No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"မုံရွာတွင် အာဏာရှင်ယန္တရားရပ်တန့်စေရန် ရုံးဌာနခုနစ်ခုကို မြို့လူထုကချိပ်ပိတ်" မုံရွာမြို့ရှိ ရုံးဌာနခုနစ်ခု အား အာဏာရှင်ယန္တရားမလည် ပတ်နိုင်ရန် မြို့လူထုက ချိပ်ပိတ် ကြောင်း စာများ ယမန်နေ့ကချိတ် ဆွဲခဲ့သည်။ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ပိုင်းက မုံရွာမြို့တွင် အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ကြ သည့် သောင်းနှင့်ချီသော လူအုပ် ကြီးသည် မြန်မာ့စီးပွားရေးဘဏ် (မုံရွာ)၊ စစ်ကိုင်းတိုင်းပညာရေး မှူးရုံး၊ စစ်ကိုင်းတိုင်း လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာနရုံး၊ စစ်ကိုင်းတိုင်းစီမံကိန်းဦးစီးမှူးရုံး၊ စစ်ကိုင်းတိုင်းစာရင်း စစ်ရုံး၊ မြို့နယ်စုပေါင်းရုံး၊ မုံရွာ တက္ကသိုလ် စသည့်ရုံးဌာန ခုနစ်ခု တွင် အာဏာရှင်ယန္တရားရပ် တန့်ရေးအတွက် မြို့နေလူထု၏ သဘောထားဆန္ဒအရ ဤရုံးအ ဆောက်အအုံအား ချိပ်ပိတ်လိုက် သည်ဟုစာတန်းပါရှိသော ဗီနိုင်း ကို ချိတ်ဆွဲခဲ့သည်။ ‘‘ဌာနတွေ ချိပ်ပိတ်တယ်ဆို တာက မြို့ခံလူထုရဲ့ သဘော ထားနဲ့ လုပ်တာ။ အဓိကဝန်ထမ်း တွေကို ရုံးမတက်ဘဲ အာဏာရှင် တွေကို ဆန့်ကျင်ကန့်ကွက်ပြီး တော့ လူထုသပိတ်တိုက်ပွဲမှာ ပူး ပေါင်းပါဝင်လာအောင် မြို့လူ ထုကတွန်းအားပေးတာပါ။ Civil Disobedience Movement (CDM) လှုပ်ရှားမှုမှာ ပါဝင်လာ အောင် လုပ်တာပါ’’ ဟု မုံရွာမြို့ လူထုသပိတ်ဦးဆောင်ကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ Credit: