ဘာကြောင့် မောတာလဲ။ နှလုံးကြောင့် မောတာလား။ အဆုတ်ကြောင့် မောတာလား။ ပြီးခဲ့သည့် အပတ်တွင် နှလုံးရောဂါတွင် အဖြစ်အများဆုံးသော ရောဂါလက္ခဏာဖြစ်သည့် ရင်ဘတ်အောင့်ခြင်း အကြောင်းအား ရေးသားခဲ့ပြီး ဖြစ်ပါသည်။ ယခုအပတ်တွင် ကျန်ရှိနေသေးသော နှလုံးရောဂါလက္ခဏာများ ဖြစ်ပေါ်ပုံ အသေးစိတ်အား ဆက်လက်ရေးသားဖော်ပြသွားမည်ဖြစ်ပါသည်။ နှလုံးရောဂါလက္ခဏာများ မည်သို့ဖြစ်ပေါ်သလဲ၊ နှလုံးရောဂါများ မည်သို့ ဖြစ်ပေါ်သလဲ ဆိုတာအား နားလည်ခြင်းအားဖြင့် မိမိခံစားနေရသော ရောဂါ လက္ခဏာသည် နှလုံးရောဂါကြောင့်ဖြစ်ခြင်း၊ မဖြစ်ခြင်း၊ အရေးကြီးခြင်း၊ မကြီးခြင်း စသည်တို့အား အသေးစိတ် နားလည်သိရှိမည်ဖြစ်ပြီး နှလုံးရောဂါ မဆိုးရွားခင် ပျောက်ကင်းအောင် ကြိုတင်ကုသမှုခံယူနိုင်အောင် ကျန်းမာရေးဗဟုသုတ အနေဖြင့် ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ်ပါဝင် နိုင်ပြီဖြစ်ပါသည်။ အဖြစ်များသော နှလုံးရောဂါလက္ခဏာများ သည် အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။ ၁။ရင်ဘတ်အောင့်ခြင်း (နှလုံးရောဂါတွင် အဖြစ်အများဆုံးသော ရောဂါလက္ခဏာဖြစ်ပါသည်)။ ၂။မောခြင်း၊ အသက်ရှူမဝခြင်း ၃။ရင်တုန်ခြင်း ၄။လှုပ်လှုပ်ရှားရှား လုပ်လျှင် မလုပ်နိုင်ပဲမောခြင်း၊ ရင်ဘတ်အောင့်ခြင်း (နားလိုက်လျှင် အနည်းငယ် သက်သာသွားခြင်း) ၅။စိတ်လှုပ်ရှားလျှင် နှလုံးခုန်အလွန်မြန်ပြီး မောခြင်း၊ ရင်ဘတ်အောင့်ခြင်း ၆။နှလုံးခုန် စည်းချက်မမှန်ခြင်း (တချက်ချက် ရင်ထဲတွင် ဟာခနဲ ဖြစ်သွားသလို ခံစားရခြင်း) ၇။မူးဝေခြင်း၊ မူးမေ့ခြင်း ၈။ရင်ဘတ်အောင့်သည့်အခါတွင် ချွေးစီးများပြန်ခြင်း၊ အန်ခြင်း၊ ရင်ပူခြင်း ၉။ဘယ်ဘက်လက်မောင်း၊ လည်ပင်း၊ အောင့်ခြင်း ၁၀။ခြေထောက်များ၊ မျက်နှာများ ဖောရောင်ခြင်း မှတ်ချက်။ ။သွေးတိုးရောဂါရှိသော သူများ၊ ဆီးချိုသွေးချိုရောဂါ ရှိသောသူများ၊ ဆေးလိပ်သောက်သော သူများသည် ရောဂါလက္ခဏာများ မပြသော်လည်း နှလုံးရောဂါ အဖြစ်များ၍ အထူးဂရုပြုသင့်သော လူနာများဖြစ်ပါသည်။ နှလုံးရောဂါကြောင့် မောခြင်း၊ အသက်ရှူ မဝခြင်း မောခြင်းသည် နှလုံးရောဂါတွင် ဒုတိယ အဖြစ်အများဆုံး ခံစားရသော ရောဂါ လက္ခဏာဖြစ်ပါသည်။ မောခြင်းသည် အလွယ်ပြောရလျှင် ခန္ဓာကိုယ်တွင် အောက်ဆီဂျင် လိုအပ်နေခြင်းအား ဖောြ်ပခြင်းဖြစ်ပါသည်။ ထို့ကြောင့် အရင်ဦးဆုံး ပုံမှန် လူတစ်ယောက် ခန္ဓာကိုယ်တွင် မည်ကဲ့သို့ အောက်ဆီဂျင် ရသလဲ ဆိုတာ ကို နားလည်အောင် ရှင်းပြပေးမည်ဖြစ်ပါသည်။ လူတစ်ယောက် အောက်ဆီဂျင် ရှိရန် အစိတ်အပိုင်း ၃ ခု သည် အရေးကြီးဆုံးဖြစ်ပါသည်။ ထို အစိတ်အပိုင်း ၃ ခုမှာ အဆုတ်၊ နှလုံး နှင့် သွေးတို့ ဖြစ်ပါသည်။ လူတစ်ယောက် သည် အသက်ရှူသည့်အခါတွင် လေသည် အဆုတ်အတွင်းသို့ ရောက်ရှိပြီး ပြည့်သွားသည် ဖြစ်ပါသည်။ ထို အဆုတ်အတွင်းသို့ ရောက်ရှိနေသော လေတွင်းရှိ အောက်ဆီဂျင်သည် အဆုတ်အတွင်းရှိ သွေးကြော အတွင်းသို့ စိမ့်ဝင်သွားသည် ဖြစ်ပါသည်။ ထို စိမ့်ဝင်သွားသော အောက်ဆီဂျင်အား သွေးကြော အတွင်းရှိ သွေးနီဥများမှ သိမ်းဆည်းထားသည် ဖြစ်ပါသည်။
ထိုကဲ့သို့ အောက်ဆီဂျင် ပါသော သွေးများအား နှလုံးမှ ညှစ်သည့်အခါတွင် ခန္ဓာကိုယ် တစ်ခုလုံးသို့ ရောက်ရှိသွားပြီး ခန္ဓာကိုယ် တစ်ခုလုံးမှ အောက်ဆီဂျင် ရရှိသည် ဖြစ်ပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်သည် အောက်ဆီဂျင်လိုအပ်နေသည့်အခါတွင် အဆုတ်နှင့် နှလုံးအား အောက်ဆီဂျင် ပိုရရှိအောင် ခိုင်းစေသည့်အတွက် အဆုတ်လေပိုရရန် အသက်ပိုရှူခြင်း၊ နှလုံးပိုခုန်ခြင်းဖြင့် ခန္ဓာကိုယ် လိုအပ်နေသော အောက်ဆီဂျင်အား ရရှိအောင်ကြိုးစားခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် လေ့ကျင့်ခန်းလုပ်သည့် အချိန်တွင် ခန္ဓာကိုယ်ရှိ ကြွက်သားများသည် အောက်ဆီဂျင် ပိုမို အသုံးပြုသောကြောင့် ပို၍ လိုအပ်သော အောက်ဆီဂျင် အတွက် အဆုတ်နှင့် နှလုံး ပိုမို အလုပ်လုပ်ခြင်းဖြင့် လိုအပ်သော အောက်ဆီဂျင်အား ဖြည့်တင်းပေးရသည့် အတွက် မောခြင်းဖြစ်ပါသည်။ သို့သော်လည်း လေ့ကျင့်ခန်း လုပ်သော သူ တစ်ယောက် လေ့ကျင့်ခန်း လုပ်နေစဉ် မောခြင်းသည် ပုံမှန် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပါသည်။ ပုံမှန် ဖြစ်ရိုးဖြစ်စဉ် ကြောင့် မောခြင်းမဟုတ်ပဲ နှလုံးရောဂါ၊ အဆုတ် ရောဂါ ကြောင့် မောခြင်းသည် အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။ အဆုတ်မကောင်းသည့်သူသည် အောက်ဆီဂျင်အား လေမှ သွေးကြောသို့ ရောက်အောင် ပို့ဆောင်နိုင်ခြင်းအားနည်းခြင်းကြောင့် ဖြစ်ပါသည်။ နှလုံးမကောင်းခြင်းကြောင့် မောခြင်းသည် အဓိကအားဖြင့် နှလုံးမညှစ်နိုင်ပဲ နှလုံးညှစ်အားကျခြင်းကြောင့် ဖြစ်ပါသည်။ နှလုံးညှစ်အား ကျသည့်အခါတွင် ခန္ဓာကိုယ်အတွင်းသို့ သွေးများရောက်အောင် မပို့ဆောင်နိုင်သောကြောင့် မောခြင်းဖြစ်ပါသည်။ အဆုတ်နှင့် နှလုံးကောင်းသော်လည်း သွေးအားနည်းခြင်းကြောင့် မောခြင်းသည် အောက်ဆီဂျင် သယ်ဆောင်သော သွေးနီဥများနည်းနေသည့်အတွက် ကြောင့် မောခြင်းဖြစ်ပါသည်။ အဆုတ်ကြောင့် မောခြင်းသည် များသောအားဖြင့် ရင်ကြပ်ရောဂါ ရှိသူဖြစ်ပြီး အဆုတ်နှင့် ပက်သက်သော ရောဂါလက္ခဏာများဖြစ်သော ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ အအေးမိခြင်း၊ ချောင်းဆိုးသွေးပါခြင်း စသော အဆုတ်နှင့် ပက်သက်သော ရောဂါလက္ခဏာတစ်ခုခု နှင့် တွဲ၍ ဖြစ်မည်ဖြစ်ပါသည်။ နှလုံးကြောင့် မောခြင်းသည် ထိုကဲ့သို့ အဆုတ်ကြောင့် ဖြစ်သော ရောဂါလက္ခဏာများနှင့် တွဲလေ့မရှိပဲ ယခင်က နှလုံးညှစ်အား နည်းစေသော နှလုံးရောဂါအခံများ ရှိနေတတ်ပါသည်။ ဥပမာ သွေးတိုးအချိန်ကြာမြင့်စွာ ရှိပြီး သွေးတိုးအား မကုသခြင်းကြောင့် နှလုံးကြီးကာ နှလုံးညှစ်အား ကျခြင်း၊ နှလုံးသွေးကြော ပိတ်ထားဖူးခြင်းကြောင့် နှလုံးကောင်းစွာအလုပ်မလုပ်နိုင်ပဲ ညှစ်အား ကျခြင်း၊ ခြေထောက်များဖောခြင်း စသည့် အခြားသော နှလုံးရောဂါလက္ခဏာများနှင့် တွဲနေတတ်သည်ဖြစ်ပါသည်။ နှလုံးကြောင့် မောခြင်းသည် အဓိကအားဖြင့် နှလုံးညှစ်အား ကျခြင်းကြောင့် ဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ Heart Failure ဟုခေါ်သော နှလုံးညှစ်အား ကျသော နှလုံးရောဂါသည် နှလုံးပျက်စီးခြင်း အချုပ်ဖြစ်ပါသည်။ နှလုံးရောဂါအများစုသည် နှလုံးရောဂါဖြစ်ပြီး နောက်ဆုံးတွင် နှလုံးညှစ်အားကျခြင်း Heart Failure ဖြင့် အဆုံးသတ်ခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ နှလုံးကြောင့် မောခြင်းများ ဖြစ်စေသော အဖြစ်များသော နှလုံးရောဂါများ အကြောင်းအား ဖော်ပြလိုက်ရပါသည်။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ်ပါဝင် နိုင်ပြီဖြစ်ပါသည်။ အဖြစ်များ နှလုံးရောဂါများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။ ၁။နှလုံးခုန် အလွန်မြန်ခြင်း။ ၂။နှလုံး စည်းချက်မမှန်ခြင်း။ ၃။နှလုံးသွေးကြောကျဉ်းခြင်း။ ၄။နှလုံးအဆို့ရှင် မလုံခြင်း။ ၅။နှလုံးအဆို့ရှင် မလုံခြင်းကြောင့် နောက်ဆက်တွဲ အဆို့ရှင်တွင် ရောဂါပိုးဝင်ပြီး အနာဖြစ်ခြင်း။ ၆။နှလုံးကြီးခြင်း။ ၇။နှလုံးကြွက်သား ရောင်ရမ်းခြင်း။ ၈။နှလုံး အမြေးပါးရောင်ခြင်း။ ၉။မွေးရာပါ နှလုံးရောဂါဖြစ်ခြင်း။ ၁၀။အထက်ဖောြ်ပပါ နှလုံးရောဂါများကြောင့် နှလုံး ညှစ်အား အားနည်းခြင်း၊ ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း (Heart Failure)။ ထိုအထက်တွင်ဖော်ပြထားသော နှလုံးရောဂါများသည် အဖြစ်များသော နှလုံးရောဂါများဖြစ်ပါသည်။ အထက်တွင်ဖော်ပြထားသော နှလုံးရောဂါများတစ်ခုခုကြောင့် နောက်ဆုံးတွင် နှလုံးပျက်စီးပြီး နှလုံးညှစ်အား ကျကာ မောခြင်းဖြစ်စေခြင်းဖြစ်ပါသည်။ ထို့ကြောင့် ထိုကဲ့သို့ နှလုံးကြောင့် မောခြင်းအား ကာကွယ်ရန်မှာ အဖြစ်များသော နှလုံးရောဂါများအား ကြိုတင်သိရှိပြီး စောလျင်စွာကုသမှု ခံယူရန် ဖြစ်ပါသည်။ ထို့ကြောင့် နှလုံးသွေးကြောကျဉ်းစေသော သွေးတွင်းအဆီများသည့် လူနာများ၊ ဆီးချိုသွေးချို ရှိသော လူနာများ၊ ရင်ဘတ်အောင့်ခြင်းခံစားနေ ရသော လူနာများအနေဖြင့် မပေါ့ပဲ နှလုံးအား တတ်ကျွမ်းသော နှလုံးအထူးကု သမားတော်နှင့် စမ်းသပ်ကုသပြီး ဆေးအား ကြိုတင်သောက်သင့်ပါသည်။ သွေးတိုးရှိသော လူနာများအနေဖြင့် လည်း သွေးတိုးကျဆေးအား သေချာသောက်သင့်ပါသည်။ ထို့အပြင် သွေးတိုးသည် နှလုံးအား ဒဏ်ဖြစ်စေသောကြောင့် သွေးတိုးရှိသော လူနာများသည် လည်း နှလုံး Echo ရိုက်ကာ နှလုံးကြီး မကြီး၊ နှလုံး နံရံထူမထူ၊ နှလုံး ညှစ်အား ကျမကျ ကြည့်ပြီး သွေးတိုးကောင်းစွာမထိန်းနိုင်သော ကြောင့် နှလုံးနံရံထူသည့်အခါတွင် သွေးတိုးကျဆေးအား ဆေးချိန်ခြင်း သွေးတိုးကျဆေး ပြောင်းလဲသောက်သုံးခြင်း များပြုလုပ်မှသာ နှလုံးဆက်လက်မပျက်စီးအောင် ကာကွယ်နိုင်မည်ဖြစ်ပါသည်။ မောခြင်းသည် နှလုံးကြောင့်ဖြစ်ပါက နှလုံးညှစ်အား ကျပြီး နှလုံးအတော်အတန် ပျက်စီးနေသော အခါမှ ဖြစ်သည့်အတွက် မိဘပြည်သူများ အနေဖြင့် မပေါ့လျော့ပဲ တတ်ကျွမ်းသောနှလုံးအထူးကု သမားတော်နှင့် နှလုံး Echo စက်ဖြင့် နှလုံးအား စစ်ဆေးကြည့်သင့်ပြီး နှလုံးညှစ်အားတိုင်းတာပြီး တိကျသော ကုသမှုခံယူသင့်ပါသည်။
လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ်ပါဝင် နိုင်ပြီဖြစ်ပါသည်။ နှလုံးရောဂါကို ကြိုတင်ကာကွယ်နိုင်အောင် ဘယ်လို Checkup လုပ်မလဲ။ နှလုံးရောဂါအများစုသည် စစ်ဆေးကြည့်ရုံဖြင့် တကယ်ရှိနေသည် ဆိုပါက သိရှိနိုင်ပါသည်။ မည်သည့် နှလုံးရောဂါမဆို စောလျှင်အောင်သိရှိပြီး ကြိုတင်၍ ဆေးသောက်ပြီး ကုသမှုခံယူထား ပါက နှလုံးရုတ်တရက် ရပ်ပြီးသေဆုံးခြင်း (Heart Attack) နှင့် အခြားသော ဘေးထွက်ဆိုးကျိုးများဖြစ်ခြင်းမှ ရှောင်ကျဉ်နိုင်မည်ဖြစ်ပါသည်။ တကယ်တော့ နှလုံးရောဂါအား ကြိုတင်သိရှိနိုင်အောင် စစ်ဆေးခြင်းသည် သွေးစစ်ခြင်း မဟုတ်ပါ။ နှလုံး အထူးကုဆရာဝန် ကိုယ်တိုင် Echocardiogram (နှလုံး တယ်လီဗေးရှင်း) ရိုက်ပြီး နှလုံး အထူးကုဆရာဝန်ကိုယ်တိုင် စမ်းသပ်ကုသခြင်းသည် အထက်တွင် ဖော်ပြထားသော နှလုံး ရောဂါများ ဖြစ်နေ မဖြစ်နေအား တိတိကျကျသိနိုင်သည့်အပြင် Echo ကြောင့် နှလုံးပျက်စီးမှု အနေအထားအား တိတိကျကျသိနေသည့်အတွက် နှလုံးအတွက် ကုသမှုဆေးပေးရာတွင် လည်း စမ်းတဝါးဝါးဖြင့် ပေးရခြင်းမဟုတ်ပဲ တိတိကျကျ ထိထိရောက်ရောက် ကုသမှုပေးနိုင်ပါသည်။ Echocardiogram (နှလုံးတယ်လီဗေးရှင်း ဓာတ်မှန်) Echocardiogram သည် Ultrasound နှင့် အလားတူပင်ဖြစ်ပါသည်။ အသံလှိုင်းဖြင့် ပုံရိပ်ဖော်သည့်အတွက် X-ray ကဲ့သို့ လူနာအား ဓာတ်ရောင်ခြည်သင့်ခြင်း မျိုးလုံးဝမဖြစ်ပဲ လူနာအား ဘေးထွက်ဆိုးကျိုးလုံးဝ မပေးနိုင်ပါ။ Echo ရိုက်ခြင်းသည် Ultrasound ရိုက်ခြင်းထက် များစွာ ရှုပ်ထွေးသော်လည်း အခြား အင်္ဂါ အစိတ်အပိုင်းများ (ဥပမာ ကျောက်ကပ်၊ အသည်းများ) အား Ultrasound ရိုက်ခြင်းနှင့် သဘောတရားခြင်း ဆင်တူပါသည်။ ပို၍ ရှင်းလင်းအောင် ပြောရလျှင် နှလုံးတစ်ခုလုံးအား ခန္ဓာကိုယ်မှ အပြင်ကိုထုတ်ပြီး မျက်လုံးဖြင့် ကြည့်ခြင်းဖြစ်ပါသည်။ Echo ရိုက်ခြင်း အကျိုးကျေးဇူးများ ၁။Echo သည် နှလုံး တစ်ခုလုံး အား မျက်စိဖြင့် အပြင်မှာ မြင်ရသကဲ့သို့ အလားတူပါသည်။ ထို့ကြောင့် မွေးရာပါ နှလုံး ရောဂါ ရှိမရှိ၊ နှလုံး ကြီးမကြီး၊ နှလုံး အဆို့ရှင် လုံမလုံ၊ သွေးစီးဆင်းမှု မှန်မမှန် တို့အား သိရှိနိုင်ပါသည်။ ထို့အပြင် အကယ်၍ နှလုံးကြီးနေသည် ဆိုလျှင် နှလုံး မည်မျှ ကြီးနေကြောင်း တိကျစွာ တိုင်းတာနိုင်ပါသည်။ ၂။Echo သည် သွေးစီးဆင်းနေမှုပါ မြင်ရသည့်အတွက် အဆို့ရှင် မလုံပါက သွေးများ ယိုထွက်၊ ဖြာထွက်နေသည် ကို ပါ တိကျစွာ မြင်နိုင်ပါသည်။ ၃။Echo သည် မိမိနှလုံး၏ လုပ်ငန်းဆောင်တာဖြစ်သော နှလုံးညှစ်အား (Ejection Fraction) အား တိကျစွာ တွက်ချက်ပေးနိုင်ပါသည်။ နှလုံးခြေကုန်လက်ပမ်းကျ ခြင်း (Heart Failure) ဝင်နေမနေသိရှိနိုင်သည့် အပြင် မိမိသောက်နေသော နှလုံးဆေး ထိရောက်မှု ရှိမရှိအား လည်း သိနိုင်ပါသည်။ ၄။နှလုံးအခန်းတွင်း သို့ ရှင်းလင်းစွာ ဝင်ရောက်ကြည့်ရှုနိုင်သည့်အတွက် အထက်တွင်ဖော်ပြထားသော ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်နိုင်သော သွေးခဲများရှိမရှိ၊ အဆို့ရှင်တွင် အနာရှိမရှိ တို့အား တိကျစွာ သိရှိနိုင်ပါသည်။ ၅။Echo သည် နှလုံး လှုပ်ရှားနေသည့်အတိုင်း မြင်ရသဖြင့် နှလုံးခုန်စည်းချက် မှန်မမှန် ကို လည်း သိရှိနိုင်ပါသည်။ ၆။နှလုံးသွေးကြောကျဉ်းနေသော လူနာများတွင် နှလုံးသွေးကြောကျဉ်းနေသည့် နှလုံးနံရံသည် နှလုံးသွေးကြောကျဉ်းနေသည့် ဒဏ်ကြောင့် ကောင်းစွာအလုပ်လုပ်ပေ။ Echo ဖြင့် ကြည့်သည့်အခါတွင် အလုပ်မလုပ်သည့် ကြွက်သားနံရံအား တိတိကျကျမြင်ရသည့်အပြင် နှလုံးသွေးကြောကျဉ်းသည့် ဒဏ်ကြောင့် နှလုံးညှစ်အား ကျမကျပါ တိတိကျကျ သိရှိနိုင်ပါသည်။ ၇။ခွဲစိတ်မှုမပြုခင် လူနာသည် ခွဲစိတ်မှုဒဏ်အား ခံနိုင်ရည်ရှိမရှိ (pre-operative assessment) တွင် ဆုံးဖြတ်ရာတွင် အရေးကြီးသော နှလုံး၏ လုပ်ငန်းဆောင်တာများအား Echo အဖြေကြည့်ပြီး ဆုံးဖြတ်ပါသည်။ အချုပ်အားဖြင့် ဆိုလျှင် နှလုံးရောဂါများကုသခြင်း၏ အသက်သည် စောနိုင်သမျှ စောစော သိရှိအောင်လုပ်ပြီး ကုသမှုခံယူခြင်းဖြင့် နှလုံးပျက်စီးခြင်းအား ဆက်လက်မပျက်စီးအောင် ထိန်းထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် မည်သည့် နှလုံးရောဂါ အတွက်မဆို နှလုံးတယ်လီဗေးရှင်း Echocardiogram ရိုက်ကူးပြီး နှလုံး အထူးကု ဆရာဝန်နှင့် စမ်းသပ်မည်ဆိုလျှင် အမှန်တကယ် နှလုံး ရောဂါ တစ်ခုခု ရှိပါက ကြိုတင်သိရှိနိုင်မည်ဖြစ်ပြီး စောလျှင်စွာ ကုသမှု ခံယူပါက အချိန်မတိုင်မီ နှလုံး တစ်ခုခု ထိခိုက်ပျက်စီး ခြင်းမှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။
Medical Checkup ဆိုတာ ရောဂါတွေ့မှ ထိရောက်တာ မဟုတ်ပါဘူး။ ရောဂါ တစ်ခုခု တွေ့ဖို့ မျှော်လင့်ပြီး လုပ်တာမဟုတ်ပါဘူး။ ရောဂါ မရှိတာ ကို မရှိကြောင်း သိရှိရတာကိုက ဝမ်းသာစရာပါ။ ရောဂါမရှိသည့် အတွက် မိမိကိုယ်ကို ကျန်းမာနေကြောင်း သိရှိတာက ပီတဖြစ်စရာပါ။ တကယ်လို့ ရောဂါ တွေ့ခဲ့လျှင်လည်း လက္ခဏာမပြသေးခင် တွေ့တာဖြစ်သည့်အတွက် ရောဂါ မကျွမ်းခင် ကြိုတင်ကုသမှု ခံယူလို့ ရတဲ့အတွက် လူနာအတွက် အများကြီးအကျိုးရှိသော ကျန်းမာရေးစစ်ဆေးမှုဖြစ်ပါတယ်။ Family Doctor အထူးကုဆေးခန်းတွင် Echocardiogram Package အား စီစဉ်ထားရှိပါသည်။ Echo Package တွင် ပါဝင်သော ဝန်ဆောင်မှုများ ၁။ECG ဆွဲခြင်း ၂။နှလုံး အထူးကုသမားတော်မှ စမ်းသပ်ကုသခြင်း ၃။နှလုံး အထူးကုသမားတော်မှ နှလုံးကို Echo ရိုက်ကူးစစ်ဆေးခြင်း ၄။နှလုံး အထူးကုသမားတော်မှ လိုအပ်သော ဆေးများ၊ ကုသမှုများ ပေးခြင်း ၅။ဆေးခန်းဝန်ဆောင်ခ ထို ဝန်ဆောင်ခ ၅ မျိုး အတွက် အပြီး အစီး 30000 (၃ သောင်း) ကျပ်ဖြင့် ဈေးနှုန်း ချိုသာစွာဖြင့် စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။ နှလုံးအထူးကုဆရာဝန်ကြီးများမှာ ၁။ဒေါက်တာ ဒေါ်ထက်ထက်မင်း M.B.,B.S (Ygn); M.Med.Sc (Int. Med); MRCP (UK); FRCP (Edin), Dr.Med.Sc (Cardiology); FAsCC Fellowship in Nuclear Cardiology and Cardiac CT Consultant Cardiologist (Nuclear Cardiology and Cardiac CT) နှလုံးဆေးကုသဆောင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ကြာသပတေး၊ သောကြာ ညနေ ၄ နာရီ။ စနေ၊တနင်္ဂနွေ နေ့လည် ၁၂ နာရီ။ ၂။ဒေါက်တာ စိန်ခိုင် M.B.,B.S (Ygn); M.Med.Sc (Int. Med); MRCP (UK); Dr.Med.Sc (Cardiology); FAsCC Fellowship in Electrophysiology (Singapore) Consultant Cardiologist နှလုံးဆေးကုသဆောင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အင်္ဂါ၊ ကြာသပတေး ညနေ ၄ နာရီ။ စနေ၊တနင်္ဂနွေ နံနက် ၈ နာရီ။ ၃။ဒေါက်တာသိန်းထက်သိန်း M.B.,B.S (Ygn), M.Med.Sc (Int. Med) MRCP (UK), Dr.Med.Sc (Cardiology) ရန်ကုန်ပြည်သူ့ဆေးရုံကြီး စနေ၊တနင်္ဂနွေ ညနေ ၆ နာရီ။ Echocardiogram Package ပြုလုပ်လိုသော မိဘပြည်သူများ အနေဖြင့် Family Doctor အထူးကု ဆေးခန်း ဖုန်နံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး ကြိုတင် Booking နိုင်ပြီ ဖြစ်ပါသည်။
Family Doctor အထူးကုဆေးခန်းလိပ်စာမှာ - အမှတ် SA-9၊ အောင်ဇေယျအိမ်ယာ၊ သစ်တောရပ်ကွက်၊ ဆင်မင်းဈေးရှေ့၊ ကမ်းနားလမ်းမပေါ်၊ CB Bank ဘေး၊ အလုံမြို့နယ် ဖြစ်ပါသည်။ https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။ လိုအပ်သော ပြည်သူများအတွက် ကျန်းမာရေးဗဟုသုတများရရှိအောင် Share လုပ်ပေးခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပါသည်။ Medical Checkup အား ခန္ဓာကိုယ် အစိတ်အပိုင်း အစုံအလင် တစ်ခါတည်း ပြည့်ပြည့်စုံစုံ စစ်ဆေးလိုသော သူများအနဖြေင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။ Special Whole Body Promotion ကို ယခင်က အတိုင်း သက်တမ်းထပ်မံတိုးမြင့်ပေးထားပြီး ဈေးနှုန်းချိုသာစွာဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း July လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။
Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း July လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ နယ်မှ လာရောက်စစ်ဆေးသော မိဘပြည်သူများအတွက် အရေးကြီးပါက တစ်ရက်တည်း ပြီးစီးအောင် စစ်ဆေးနိုင်ရန် အတွက် စီစဉ်ထားပါသည်။ မနက်ပိုင်းသွေးဖောက်စစ်ဆေးပြီး ညနေပိုင်း တွင် အဖြေအပြည့်အစုံဖြင့် နှလုံးအထူးကုသမားတော်နှင့် နေ့ချင်းပြီး ပြသနိုင်ရန်အတွက်လည်း စီစဉ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၇၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။
Special Promotion for Old Customer ယခင်က Family Doctor အထူးကုဆေးခန်းတွင် Special Whole Body Package ပြုလုပ်ထားပြီး ၆ လ သို့မဟုတ် ၁ နှစ် ပြည့်၍ Special Whole Body Package ပြန်လည်စစ်ဆေးလိုပါက Special Promotion ပြုလုပ်ပေးထားပါသည်။ Special Whole Body Package Old Customer 1 person = 110,000 ကျပ် (ပုံမှန်ဈေး 135,000 ကျပ်) ဖြင့် ဈေးနှုန်း အထူးချိုသာစွာ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ယခင်က ပြုလုပ်ထားသော Special Whole Body အဖြေစာရွက် အား ပြုလုပ်သည့် နေ့တွင် ယူဆောင်လာရမည်ဖြစ်ပါသည်။ သို့မှသာ Special Promotion Discount ရရှိမည်ဖြစ်ပါသည်။ ပုံမှန်အတိုင်း Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။ OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။
Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၇၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ 2 years ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။
