ် ကြက်သွန်ပေါ်စအချိန်တွင် တစ်ပိသာ ကျပ် ၈၀၀ အနည်း ဆုံးရရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်ပိသာ ကျပ် ၄၀၀ အောက် ထိုးကျသွားခဲ့ခြင်းဟု သိရသည်။ ယခင်နှစ်များက မိုးကြက်သွန်များ စတင်ပေါ်သည့် ဒီဇင်ဘာလပိုင်းတွင် ကြက်သွန်တစ်ပိဿာ ၅၀၀ ကျပ်အထက် ဈေးရရှိခဲ့ ပြီး မန္တလေး၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေးကုန်စည်ဒိုင်များသို့ နေ့စဉ် ကြက်သွန် ပိသာချိန် ၄ သိန်းကျော်ထိ ဝင်ရောက်လေ့ရှိကာ ယခုနှစ်တွင် ကြက်သွန်းဈေးနှုန်းများ သိသိသာသာ ကျဆင်းခဲ့သဖြင့် ဝင်ရောက်မှု လျော့နည်းကြောင်း သိရသည်။ ယခုအခါ ကြက်သွန်ပေါ်ချိန်ရာသီဖြစ်သောကြောင့် ကြက်သွန်စိုက်တောင်သူများအနေဖြင့် ကြက် သွန်တူးဖော်မှုများကို ဖေဖော်ဝါရီလအတွင်း မဖြစ်မနေလုပ်ကြရတော့မည်ဖြစ်ပြီး ဖြစ်ပေါ်နေသည့် ဈေးကွက်အတိုင်းရောင်းချရဖွယ်ရှိနေကြောင်း သိရသည်။ ဇန်နဝါရီလ ၁၉ ရက်၏ ကြက်သွန် ဈေးနှုန်းများမှာ အကြမ်းစ တောဈေး (တောင်သူဈေး) တစ် ပိဿာလျှင် ထိပ်စ ၃၀၀ ကျပ်၊ အောက်စ ၂၀၀ ကျပ်၊ မြစ်သားကြက်သွန် တောဈေး (တောင်သူဈေး) တစ်ပိဿာလျှင် ၃၆၀ ကျပ်ဈေးရှိပြီး မန္တလေးဈေးကွက်တွင် ရွှေဘိုကြက်သွန် ထိပ်စ ၃၅၀ ကျပ်၊ အောက်စ ၂၅၀ ကျပ်၊ မြစ်သားကြက်သွန် ထိပ်စ ၄၀၀ ကျပ်၊ အောက်စ ၃၅၀ ကျပ်ဈေးရှိကြောင်း သိရသည်။ နိုင်ထူး Credit