
တပ်မတော်က အာဏာသိမ်းသည်ကို လက်မခံကြောင်း ဆန့်ကျင်သည်အနေဖြင့် မန္တလေးခရိုင် အတွင်းမှ ဆရာ၀န်၊ သူနာပြု များက ဖဲကြိုးနီလှုပ်ရှားမှု Red Ribbon Campaign ကမ်ပိန်း စတင် =================================================== တပ်မတော်က အာဏာသိမ်းသည်ကို လက်မခံကြောင်း ဆန့်ကျင်သည်အနေဖြင့် မန္တလေးခရိုင်အတွင်း ရှိ အစိုးရဆေးရုံများမှ ဆရာ၀န်၊ သူနာပြုများက ဖဲကြိုးနီလှုပ်ရှားမှု Red Ribbon Campaign ကမ်ပိန်း ကို ဖေဖော်ဝါရီလ ၃ ရက်တွင် စတင် ပြုလုပ်ခဲ့ကြသည်။ အခုလိုလုပ်ဆောင်ဖို့အတွက် ပြည်သူတွေ ထိခိုက်နိုင်လားဆိုတာကိုလည်း ကျနော်တို့ စဉ်းစားခဲ့ကြ ပါတယ်၊ ကျနော်တို့ကိုယ် တိုင် ပြည်သူတွေ ဖြစ်တဲ့အတွက် ပြည်သူ့အစိုးရမဟုတ်တဲ့ အာဏာရှင်အစိုး ရရဲ့ အောက်က နိုင်ငံ့၀န်ထမ်းတွေ မဖြစ်လိုတာ ကြောင့် အခုလို လုပ်ဆောင်တာပါဟု ကမ်ပိန်းပြုလုပ် ရာတွင် ပါ၀င်ခဲ့သည့် လက်ထောက်ဆရာ၀န်တစ်ဦးက ပြောသည်။ အဆိုပါလှုပ်ရှားမှုတွင် အလုပ်သင်ဆရာ၀န်များ၊ ဘွဲလွန်ကျောင်းသား ဆရာ၀န်များ၊ လက်ထောက် ဆရာ၀န်များ၊ သူနာပြု များ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများလည်းပါပြီး မန္တလေးခရိုင်အတွင်းရှိ ခုတင် ၃၀၀ ဆံ့ ကလေးဆေးရုံ၊ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံ၊ ကုတင် ၅၀၀ အရိုးအထူးကုဆေးရုံ တို့တွင် လှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ ဖဲကြိုးနီလှုပ်ရှားမှု ပြုလုပ်ခြင်းကြောင့် အလုပ်ထုတ်ခံရနိုင်ခြင်း၊ ဆမလက်မှက် အသိမ်းခံရနိုင် ခြင်းများအပြင် ဖမ်းဆီး ထိန်းသိမ်းခံရနိုင်ခြင်းများကိုလည်း ထည့်သွင်းစဉ်းစားထားပြီးဖြစ်ကြောင်းနှင့် ယင်းသို့ လုပ်ဆောင်လာပါကလည်း လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ အဆိုပါဆေးရုံများတွင် ခွဲစိတ်ခန်းများကို ပိတ်၍ အလုပ်များ နားထားသည့်အပြင် လူနာ ကြည့် ရှုခြင်းများကိုလည်း မပြုလုပ်တော့ကြောင်းလည်း သိရသည်။ နိုင်ထူး Crd