နာတာရှည် ဒူးနာရောဂါ ဘယ်နမျိုးရှိသလဲ။ များသောအသက်ကြီးလာသည်နှင့် အမျှ ခါးနာခြင်း၊ ဒူးနာခြင်း၊ အဆစ်အမြစ်နာခြင်း စသည်တို့ တစ်ခုခု အမြဲတမ်း ခံစားရလေ့ရှိပါသည်။ နာတာရှည် အဆစ်အမြစ်နာခြင်းများသည် များသောအားဖြင့် တိကျသော ကုသမှု မခံယူပါက အလိုလို ကောင်းမွန်နိုင်ခြေ အလွန်နည်းပြီး နေ့တဓူဝ အမြဲ ဒုက္ခပေးသော နာကျင်မှုများ ပေးသော ရောဂါဖြစ်ပါသည်။ ထိုအပြင် နာတာရှည် ဒူးနာရောဂါများသော ဖြစ်စေသော အကြောင်းအရင်းများစွာ ရှိပြီး ဖြစ်စေသော အကြောင်းအရင်းများအား တိတိကျကျ ထိရောက်စွာ ကုသမှသာ ပျောက်ကင်းနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် နာတာရှည် ဒူးနာ ရောဂါဖြစ်စေသော အကြောင်းအရင်းများအား အောက်တွင် ယခုအပတ် ကျန်းမာရေး ဗဟုသုတ အနေဖြင့် ဖော်ပြလိုက်ရပါသည်။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ပေးခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီဖြစ်ပါသည်။ နာတာရှည် ဒူးနာရောဂါဖြစ်စေသော အကြောင်းအရင်းများ ၁။OA ဟု အတိုကောက်ခေါ်ကြသော Osteoarthritis ဟုခေါ်သော နာတာရှည် အရိုးအဆစ်ရောင်သော ရောဂါ Osteoarthritis(OA) ဟုခေါ်သော နာတာရှည် အရိုးအဆစ်ရောင်သော ရောဂါသည် အရိုးအဆစ်ရောင် ရောဂါများ တွင် အဖြစ်အများဆုံးသော အဆစ်အမြစ်ရောင်ရောဂါ ဖြစ်ပါသည်။ အသက်ကြီးသော မိဘပြည်သူများတွင် အဆစ်အမြစ်နာစေသော အဓိကအကြောင်းအရင်း ဖြစ်ပါသည်။ အသက် ၆၀ ကျော်လာသော မိဘပြည်သူများတွင် ၄ ယောက်လျှင် တစ်ယောက် သည် OA ကြောင့် ရောဂါ လက္ခဏာများ ခံစားနေရသည် အထိ အဖြစ်များသော အဆစ်အမြစ်ရောင် ရောဂါ ဖြစ်ပါသည်။
OA သည် တစ်နည်းအားဖြင့် အသက်ကြီးလာသည့်အခါတွင် ဖြစ်ပေါ်တတ်သော အရိုးကျီးပေါင်း၊ ခါးကျီးပေါင်းများနှင့် အလားတူပါသည်။ အသေးစိတ်ရှင်းပြရလျှင် ဒူးခေါင်းတွင် ရှိသော အရွတ် (Cartiliage) သည် တဖြည်းဖြည်းဖြင့် လှှုပ်ရှားမှုများ၊ အသက်ကြီးခြင်းကြောင့် ပျက်စီးလာပြီး အရွတ် တဖြည်းဖြည်းပါးလာပါသည်။ ထိုကဲ့သို့ ပါးလာသည့်အခါတွင် အရွတ်များနောက်ဆုံး လုံးဝပျက်စီးသွားပြီး အရိုးများ အချင်းချင်း ပွတ်တိုက်ခြင်းများ ဖြစ်ပေါ်ကာ အရိုးအတက်များ ထွက်လာသည့်အတွက် ထိုအတက်များမှ တဆင့် နာကျင်ခြင်းများ ခံစားရခြင်းဖြစ်ပါသည်။ OA အရိုးအဆစ်ရောင်ရောဂါသည် လှုပ်ရှားသည့်အခါတွင် ပိုမိုနာကျင်လေ့ရှိပါသည်။ အထိုင်များသော လူနာများတွင် OA ရှိသော အခါတွင် ဒူးခေါင်းတောင့်နေပြီး ထိုင်ရာမှ ထမရပဲ အလွန်အမင်းနာကျင်ခြင်း များ ဖြစ်ပေါ်စေတတ်ပါသည်။ လှေကား အတက်အဆင်းတွင် ပိုမို နာကျင်လေ့ရှိပါသည်။ ၂။Rheumatoid Arthritis (RA) ဟုခေါ်သော လေးဘက်နာရောဂါ RA ရောဂါ ကြောင့် အဆစ်အမြစ်ရောင်သည့်အခါတွင် ဒူးခေါင်းတစ်ခုထဲ နာကျင်ခြင်းမျိုးမဟုတ်ပဲ အခြားသော ခန္ဓာကိုယ် အဆစ်များပါရောင်ရမ်းခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ RA သည် ခန္ဓာကိုယ်အတွင်းမှ ခုခံအား စနစ်သည် မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ အဆစ်များသို့ မှားယွင်းတိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်သော အဆစ်အမြစ်များ ရောင်ရမ်းခြင်းဖြစ်ပါသည်။ ထို့ကြောင့် RA ဖြစ်ပေါ်သော အဆစ်အမြစ်ရောင်ခြင်းသည် အဆစ်တစ်ခုတည်း ရောင်ရမ်းခြင်းမျိုးမဟုတ်ပဲ အခြားသော အဆစ်များပါရောင် ရမ်းတတ်ပါသည်။ များသော အားဖြင့် အဆစ် ၃ ခု ၊ ၄ ခု အထက် ရောင်ရမ်းတတ်ပါသည်။ နံနက်မိုးလင်းသည့်အခါတွင် အဆစ်များ ခိုင်နေပြီး တစ်နာရီကြာတော့မှ ပုံမှန် အတိုင်းပြန်လည်လှုပ်ရှား၍ ရတတ်ပါသည်။
၃။Gout (ဂေါက်ရောဂါကြောင့် အဆစ်အမြစ်များရောင်ခြင်း) ဂေါက်ရောဂါသည် လူအများသိရှိသည့်အတိုင်း သွေးထဲတွင် Uric Acid များခြင်းကြောင့် Uric Acid crystal များသည် ဒူးခေါင်း၊ ခြေမ အစရှိသော အဆစ်များတွင် သွားရောက်စုပုံပြီး အဆစ်အမြစ်များ ရောင်ရမ်းခြင်းများ ဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ လူတိုင်းတွင် Uric Acid များခြင်းမဖြစ်ပဲ အချို့သော လူများတွင် မွေးရာပါ Uric Acid ကျောက်ကပ်မှ စွန့်ထုတ်ခြင်းအားနည်းခြင်းကြောင့် ဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ Gout ရောဂါ ကြောင့် အဆစ်အမြစ်နာသော လူနာများတွင် အစားအသောက်များသော အခါတွင် လည်းကောင်း၊ Uric Acid များသော ဝမ်းတွင်းကလီစာ အစရှိသော အစာများ စားတာ များသွားလျှင် သော်လည်းကောင်း ရုတ်တရက် အလွန်အမင်းနာကျင်၍ အိပ်မရအောင်ပင် ဆိုးရွားစွာ ခံစားရတတ်ပါသည်။ ၄။ဒူးခေါင်းအတွင်းရှိ အရည်အိတ်ရောင်ခြင်း (Bursitis) ဒူးခေါင်းအား အသုံးများသော မိဘပြည်သူများတွင် ဖြစ်တတ်သော ဒူးဆင်ရောင်ခြင်းဖြစ်ပါသည်။ ထိမိခိုက်မိ၍ သော်လည်းကောင်း ကြာရှည်ရပ်ပြီး အလုပ်လုပ်ရသော လူနာများတွင် လည်းကောင်း ဒူးခေါင်းအတွင်းရှိ အရည်အိတ်လေး ရောင်ရမ်းခြင်းကြောင့် နာကျင်ခြင်းဖြစ်ပါသည်။ ထို့အပြင် ခန္ဓာကိုယ်အလေးချိန်များသော၊ အဝလွန်သော မိဘပြည်သူများတွင် ခန္ဓာကိုယ် အလေးချိန်များခြင်းကြောင့်လည်း အဖြစ်များပါသည်။ ၅။ဒူးဆစ်အတွင်း ပိုးဝင်ပြီး အဆစ်ရောင်ခြင်း (Infectious Arthritis) အချို့သော ခန္ဓာကိုယ်အတွင်း ရောဂါပိုးဝင်ခြင်းကြောင့် ဖျားနာနေသော လူနာများတွင် သွေးတွင်းမှ ရောဂါပိုးသည် အဆစ်များသို့ရောက်ရှိပြီး အဆစ်ရောင်ခြင်းများဖြစ်ပေါ်တတ်ပါသည်။ ၆။အရွတ်ရောင်ခြင်း (Tendonitis) များသောအားဖြင့် လှုပ်ရှားမှုများသော မိဘပြည်သူများတွင် ဒူးခေါင်းတွင် ရှိသော အရွတ်များ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ရောင်သည့်အခါတွင် လှုပ်ရှားသည့်အခါတွင် ပိုမိုနာကျင်ခြင်းဖြစ်ပေါ် တတ်ပါသည်။ အထက်တွင် ဖော်ပြထားသော ဒူးနာရောဂါများသည် အဖြစ်များသော ဒူးနာရောဂါများအား ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဒူးနာအမျိုးအစား အပေါ်မူတည်၍ ကုသမှုသည် တစ်ခုနှင့်တစ်ခု မတူညီပေ။ နာတာရှည် ဒူးနာရောဂါများဖြစ်သည့် အတွက် အနာနှင့် ဆေးတည့်မှသာ ပျောက်ကင်းမည်ဖြစ်ပါသည်။ ဖြစ်ပေါ်နေသော ဒူးနာ အမျိုးအစားနှင့် ကုသမှုသည် တစ်ထပ်ထဲ ကျမှသာ သက်သာပျောက်ကင်းမည်ဖြစ်ပါသည်။ ထို့အပြင် အချို့သော အနာသက်သာသော ဆေးများသည် ကျောက်ကပ်အား ထိခိုက်ပျက်စီးစေသောကြောင့် နာတာရှည် အဆစ်အမြစ်ရောင် ရောဂါအား တတ်ကျွမ်းသော အရိုး၊ အကြော၊ အဆစ်အထူးကု ဆရာဝန်ကြီးများနှင့် ပြသဆွေးနွေးတိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါသည်။
ဒူးနာရောဂါအား သက်သာစေရန်အတွက် ဆောင်ရန် ရှောင်ရန်များ ၁။ဒူးနာခြင်းဖြစ်စေသော Osteoarthritis ဟုခေါ်သော နာတာရှည် အရိုးအဆစ်ရောင်သော ရောဂါသည် ကိုယ်အလေးချိန်များသော အခါတွင် ဒူးအား ပို၍ ဒဏ်ဖြစ်စေပြီး OA အား ပို၍ ဆိုးရွားစေခြင်းမျိုး ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ဒူးနာခြင်းသည် ကိုယ်အလေးချိန်ကျလာသည်နှင့် အမျှ ဒူးခေါင်းဒဏ်ဖြစ်ခြင်းအား ပိုမိုသက်သာလာစေသဖြင့် အရိုးအတက်ထွက်ခြင်း၊ အရိုးနုပါးခြင်းအား လျော့နည်းစေကာ နာကျင်ခြင်းပို၍ သက်သာလာစေပါသည်။ ၂။အထက်တွင် ဖော်ပြထားသော ဒူးနာရောဂါအား လိုက်၍ လုပ်ဆောင်ရသော လေ့ကျင့်ခန်းများရှိပါသည်။ ဒူးနာခြင်းဖြစ်စေသော အကြောင်းအရင်းများအပေါ်လိုြက်ပီး လေ့ကျင့်ခန်းများလုပ်ရခြင်း များသည် မတူပဲ ကွဲပြားသည့်အပြင် လူနာတစ်ယောက်နှင့် တစ်ယောက် ရောဂါအနေအထား အပေါ်မူတည်၍ လုပ်ဆောင်ရသည့် အတွက် အရိုးအကြောအဆစ် အထူးကုမှ ညွှန်ကြားသော ဒူးလေ့ကျင့်ခန်းများအား ပြုလုပ်ခြင်းအားဖြင့် ဒူးနာသက်သာစေပါသည်။ ၃။အထက်တွင် ဖော်ပြထားသော ဒူးနာခြင်းအား ဖြစ်စေသည့် ရောဂါအား ကုသခြင်းများ ခံယူရမည်ဖြစ်ပါသည်။ ဥပမာ Gout ရောဂါကြောင့်ဖြစ်လျှင် Uric Acid ကျစေသော ဆေးအား သောက်သုံးခြင်း ပြုမှသာ အဆစ်ရောင်ခြင်း သက်သာမည်ဖြစ်ပါသည်။ ၄။အကိုက်အခဲအား သက်သာစေသော ဆေးများအား အရိုးအကြောအဆစ် အထူးကု ဆရာဝန်ကြီးမှ ညွှန်ကြားသည့် အတိုင်းသောက်သုံးနိုင်ပါသည်။ သို့သော်လည်း အကိုက်အခဲပျောက်ဆေးများ သည် ကျောက်ကပ်အား ထိစေသောကြောင့် အထူးကု ဆရာဝန်ကြီးမှ ညွှန်ကြားသည့် အတိုင်းသာ သောက်သုံးသင့်ပြီး မိမိကိုယ်မိမိ အကိုက်အခဲများ သောက်သုံးခြင်းများမှ ရှောင်ကျဉ်သင့်ပါသည်။ ၅။ဒူးခေါင်းရောင်နေသည့်အခါတွင် အလွန်အမင်း အားစိုက်ရသော လှုပ်ရှားမှုများအား မပြုလုပ်ပဲ ရှောင်ရှားသင့်ပါသည်။ ဒူးခေါင်းအား ဒဏ်ဖြစ်စေသော လေ့ကျင့်ခန်းများဖြစ်သော လမ်းမြန်မြန်လျှောက်ခြင်း၊ ပြေးခြင်း၊ အထိုင်အထပြုလုပ်ခြင်း၊ ဆောင့်ကြောင့်ထိုင်ခြင်းများအား ရှောင်ရှားသင့်ပါသည်။
Family Doctor အထူးကုဆေးခန်းတွင် ဒူးနာခြင်းအပြင် အခြားသော အရိုးအဆစ်နာကျင်ခြင်းများ ဖြစ်သော ခါးနာခြင်း၊ လည်ပင်းကျီးပေါင်းတက်ခြင်း၊ တင်ပဆုံကိုက်ခြင်း အစရှိသော နာကျင်ခြင်းများ ခံစားနေရသော မိဘပြည်သူများအတွက် ဈေးနှုန်း သက်သာသော အရိုးကျီးပေါင်း Package အား စီစဉ်ထားရှိပါသည်။ ထို အရိုးကျီးပေါင်း Package တွင် ပါဝင်သော ဝန်ဆောင်မှုများမှာ ၁။မိမိခံစားနေရသော ခန္ဓာကိုယ် အစိတ်အပိုင်းအား X Ray ဓာတ်မှန် ရိုက်ကူးခြင်း။ (ဓာတ်မှန် ၂ ပုံ ရိုက်ကူးခ ပါဝင်မည်ဖြစ်ပါသည်)။ ၂။အရိုး၊ အကြော၊အဆစ် အထူးကုသမားတော် နှင့် ဆွေးနွေးပြသ ကုသခြင်း (စမ်းသပ်ခ) ပါဝင်မည်ဖြစ်ပါသည်။ ၃။ဆေးခန်းဝန်ဆောင်ခ တို့ပါဝင်မည်ဖြစ်ပါသည်။ ထို အရိုးကျီးပေါင်း Package အား အပြီးအစီး ငွေကျပ် ၂၃၀၀၀ ကျပ် ဖြင့် အထူးချိုသာသော ဈေးနှုန်းဖြင့် ဆွေးနွေးပြသ ကုသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ X Ray ရိုက်ပြီးသော မိဘပြည်သူများ အနေဖြင့်လည်း အရိုးအထူးကုသမားတော်နှင့် Package မလုပ်ပဲ ပုံမှန် အတိုင်း ပြသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြသနိုင်သော အရိုး၊ အကြော၊ အဆစ်ရောဂါ အထူးကုဆရာဝန်ကြီးများ ၁။ဒေါက်တာစိုးစံ M.B.,B.S (Ygn), M.Med.Sc (Orthopedics) Dr.Med.Sc (Orthopedics) AO Trauma Regional Fellowship (Mumbai) Fellowship in Pediatric Orthopedics (Seoul) Travelling Fellowship in Paediatric Orthopedics (POSNA) ရန်ကုန်ပြည်သူ့ အရိုးအထူးကုဆေးရုံကြီး အင်္ဂါ၊ ကြာသပတေး ညနေ ၆ နာရီ။ တနင်္ဂနွေနေ့ နံနက် ၉ နာရီ။ ၂။ဒေါက်တာဇာခြည်ဝေလင်း M.B.,B.S, M.Med.Sc(Int. Med.), Dr.Med.Sc(Rheumatology), MRCP(UK), FRCP(Edin), FRCP(Glasg), Fellowship in Rheumatology (Singapore) အထွေထွေအထူးကုနှင့်အရိုးအကြောအဆစ်ရောဂါအတိုင်ပင်ခံသမားတော် အရိုးအကြောအဆစ်ဆေးပညာဌာန ရန်ကုန်ကုတင်(၅၀၀)အထူးကုဆေးရုံကြီး တနင်္လာ၊ဗုဒ္ဓဟူးနေ့ ၄ နာရီ။ စနေနေ့ ညနေ ၄ နာရီ။ ၃။ဒေါက်တာရှိန်မြင့်ဟန် M.B.,B.S (Ygn), M.Med.Sc (Orthopedics),Dr.Med.Sc(Ortho) ရန်ကုန်ပြည်သူ့ အရိုးအထူးကု ဆေးရုံကြီး နေ့စဉ် ညနေ ၅ နာရီ။ ၄။ဒေါက်တာ မျိုးမင်းကျော်မြင့် M.B.,B.S (Ygn), M.Med.Sc (Orthopedics) ရန်ကုန်ပြည်သူ့ အရိုးအထူးကု ဆေးရုံကြီး နေ့စဉ် ညနေ ၅ နာရီ။ အရိုး၊ အကြော၊အဆစ် အထူးကု သမားတော် နှင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404 သို့ ကြိုတင် Booking ယူနိုင်ပြီဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။
Family Doctor အထူးကုဆေးခန်း လိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့၊ အလုံမြို့နယ်ဖြစ်ပါသည်။ Medical Checkup အား ခန္ဓာကိုယ် အစိတ်အပိုင်း အစုံအလင် တစ်ခါတည်း ပြည့်ပြည့်စုံစုံ စစ်ဆေးလိုသော သူများအနဖြေင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။ Special Whole Body Promotion ကို ယခင်က အတိုင်း သက်တမ်းထပ်မံတိုးမြင့်ပေးထားပြီး ဈေးနှုန်းချိုသာစွာဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း September လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။
Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း September လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ နယ်မှ လာရောက်စစ်ဆေးသော မိဘပြည်သူများအတွက် အရေးကြီးပါက တစ်ရက်တည်း ပြီးစီးအောင် စစ်ဆေးနိုင်ရန် အတွက် စီစဉ်ထားပါသည်။ မနက်ပိုင်းသွေးဖောက်စစ်ဆေးပြီး ညနေပိုင်း တွင် အဖြေအပြည့်အစုံဖြင့် နှလုံးအထူးကုသမားတော်နှင့် နေ့ချင်းပြီး ပြသနိုင်ရန်အတွက်လည်း စီစဉ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၇၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။ Special Promotion for Old Customer ယခင်က Family Doctor အထူးကုဆေးခန်းတွင် Special Whole Body Package ပြုလုပ်ထားပြီး ၆ လ သို့မဟုတ် ၁ နှစ် ပြည့်၍ Special Whole Body Package ပြန်လည်စစ်ဆေးလိုပါက Special Promotion ပြုလုပ်ပေးထားပါသည်။ Special Whole Body Package Old Customer 1 person = 110,000 ကျပ် (ပုံမှန်ဈေး 135,000 ကျပ်) ဖြင့် ဈေးနှုန်း အထူးချိုသာစွာ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ယခင်က ပြုလုပ်ထားသော Special Whole Body အဖြေစာရွက် အား ပြုလုပ်သည့် နေ့တွင် ယူဆောင်လာရမည်ဖြစ်ပါသည်။ သို့မှသာ Special Promotion Discount ရရှိမည်ဖြစ်ပါသည်။ ပုံမှန်အတိုင်း Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။
သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။ OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။
Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၇၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ one and a half years ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။
