No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မနေ့ညကဖြစ်ပွားခဲ့သော ခရမ်းမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၅ဦးနှင့် ခရမ်းမြို့လူငယ်၃ဦးကျဆုံး။ ၁၇.၉.၂၀၂၁ ရက်နေ့၊ ည ၆နာရီ ၃ဝ မိနစ်နှင့် ၇ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များ တပ်စွဲထားသည့် အားကစားရုံနှင့် ရဲစခန်းအဝတို့တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး သေနတ်ပစ်ခတ်မှုများဖြစ်ပွားသည့် ဖြစ်စဉ်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးကာ၊ ခရမ်းမြို့ သူရဲကောင်း ၂ ဦးကျဆုံးပြီး ၁ ဦးဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိပါသည်။ ထပ်မံရရှိသောသတင်းအရ စစ်ကောင်စီမှ ဖမ်းဆီးသွားသော သူရဲကောင်းလူငယ် ၁ ဦး ပါကျဆုံးသွားကြောင်း သတင်းရရှိပါသည်။ ယနေ့မနက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ခရမ်းမြို့နယ် ရဲစခန်းရှေ့၊ ထွေအုပ်ရုံးရှေ့တွင် သွားလာခွင့်မပေးတော့ဘဲ လမ်းများကို ပိတ်ဆို့ထားသည့်အပြင် ခရမ်း-မောင်းမ-ဖားကူး-သပြေကုန်း-သန်လျင် စသည့်လမ်းကြီးများအပါအ၀င် ခရမ်းမြို့၀င်၊ မြို့ထွက် လမ်းအားလုံးကို ပိတ်ဆို့စစ်ဆေးနေကြောင်းသတင်းရရှိပါသည်။ #khayan #ခရမ်းလူငယ်သူရဲကောင်း #တိုက်ပွဲသတင်း Media9 Credit: