
ထိုင်းနိုင်ငံအခြေစိုက် UN ရုံးရှေ့ ဗန်ကောက်မြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ လူတစ်ထောင်ဝန်းကျင်လောက်ရှိတဲ့ ထိုင်းရောက်မြန်မာများလာရောက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ၂၂ ရက်နေ့ ၂ လပိုင်း ၂၀၂၁ ခုနှစ် နေ့လည် ၂ နာရီ ၂၂ မီနစ်အချိန်မှာ လာရောက်ဆန္ဒထုတ်ဖော်ကြသူများသည်။ ၁ မီနစ်အကြာ အရေးတော်ပုံမပြီးဆုံးမီစပ်ကြား အသက်ပေးသွားသည့် ညီငယ် ညီမငယ်များကို ငြိမ်သက်စွာ ထိုင်လျှက်ဖြင့် အလေးပြုခဲ့ကြပါသည်။ . ထိုမြင်ကွင်းကို မြင်သွားတဲ့ ထိုင်းအမျိုးသမီးကြီးတစ်ဦးသည်၊ မင်းတို့ရဲ့ စည်းလုံးညီညွှတ်နေကြခြင်းကို မြင်မိတော့ အိမ်ရှင်နိုင်ငံသားဖြစ်ကြသည့် သူမအဖို့ မျက်နှာပူမိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာက ဒီလိုတစ်သံထဲနဲ့ စည်းတစ်ခုထဲမှာနေပြီး မိမိဆန္ဒအရ လာပြီးအင်အားဖြည့်ကြသူတွေ အလွန်နည်းပါတယ်။ ပြီးတော့လဲ တစ်ယောက်ကိုတစ်ယောက် စကားနိုင်လုနေတာနဲ့ ဂုဏ်ခြင်း အပြိုင်အဆိုင်ပြနေတာကြတာပဲ စည်းလုံးခြင်းတွေ မကြာခဏ ပျက်သုဉ်းနေခဲ့ရတာတွေ လိုရာပန်းတိုင်ကို မရောက်တာတွေ ဖြစ်တာများတယ်ဟု သူမ ဆိုပါတယ်။ . အဒေါ်ကတော့ မင်းတို့ကိုကြည့်ပြီး အားကျတယ်ကွာ၊ အောင်မြင်ပါစေလို့လဲ ဆုတောင်းပေးပါတယ်။ အောင်မြင်မယ်လို့လဲ သူယုံကြည်ကြောင်း ပြောပါတယ်။ နောက်ဆုံးအနေနဲ့ သူမသည် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ကြောင်း ဈးရောင်းတဲ့ ရေလှည်းပေါ်မှာ အမေစုပုံကို အမြဲဆောင်ထားကြောင်း ပြောပါတယ်။ . သတင်း-ကိုချစ် ဇွဲကပင်မြေ . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Posted_Ko_Chit -------------------------------------------- Credit: