
စစ်ရေးအတွက် ဂြိုလ်တုဆက်သွယ်ရေးအသုံးပြုမှုမှ ကာကွယ်ရန် အရေးပေါ် အရေးယူမှုများလုပ်ဆောင်ဖို့ Justice For Myanmar(JFM) တောင်းဆို။ ၂၀၂၁ခုနှစ်၊သြဂုတ်လ ၅ရက်။ NLDအစိုးရလက်ထက်က မြန်မာ - အမေရိကန် လူဇင်ဘက် ဂြိုလ်တုကုမ္ပဏီIntelast သည် မြန်မာ့ ပထမဆုံး ကိုယ်ပိုင် ဂြိုလ်တုကို ငှားရမ်းအသုံးပြုခွင့်ပေးခဲ့ပြီး ကိုယ်ပိုင် Set2ပါဝင်တဲ့ ဂြိုလ်ထုတခု ကို အာကာသ ထဲသို့ ၂၀၁၉ သြဂုတ်လ ၆ရက်နေ့က လွင့်တင်ခဲ့ပြီးဖြစ်ပါတယ်။ Intelastသည် ဗြိတိန် ကုမ္ပဏီခွဲတစ်ခုမှတဆင့် မြန်မာ့အကြမ်းဖက်စစ်ကောင်စီသို့ ဂြိုလ်တုရေဒီယိုထပ်ဆင့်လွှင့်စက် ငှားရမ်း သုံးစွဲမှုကို ဆက်လက်ထားရှိသည်ဟု Justice for Myanmar က ယနေ့ သတင်းထုတ်ပြန်သည်။ ဂြိုလ်တုထပ်ဆင့်လွှင့်မှု မည်မျှအသုံးပြုသည်ကိုမူ ၎င်းတို့ အနေဖြင့် သိရှိခြင်းမရှိကြောင်း Intelsat က ပြန်လည်၍ အတည်ပြု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသို့ ပြည်တွင်းဖိနှိပ်ရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်သည့် နည်းပညာရောင်းချမှုကို ကန့်သတ်ပိတ်ပင်သည့် ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့၏ အရေးယူပိတ်ဆို့မှုအပေါ် ၎င်းတို့၏ လိုက်နာဆောင်ရွက်မှု အခြေအနေနှင့် စပ်လျဉ်းသည့် မေးခွန်းများကိုမူ Intelsat က ဖြေကြားလိမ့်မည် မဟုတ်ပါ။ Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တရားမဝင် မြန်မာလူသတ် စစ်ကောင်စီက စစ်ရေးရည်ရွယ်ချက်နဲ့ ဂြိုလ်တုဆက်သွယ်ရေးသုံးစွဲခြင်းကို ကာကွယ်ဖို့အတွက် ချက်ချင်း အရေးယူဆောင်ရွက်ဖို့ Intelsat ကို ကျွန်မတို့တောင်းဆိုပါတယ်”ဟု ပြောသည်။ Myanmarsat-2 ဂြိုလ်တု သဘောတူ စာချုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သည့် အစိုးရလက်ထက်တွင် လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။ Intelsat အနေဖြင့် မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ကိုင်နေသည့် ၎င်းတို့ စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဖြစ်မနေ ညှိနှိုင်းဆွေးနွေးရမည်ဟုလည်း မရတနာမောင်က တိုက်တွန်းခဲ့သည်။ “တရားမဝင် စစ်ကောင်စီနဲ့ ဆွေးနွေးရမှာမဟုတ်ပါဘူး။ Intelsat အနေနဲ့ အရေးယူပိတ်ဆို့မှု စည်းမျဉ်းများကို လိုက်နာ လုပ်ဆောင်မှုရှိရေး၊ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအပေါ် ကာကွယ်ပေးရေးတို့ကို လုပ်ဆောင်စေဖို့ ဗြိတိန်၊ လူဇင်ဘက်နှင့် အမေရိကန်ပြည်ထောင်စု အစိုးရများကိုလည်း ကျွန်မတို့ တောင်းဆိုပါတယ်” ဟု သူကပြောသည်။ စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ဂြိုလ်တုဆက်သွယ်ရေးကို မြန်မာပြည်သူများအပေါ် ၎င်းတို့၏ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွက် အထောက်အကူပြုရန် အသုံးချနိုင်သည့်အပေါ် အလေးအနက် စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟုလည်း မရတနာမောင်က ပြောသည်။ Myanmarsat-2 ဟု နာမည်ပေးထားသည့် မြန်မာနိုင်ငံက Intelsat 39 ဂြိုလ်တုငှားရမ်းသုံးစွဲမှု စာချုပ်ကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပြီး Maxar Technologies က တည်ဆောက်သည့် ဂြိုလ်တုကို ၂၀၁၉ ခုနှစ်တွင် လွှင့်တင်သုံးစွဲခဲ့သည်။ အဆိုပါ စာချုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင် အစိုးရလက်ထက်တွင် ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက လက်မှတ်ရေးထိုးခဲ့သည်။ သို့ရာတွင် အဆိုပါလုပ်ငန်းကို စစ်တပ်ကခန့်အပ်သည့် ဒုတိယသမ္မတ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ ဦးဆောင်သည့် ဦးဆောင်ကော်မတီတစ်ရပ်က ကြီးကြပ်သည်။ ကော်မတီအဖွဲ့ဝင်များတွင် စစ်တပ်က ခန့်အပ်သူများ ဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့ ပါဝင်ခဲ့ပြီး ရိုဟင်ဂျာများ အပေါ် စစ်တပ်၏ လူမျိုးတုန်းသတ်ဖြတ်မှုများနောက်တွင် Intelsat ၏ လူ့အခွင့်အရေးဆိုင်ရာ လိုက်နာရမည့် ပြဌာန်းချက်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်စေခဲ့သည်။ PTT@Media9 Photo-(၂၀၁၉ သြဂုတ်လ(၆)ရက်နေ့ က လွတ်တင်ခဲ့သော မြန်မာ့ပထမဆုံးဂြိုလ်တု) Source -Justice For Myanmar Credit: