No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အခုတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ ချစ်ခြင်းမေတ္တာရဲ့ လှပတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် အကြောင်းပဲ ဖြစ်ပါတယ်။ အမျိုးအနွယ်မတူကြပေမယ့် ခွေးလေးတစ်ကောင်နဲ့ ငှက်ကလေးတစ်ကောင်တို့ဟာ ချစ်စရာကောင်းလွန်းလှစွာပဲ သံယောဇဉ်တွယ်ပြီး သူငယ်ချင်းကောင်းတွေ ဖြစ်လာခဲ့ကြပါတယ်။ ထူးဆန်းလွန်းတာက သူတို့ဟာ အမျိုးအနွယ်မတူပေမယ့် မသန်စွမ်းဖြစ်တာခြင်းတူလို့များ တစ်ကောင်နဲ့တစ်ကောင် ပိုနားလည်ပြီး သံယောဇဉ်တွယ်တာများလားလို့ တောင်ထင်မှတ်မိပါတယ်။ အဲဒီခွေးလေးကတော့ အသက်နှစ်လအရွယ်သာရှိသေးတဲ့ ချီဟွားဟွားခွေးလေးလန်ဒီနဲ့ ခိုလေး ဟားမန်တို့ပဲ ဖြစ်ပါတယ်။ ခွေးပေါက်လေး လန်ဒီက သူ့ကိုမွေးဖွားခဲ့စဉ် အချိန်တုန်းက ကျောရိုးပြဿနာခံစားခဲ့ရပြီး လမ်းလုံးဝမလျှောက်နိုင်ခဲ့လို့ နယူးယောက်မှာရှိတဲ့ Mia ဖောင်ဒေးရှင်း တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကို ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်။ ခွေးသေးသေးလေးဟာ ဂေဟာမှာ သူ့ထက်အရင်ရောက်ရှိနေတဲ့ ဟားမန်လို့ခေါ်တဲ့ခိုလေးနဲ့ လျင်မြန်စွာပဲ အသိကျွမ်းဖွဲ့နိုင်ခဲ့ပြီးတော့ ချစ်ခင်သွားပါတော့တယ်။ ဟားမန်ကလည်း မပျံသန်းနိုင်တဲ့ ခိုလေးဖြစ်ပြီး ခွေးလေး လန်ဒီကလည်း လမ်းလုံးဝမလျှောက်နိုင်ခဲ့ပါဘူး။ သူတို့နှစ်ကောင်ဟာ မသန်စွမ်းသူတွေ အချင်းချင်းကြားမှာ ပိုမို သံယောဇဉ်တွေတွယ်ပြီး မခွဲမခွာနေကြပါတယ်။ အမြဲလိုလို အိပ်ယာတစ်ခုတည်းမှာ တူတူပူးကပ်နေလေ့ရှိတာကိုလည်း ဂေဟာကလူတွေက တဖြေးဖြေးနဲ့ သတိထားမိလာပါတယ်။ ဂေဟာက ကယ်ဆယ်ရေးလုပ်သား Sue က ငါက ခိုလေးဟာမန်းကို ခွေးအိပ်ရာပေါ်တင်ပြီး လန်ဒီ့ကိုစတင်ပြု စုစောင့်ရှောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အိပ်ယာတစ်ခုတည်းမှာပဲ ခိုလေးကိုရော ခွေးလေးကိုပါတူတူ ထားပြီး ဂရုတစ်စိုက်နဲ့ ပြုစုကုသပေးခဲ့ပါတယ် လို့ဆိုပါတယ်။ သူတို့ကအရမ်းချစ်ဖို့ကောင်းတဲ့ နည်းလမ်းတွေနဲ့ ချက်ချင်းပဲ အပြန်အလှန်ဆက်သွယ်မှုတွေ စတင်ခဲ့တယ် လို့ ဆူးက ဆက်လက်ပြောကြားခဲ့ပါတယ်။ မူလတုန်းကတော့ ဟားမန်က ခိုအထီးလေးဖြစ်နိုင်တယ်လို့ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လန်ဒီအပေါ် ထားရှိတဲ့ ကာကွယ်ပေးလိုစိတ်တွေ၊ မိခင်တစ်ယောက်လို ပြုမူတဲ့ပုံတွေကြောင့် ဟားမန်က ခိုအမလေးဖြစ်နိုင် တယ်လို့ ယုံကြည်လာကြောင်း ဆူးက Metro သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒီလိုချစ်စရာကောင်းလှတဲ့ အတွဲလေးဟာ တစ်နေ့ထက်တစ်နေ့ဆိုသလို ပိုမိုနီးကပ်စွားသံယောဇဉ်တွယ်ပြီး အသက်ကြီးလာမှာဖြစ်ပေမယ့်လည်း တစ်ချိန်ချိန်မှာတော့ ခွဲရမယ့်အချိန်ကို ရောက်လာဦးမှာ အသေအချာပါပဲ။ ဟားမန်က ဒီစင်တာမှာအမြဲနေထိုင်သူဖြစ်ပေမယ့်လည်း လန်ဒီကတော့ မကြာခင်မှာပဲ ဘီးတပ်ကုလားထိုင်နဲ့ သွားလာနိုင်ဖု့ိ စီစဉ်နေတာဖြစ်တာကြောင့် ဂေဟာကအလုပ်သမားတွေက လန်ဒီ့အတွက် မွေးစားမိသားစု ရရှိလာနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါကပဲ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို ခွဲမယ့်အဓိက ပြဿနာရပ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ Mia Foundation ဆိုတာကတော့ အဓိကအားဖြင့်မသန်စွမ်းပဲ မွေးဖွားလာခဲ့တဲ့ တိရစ္ဆာန်တွေကို အဓိက ပြုစု စောင့်ရှောက်ဖောင်ဒေးရှင်းတစ်ခုဖြစ်ပါတယ်။ ဆူကဆက်လက်ပြောကြားရမှာတော့ ကြှနျုပျတို့ရဲ့အဓိက ရည်မှန်းချက်က မွေးရာပါချို့ ယွင်းချက်တွေနဲ့ မွေး ဖွားလာတဲ့ တိရစ်ဆာန်တွေကို ပြုစုကုသပေးဖို့ပါ ။ ဒါပေမယ့် လူတွေက တစ်ခါတရံမှာ ငါတို့ဆီကို ဒဏ်ရာရတဲ့ငှက်လေးတွေနဲ့ ရှဉ့်လေးတွေကိုလည်း လာပို့ကြပါတယ် လို့ ပြောကြားခဲ့ပါတယ်။ အခုချိန်မှာတော့ လမ်းမလျှောက်နိုင်တဲ့ခွေးလေး လန်ဒီနဲ့ မပျံသန်းနိုင်တဲ့ ခိုလေး ဟားမန်တို့က အတော်လေးကို ချစ်ခင်ရင်းနှီးနွေးထွေးနေကြပြီး တစ်ကောင်နဲ့တစ်ကောင် အပျောက်မခံနိုင်အောင် ရှိနေကြပေမယ့်လည်း သူတို့ ရဲ့ခွဲခွာရနိုင်တဲ့ ရက်တွေကလည်း နီးကပ်လို့လာနေခဲ့တာကို စိတ်မကောင်းစွာနဲ့ အားလုံးကသိရှိနေကြပါပြီ။ လန်ဒီ့ကိုမွေးစားမယ့် သူတွေအနေနဲ့ ခိုလေးဟားမန်ကိုပါ တစ်ပါတည်းမွေးစားဖို့ ခေါ်သွားနိုင်ပါစေ.. လန်ဒီလေးနဲ့ ဟားမန်လေးတို့ သံယောဇဉ်တွေ အဓွန့်ရှည်ကြာပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ Credit: