No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြင်းခြံမြို့တွင် ပြုလုပ်ခဲ့သည့် တပ်မတော် ထောက်ခံပွဲ ဦးဆောင်သူ ၃ ဦးအား ငြိမ်းစုစီ ဥပဒေအပြင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ့မှုဥပဒေများဖြင့်ပါ အမှုဖွင့် ===================================================== မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊မြင်းခြံမြို့တွင် ဇန်နဝါရီလ ၁၆ ရက်ကပြုလုပ်ခဲ့သည့် တပ်မတော် ထောက်ခံပွဲ ဦးဆောင်သူ ၃ ဦးအား ငြိမ်းစုစီ ဥပဒေအပြင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ့မှုဥပဒေ များဖြင့်ပါ အမှုဖွင့်လှစ်ထားကြောင်း မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။ အမှုဖွင့်လှစ်ခံရသူများမှာ တပ်မတော် ထောက်ခံပွဲ ဦးဆောင်သူများဖြစ်သည့် ဒေါ်သီတာယုမွန်၊ ဦးအေးနိုင်၊ ဦးကျော်ဇေဦး တို့ဖြစ်ကြောင်း သိရသည်။ ခွင့်ပြုမိန့် တင်တာမှန်တယ်၊ ကိုဗစ်သတ်မှတ်ချက် ခွင့်ပြု လူဦးရေ ၃၀ ထက်ပိုတယ်၊ ဒါကြောင့် ငြိမ်းစု စီဥပဒေပုဒ်မ ၂၀ နဲ့အမှုဖွင့်တယ်၊ပြီးတော့ ကိုဗစ်ကပ်ရောဂါကာလ လူ ၃၀ ထက်မပိုရဆိုတဲ့ စည်းကမ်း ချက်ကိုလည်း ဖောက်ဖျက်လို့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲ့မှု ဥပဒေနဲ့အရေးယူတာပါ၊ ကျွန်တော် တို့က ဥပဒေပြဋ္ဌာန်းထားတဲ့အတိုင်း ဆောင်ရွက်တာဖြစ်ပါ တယ်ဟု မြင်းခြံမြို့နယ်အ ထွေထွေအုပ် ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှုး ဦးညီညီအောင်က ပြောသည်။ မြင်းခြံမြို့တွင် ဇန်နဝါရီလ ၁၆ ရက်က ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တပ်မတော်က သတင်းထုတ် ပြန်နေမှုများအပေါ် ထောက်ခံကြောင်းနှင့် ရွေးကောက်ပွဲတရားမျှတမှု လိုလားကြောင်း ဆန္ဒထုတ်ဖော် ခဲ့ရာတွင် ခွင့်ပြုချက်ထက် လူဦးရေကျော်လွန်နေသဖြင့် မြင်းခြံမြို့မရဲစခန်းတွင် ငြိမ်းစုစီဥပဒေ ၂၀ ဖြင့် ကနဦး အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်အပြင် ဇန်နဝါရီလ ၂၀ ရက်ကလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅/၃၀ ဖြင့် မြင်းခြံမြို့မရဲစခန်းတွင် ထပ်မံအမှုဖွင့်လှစ်ခဲ့ခြင်းကြောင့် ဦးဆောင်သူ သုံးဦးမှာ မြင်းခြံ မြို့မရဲစခန်းသို့ သွားရောက် အဖမ်းခံ ခဲ့ကြောင်း သိရသည်။ ကျွန်မတို့က ဆန္ဒဖော်ထုတ်ပွဲလုပ်ဖို့ ငြိမ်းစုစီ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ကြတာပါ၊ မြို့နယ်ရဲ့ ခွင့်ပြု ချက်အရ လုပ်ခဲ့တာပါ၊ ဆန္ဒဖော်ထုတ်တဲ့ အခါမှာလည်း ခွင့်ပြုထားတဲ့လူ ၃၀ ထက်မပိုခဲ့ပါဘူး၊ ကျွန်မ တို့ ဆန္ဒဖော်ထုတ်တာကို အားပေး ကြည့်ရှုတဲ့သူတွေက ကျွန်မတို့နဲ့ မဆိုင်ဘူးလေ၊ ဒါကို သဘာ၀ ဘေးစီမံပုဒ်မတွေနဲ့ တရားစွဲဆိုတာဟာ တရားမျှတမှု လုံး၀ မရှိဘူး၊ တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ် ရောက်နေပြီလဲ မေးရမလို ဖြစ်နေပြီဟု ဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေါ်သီတာ ယုမွန်က ပြောသည်။ ယခုအခါ တပ်မတော်ထောက်ခံပွဲများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည့်အပြင် တရားစွဲဆိုခံထား ရသူများ၊ ဖမ်းဆီးခံထားရသူ များလည်း ရှိကြောင်း သိရသည်။ ကျွန်တော်ကတော့ ဥပဒေနဲ့အညီဆောင်ရွက်ပေးသွားမှာပါ၊ သူတို့က ဥပဒေနဲ့အညီစာတင်တယ်၊ ခွင့်ပြုတဲ့အတိုင်းပဲ ခွင့်ပြု တဲ့နေရာမှာ ၂၇ ဦးနဲ့ပဲ လုပ်တာကို ဘေးလူတွေကိုပါ (အရေအတွက်) ထည့်ပြီးတရားစွဲတဲ့ အနေအထားဖြစ်နေပါတယ်ဟု တရားစွဲဆိုခံထားရသူများဘက်မှ အကျိုးဆောင် အဖြစ် လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးတိုက်ကြည်က ပြောသည်။ နိုင်ထူး Credit