No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာနိုင်ငံတဝန်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို အာဏာသိမ်းစစ်တပ်ရဲ့ လက်နက် ကိုင်တပ်ဖွဲ့တွေက လူသေစေနိုင်တဲ့ စစ်ပွဲသုံးလက်နက်တွေသုံးပြီး စနစ်တကျ ကြိုတင်ကြံစည် အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး Amnesty International က အထောက်အထား ရုပ်သံဗီဒီယိုတွေနဲ့တကွ ထုတ်ပြန်ပါတယ်။ . စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှု အထောက်အထား ဗီဒီယို ၅၀ ကျော်ကို စစ်ဆေးလေ့လာပြီး ဖြစ်စဉ်တွေဖြစ်ပွားခဲ့တဲ့နေရာတွေကို ရုပ်သံတွေ၊ ဓာတ်ပုံတွေနဲ့ မြေပုံတွေနဲ့ တကွ အသေးစိတ် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ . မြန်မာစစ်တပ်ဟာ အရင်က တိုင်းရင်းသားလူနည်းစုတွေအပေါ် ကြမ်းကြုတ်ရက်စက်ယုတ်မာတဲ့ ရာဇဝတ်မှုတွေကျူးလွန် လုပ်ဆောင်ခဲ့သလို အခုလည်း မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာပါလုပ်ဆောင်လာတာဖြစ်ကြောင်းနဲ့ ဥပဒေပြင်ပကွပ်မျက်မှုတွေ လူသတ်မှုတွေကို တပ်မှူးတွေရဲ့ အမိန့်ပေးချက်အရ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ REF=DVB TV News . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: