No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရဲနှင့် စစ်သား မိသားစုများ နာရေးကိစ္စ ကူညီမည်မဟုတ်၊ မအူပင် လူမှုရေးအသင်းများ ထုတ်ပြန် ဧရာဝတီ၊ မတ် ၄၊ ၂၀၂၁ ဆန္ဒဖော်ထုတ်နေသောသူများကို စစ်တပ်နှင့် ရဲက ပစ်ခတ်ရာ သေဆုံးသူမှာ ၅၀ ကျော် ရှိလာပြီဖြစ်သည့်အပြင် လူနာတင် ယာဉ်မောင်းများ အပေါ် အကြမ်းဖက်တိုက်ခိုက် သည့် လုပ်ရပ်ကြောင့် နိုင်ငံအတွက် နစ်နာစေသော လုပ်ရပ်များ ကျူးလွန်သူများအားလုံး၏ နာရေး ကိစ္စများနှင့် ပတ်သက်၍ မတ် ၃ ရက်မှစ၍ မအူပင်မြို့ရှိ လူမှုရေးအသင်းများမှ ကူညီဆောင်ရွက်ပေးတော့မည် မဟုတ်ကြောင်း အသိပေးကြေညာ လိုက်သည်။ "ထိရောက်တာပေါ့။ မနေ့ကပဲ ရဲမိသားစုဝင်တချို့ ငိုတောင်ငိုတယ်။ သူတို့ကို လူ့ပတ်ဝန်းကျင်က အြဉ် ခံရပါပြီဆိုပြီး။ CDM လုပ်တဲ့ဝန်းတွေကိုတော့ ကူညီပေးနေတယ်။ လက်ရှိ လစာပေးနေတာလည်း သိန်း ၂၀၀ နား ဖြစ်နေပြီ" ဟု အသင်းဝင်တဦးက ပြောသည်။ ယင်း အသိပေးကြေညာချက်ကို အသင်း ၁၄ သင်းက လက်မှတ်ရေးထိုး သဘောတူ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ Social Punishment တွင် အကျုံးဝင်သူများမှာ ရဲ၊ စစ်သားနှင့် မိသားစုဝင်များ၊ မိမိနှင့်မဆိုင်ဘဲ သတင်းပေး လုပ်ပေးနေသူများနှင့် မိသားစုဝင်များ၊ Non CDM ဝန်ထမ်းနှင့် မိသားစုဝင်များဟု ဖော်ပြထားသည်။ Credit: