
စစ်တပ်နှင့် တွဲဖက်လုပ်ငန်းရှင်များကို အမေရိကန်မှ ပိတ်ဆို့အရေးယူရာ 7th Sense မှ ပိတ်ဆို့ခံစာရင်းထဲ ပါဝင်ခဲ့ ~~~~~ စစ်တပ်နဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အမေရိကန်က စီးပွါးရေးပိတ်ဆို့အရေးယူခဲ့ရာမှာ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ 7th Sense Creation မှ ပါဝင်ခဲ့ပြီး စစ်အာဏာရှင်ခေါင်းဆောင်ရဲ့သမီး ဒေါ်ခင်သီရိသက်မွန်၊ ဦးဝေမင်းမောင်၊ ဦးနိုင်ဖြိုးကျော်တို့ရဲ့ နာမည်တွေပါ ထုတ်ပြန်ထားတဲ့ စာရင်းထဲ ပါဝင်လာခဲ့ပါတယ်။ ၂၀၁၃/၂၀၁၄ ခုနှစ်မှာ အနုပညာလောကထဲ ရောက်ရှိလာတဲ့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးဟာ ရုပ်ရှင်ထုတ်လုပ်ရိုက်ကူးရေးအပြင် ရုပ်သံလိုင်းတွေနဲ့ပူးပေါင်းပြီး ဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးခဲ့ပါတယ်။ ဒါ့အပြင် Myanmar Media 7 နဲ့ ရှင်ရှင်ဇာတ်ကားပေါင်းများစွာကို အခမဲ့ပြသနေတဲ့ OU Streaming App ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Credit: