No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တိုင်းပြည်အရေးပေါ်အခြေအနေ ကြေညာလိုက်ပေမယ့် အောင်ဘာလေထီဖွင့်ပွဲပုံမှန်အတိုင်းကျင်းပ ဖေဖော်ဝါရီ ၁၊ ၂၀၂၁ တိုင်းပြည်ကိုအရေးပေါ်အခြေအနေကြေညာလိုက်ပေမယ့် ၂၄ ကြိမ်မြောက် ကျပ် ၁၀၀၀ အောင်ဘာလေထီဖွင့်ပွဲကိုပုံမှန်အတိုင်း ကျင်းပခဲ့ပါတယ်။ အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ်သိန်းတစ်သောင်းခွဲထီဆုနံပါတ်ကတော့ ကဆ ၄၂၅၉၂၇ ဖြစ်ပါတယ်။ ကျပ် သိန်းတစ်သောင်းဆုကိုတော့ ဇ ၄၉၆၀၃၅၊ ကျပ်သိန်းငါးထောင် ဆုကိုတော့ ကဇ ၃၂၉၄၆၇ နဲ့ ကစ ၉၈၈၄၂၅ တို့က ကံထူးသွားခဲ့ပါတယ်။ ၂၄ ကြိမ်မြောက် ကျပ် ၁၀၀၀ အောင်ဘာလေထီဖွင့်ပွဲအတွက် ထီအက္ခရာ ၄၂ လုံး ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး၊ ထီအုပ်ရေ ၃၄ သိန်းကျော်ရောင်းချနိုင်ခဲ့တယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲ ညွှန်ကြားရေးမှူး ဦးညီညီလှိုင်က ပြောပါတယ်။ ဒီလအတွက် ဆုမဲပေါင်း နှစ်သိန်းလေးသောင်းကျော်ကို ဆုမဲအနေနဲ့ ဖွင့်လှစ်ပေးခဲ့ပြီး၊ လစဉ် ဘဏ္ဍာသိမ်းငွေထဲက ပြန်လည်ဆုငွေချီးမြင့်တဲ့အထဲက ငွေကျပ်သိန်း ၂၅၀၀ကို လည်း ဆယ်သိန်းဆု ၄ ဆု၊ သုံးသိန်းဆု ၂၀ ဆု၊ နှစ်သိန်းဆု ၂၀၀ ဆုနဲ့ တစ်သိန်းဆု ၂၀၀၀ဆု စုစုပေါင်း ၂၂၀၀ ကျော်ကို ချီးမြင့်ခဲ့တာလည်း ဖြစ်ပါတယ်။ နောက်လ ၂၅ ကြိမ်မြောက် ကျပ် ၁၀၀၀ အောင်ဘာလေထီဆုပွဲကိုတော့ ထီအက္ခရာ ၃၉ လုံးနဲ့ အရန်ထီ အက္ခရာ တစ်လုံး စုစုပေါင်း အလုံး ၄၀ ထုတ်ဝေရောင်းချသွားမယ်လို့လည်း သိရပါတယ်။ Crd