No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မန္တလေးမှာ ၁၅ နှစ်အရွယ် ကလေးတစ်ဦး ပစ်ခံရလို့ သေဆုံး ~~~~~ ■ မန္တ​လေးမြို့၊ ချမ်းမြသာစည်ရပ်ကွက်မှာ အ​မေဖြစ်သူအတွက် ​သောက်​ရေခပ်​ပေးဖို့ အိမ်အပြင်အထွက် အသက် ၁၅ နှစ်အရွယ် ​မောင်ထွန်းထွန်း​အောင်ဟာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ သေနတ်ကျည်ထိမှန်ပြီး ​ သေဆုံးခဲ့ပါတယ်။ ​မောင်ထွန်းထွန်း​အောင်တို့ မိသားစုဟာ ဖခင်မရှိတော့ပါဘူး။ မိခင်ဖြစ်သူနဲ့ ညီအစ်ကို သုံး​ယောက် စုပေါင်းပြီး ချမ်းမြသာစည်မြို့နယ် ၅၁ လမ်း ၁၁၇ B လမ်းက ကျူး​ကျော်တဲမှာ​ အလှူရှင်တွေ လှူဒါန်း​ပေးထားတဲ့ ကျူး​ကျော်တဲမှာ နေထိုင်ကြသူ​တွေပါ။ သူဟာ ​၈ တန်းတက်​နေသူဖြစ်ပြီး ​ကျောက်ပိတ်ရက်မှာ ​ကျောက်​သွေးလုပ်ငန်း လုပ်ကိုင်ပြီး မိသားစုကို လုပ်ကိုင်​ကျွေး​နေတဲ့ က​လေးငယ်တစ်​ယောက်လည်းဖြစ်ပါတယ်။ ချမ်းမြသာစည်မြို့နယ်အတွင်းက ​အောင်သာယာ၊ အောင်ပင်လယ်၊ သင်ပန်းကုန်းနဲ့ မြရည်နန္ဒာရပ်ကွက်အတွင်းကို မတ် ၂၁ ရက်၊ မ​နေ့မနက်က စတင်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့​ဝင်တွေက ပစ်ခတ်​နေပြီး ဒီက​နေ့ တစ်ရက်ထဲမှာပဲ ​သေဆုံးသူ လေးယောက် ရှိသွားပါပြီ။ Credit: