No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကချင်ပြည်နယ်၊ မိုးညှင်းထွေအုပ်ရုံးက ဝန်ထမ်း(၉)ယောက် CDMမှာ ပါဝင်လာ ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အစိုးရ ဝန်ထမ်း(၉)ဦးဟာ ဒီကနေ့ မတ်(၇) ရက်နေ့ကစပြီး CDM မှာပါဝင်လာကြပြီလို့ ပါဝင်သူဝန်ထမ်းအချို့ထံက သိရပါတယ်။ သူတို့အနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့လက်အောက်မှာ တာဝန်မထမ်းဆောင်လိုဘဲ ပြည်သူကရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရလက်အောက်မှာသာ တာဝန် ထမ်းဆောင်သွားမယ်လို့ ဌာန အကြီးအကဲထံ တရားဝင်စာတင်ပြီး CDM မှာပါဝင်လာ ခဲ့ကြတာလို့သိရပါတယ်။ ဒီအကြောင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို ဒီလင့်မှာ https://bbc.in/2PGCiMR ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။ Credit: