No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဆီးချို ရောဂါ အစပျိုးအဆင့်ဆိုသည်မှာ ဆီးချို ရောဂါ ၏ လက္ခဏာ အားလုံးမရှိသေးဘဲ သွေးတွင်း သကြားဓာတ်စစ်ဆေးကြည့်သောအခါ တိတိကျကျအဖြေထွက်ခြင်းမရှိသော်လည်း တစ်ခါတရံ များသည့်ဘက်သို့ ရောက် နေခြင်းကိုခေါ်ပါသည်။ ဆီးချို ရောဂါအစပျိုးအဆင့်သည် ရောဂါတစ်ခုမဟုတ်သေးသော် လည်း ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ ၊ လေဖြတ်ရောဂါ တို့တစ်ချိန်ဖြစ်ရန် အလားအလာ အလွန် များစေသော ရှေ့ ပြေးနိမိတ်တစ်ခုလည်းဖြစ်ပါသည်။ ဆီးချို ရောဂါ အစပျိုးအဆင့်ရှိသူများသည် အများအားဖြင့် အဝလွန်ခြင်း၊ သွေးတွင်းတွင် Triglyceride ဟုခေါ်သော အဆီဓာတ် များနေခြင်း၊ HDL ဟုခေါ်သော ကောင်းသော ကိုလက်စရော နည်းနေခြင်း နှင့် သွေးတိုးရောဂါ တို့ ရှိနေတတ်ပါသည်။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ပေးခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီဖြစ်ပါသည်။ ဆီးချို ရောဂါသတ်မှတ်ချက် လက်ထိပ်သွေးဖောက်စစ်ဆေးကြည့်လျှင် ၁။ အစာမစားမီ နံနက်စောစော ဖောက်ကြည့်လျှင် ၁၂၅ mg% ကျော်နေလျှင် ၂။ အစာစားပြီး နှစ်နာရီ အကြာတွင် ဖောက်ကြည့်လျှင် ၂၀၀mg% ကျော် နေလျှင် ၃။ HbA1c သည် ၆.၅% ထက်များနေလျှင် ဆီးချို ရောဂါ ရှိနေပြီဟုသတ်မှတ်နိုင်ပါသည်။ ဆီးချိုရောဂါဟုသတ်မှတ်ရန် မှာ ထို (၃) ခု လုံး စစ်ဆေး ကြည့်ရန် အလွန် အရေးကြီးပါသည်။ ဥပမာ - နံနက်ပိုင်းအစာမစားမီ လက်ထိပ်မှ တိုင်းသော သကြားဓာတ်သည် Normal အတွင်း ရှိသော်လည်း အစားစားပြီး ၂ နာရီအကြာတွင် တိုင်းသော သကြားဓာတ်သည် များနေသော လူနာတစ်ယောက်ဆိုပါစို့။ လက်ထိပ်ဖောက်ပြီး နံနက်အစားမစားမီ စစ်ဆေးသော အဖြေအား ယူပါက ဆီးချိုမရှိဟု ထင်ရပါသည်။ သို့သော်လည်း အစာစားပြီး ၂ နာရီကြာသော သကြားဓာတ်သည် များနေသည့် အတွက် ထိုလူနာအား HbA1C စစ်ဆေးကြည့်သည့် အခါတွင် များနေမည်ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် HbA1C သည် ၃ လအတွင်း သွေးအတွင်း ရှိနေသော ပျမ်းမျှ သကြားဓာတ်ကို ဖော်ပြသော ကြောင့် ဖြစ်ပါသည်။ HbA1C ၏ အားသာချက်မှာ မိမိ၏ဆီးချို သွေးချို အခြေအနေကို သွေးဖောက်စစ်ဆေးကြည့်ရုံဖြင့် ၃ လ စာ မှတ်တမ်းအား တိကျသေချာစွာ သိရှိနိုင်သောကြောင့် ပိုမိုကောင်းမွန်သော ပိုမို တိကျသော စစ်ဆေးမှု ဖြစ်ပါသည်။

အကယ်၍နံနက်ပိုင်းအစာမစားမီ လက်ထိပ်မှ တိုင်းသော သကြားဓာတ်သည် Normal အတွင်း ရှိသော်လည်း အစားစားပြီး ၂ နာရီအကြာတွင် တိုင်းသော သကြားဓာတ်သည် များနေသော လူနာတစ်ယောက်တွင် HbA1c သည်လည်း ၆.၅% မကျော် (ဆိုလိုသည်မှာ ဆီးချို ရောဂါသတ်မှတ်ချက်တွင်း မရှိသေးပါက) ထိုသူသည် ဆီးချို ရှိသည်ဟုယူဆမည်လား။ ထိုသို့သောလူမျိုးများအတွက် ဆီးချို ရောဂါ အစပျိုးအဆင့် ဆိုသည့် သတ်မှတ်ချက်တစ်ခု ရှိပါသည်။ ဆီးချို ရောဂါ အစပျိုးအဆင့်ဆိုသည် မှာ အဘယ်နည်း။ ၁။ နံနက်စောစော ဖောက်ကြည့်လျှင် ၁၂၅ mg% ကျော်နေပြီး ၊ အစာစားပြီး နှစ်နာရီ အကြာတွင် ဖောက်ကြည့်လျှင် ၂၀၀mg% အောက်သို့ရောက်နေခြင်း ( တစ်နည်းအားဖြင့် အစာမစားမီ တွင် သာ များနေခြင်း) ၂။ နံနက်စောစော ဖောက်ကြည့်လျှင် ၁၂၅ mg% အောက်ရောက်ပြီး ၊ အစာစားပြီး နှစ်နာရီ အကြာတွင် ဖောက်ကြည့်လျှင် ၂၀၀mg% ကျော် နေလျှင် ( တစ်နည်းအားဖြင့် အစာစားပြီး နှစ်နာရီ တွင်သာ များနေခြင်း) ၃။ HbA1c သည် ၆%ထက်ကျော်၍ ၆.၅% အောက်တွင် ရှိခြင်း တို့ဖြစ်ပါသည်။ ဆီးချို ရောဂါ အစပျိုးအဆင့် သုံးမျိုးလုံးမှာ ခန္ဓာကိုယ် တွင်း ရှိ ဆီးချို ထိန်းရာတွင် လိုအပ်သော insulin အင်ဆူလင်ဟုခေါ်သော ဟော်မုန်း၏ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကို ဖော်ပြပြီး ဆီးချို ရောဂါ ဖြစ်ရန် အလွန် လွယ်ကူနေသော အနေအထားတွင် ရှိနေပါသည်။ အစာစားပြီး ၂ နာရီ တွင် သာ များနေသော ဆီးချို ရောဂါ အစပျိုးအဆင့်သည် ဆီးချို ဖြစ်ရန် အလွန် နီးစပ်သော အနေအထားဟုခေါ်နိုင်ပါသည်။ ဆီးချို ရောဂါ အစပျိုးအဆင့် သည် ဆီးချို ဆေးများစတင်သောက်သုံးရန် မလိုအပ်သေးသော်လည်း ဆီးချို၏ လက္ခဏာများကို အမြဲ မပြတ်ကြည့်ရှုလေ့လာနေရန် နှင့် ဆီးချို ရောဂါ အဖြစ်သို့ မကူးပြောင်းသွားရန် ဆီးချိုရောဂါ ရှင် များစားသောက် နေထိုင်သည့်ပုံစံအတိုင်း စားသောက် ရှောင်ကြဉ်ရန် အထူးလိုအပ်ပါသည်။ မိမိကိုယ် ကို စစ်ဆေး ကြည့်သင့်နေသော ဆီးချို လက္ခဏာ များ မှာ ၁။ လူနုံးခြင်း၊ ၂။ ဆီးခဏခဏသွားခြင်း ၃။၊ ရေငတ်ခြင်း ၄။ အနာတစ်ခုခုဖြစ်လျင် အနာ မကျက်ခြင်း ၅။ မျက်လုံးအမြင် ေ၀ဝါးခြင်း ၆။ ခြေဖျားလက်ဖျားထုံကျင်ခြင်း ၇။ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း ဆီးချို ရောဂါ အစပျိုးအဆင့် ရှိသူများသည် အထက်ပါဆီးချိုသွေးချို လက္ခဏာများကို အမြဲ မပြတ် စောင့်ကြည့် နေရုံသာမက မိမိ တွင် သွေးချို စစ်စက်ရှိပါက သို့ မဟုတ် နီးစပ်ရာဆေးခန်း တွင် အစာ မစားမီ နှင့် အစာစားပြီး ၂ နာရီ တွင် သွေးချို လက်ထိပ်ဖောက် မှတ်တမ်းပြု လုပ်ထားသင့်ပါသည်။ ဓာတ်ခွဲခန်းတွင် လည်း HbA1c ဟုခေါ်သော ၃လတာဆီးချို ကို ပြန်လည်ခန့်မှန်းနိုင်သော သွေးအချို ဓာတ်တစ်မျိုးကိုလည်း ၃လ တစ်ခါ သို့ မဟုတ် ၆လ တစ်ခါ စစ်ဆေးနေသင့်ပါသည်။

မဖြစ်ခင် ကြိုတင် ကာကွယ် ရန် မှာ ဆီးချို ရောဂါ ဝင်သွားပြီး မှ ဆေးတစ်သက်လုံးသောက်သွားရခြင်းထက် များစွာ အကျိုးရှိသော ကာကွယ်ခြင်းဖြစ်ပါသည်။ ဆီးချို ရောဂါ အစပျိုးအဆင့် မှ ဆီးချို ရောဂါ အဖြစ် မကူးပြောင်းသွားရန် ကာကွယ်နိုင်သော အစား အသောက် အနေအထိုင် သည် ဆီးချို ရောဂါ ရှိသူများနှင့် အတူတူ ပင်ဖြစ်သည်။ သွေးတွင်း အချို ဓာတ်ကို တက်စေသော အစား အစာ အားလုံးကို ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ သွေးတွင်း အချို ဓာတ်ကို တက်စေသော အစား အစာ များမှာ ချိုသော အစားအစာများနှင့် ကာဗိုဟိုက်ဒရိတ် များသော အစားအစာများဖြစ်ပါသည်။ အဆီများသော အစားအစာများကိုလည်းရှောင်ကြဉ်ရပါမည်။ ရှောင်ကြဉ် ရမည့် အစားအစာ များမှာ အချို များသော ဖျော်ရည်များ ၊gas ပါသော အချိုရည်များ၊ သံဗူး များ၊ ဘီယာ၊ ရေခဲမုန့်၊သကြားလုံး၊ မုန့် အချို များ၊ ကော်ဖီမစ် အထုပ်များ၊ လက်ဖက်ရည်၊ အုန်းနို့ နှင့် လုပ်သော မုန့် များ၊ သကြား ကြံသကာ ထန်းလျက် ၊ပျားရည်၊ ဂလူးကို့စ် ပါသော အစားအစာများ၊ ချိုသောသစ်သီး များ၊ ဒူးရင်းသီး၊ သရက်သီး၊ ဖရဲသီး၊ နာနတ်သီး၊ မင်းဂွတ်သီး၊ ကာဗိုဟိုက်ဒရိတ် များသော အစားအစာများ၊ ထမင်း၊ခေါက်ဆွဲ၊ ပေါင်မုန့်၊ကိတ်မုန့်၊ ပြောင်းဖူး၊ ကန်စွန်းဥ ၊ အာလူး၊သာကူ၊ ဆီများသော အစားအစာများဆီကြော်များ၊ နှစ်ပြန်ကြော်များ၊ အသင့်စား fast food များ၊ ကြက်ကြော် ၊ အာလူးချောင်းကြော်များ ၊ ဝက် သုံးထပ်သား၊ လုံး၀ ရှောင်ကြဉ်ရမည်ဖြစ်သည်။ ထို အစား ဖြည့် ၍ စားသုံးပေးရမည့် အစားအစာများ မှာ အသား နှင့် ပဲ အမျိုး မျိုး(ကုလားပဲ၊ ပဲနီလေး၊ပဲတီစိမ်း) ပဲပြား၊ တို့ဟူး ၊ ဟင်းရွက် အမျိုးမျိုး (ကန်စွန်းရွက်၊ ဂေါ်ဖီထုပ်၊ မုန်လာဥ၊ မှို၊ ပဲတောင့် ရှည်)တို့ဖြစ်ပါသည်။ ထမင်း တစ်ပန်းကန် တွင် သုံးပုံ ပုံ လိုက် လျှင် တစ်ပုံစာသာ ထမင်း ရှိပြီး ကျန် နှစ်ပုံ မှာ အသား နှင့် ဟင်းရွက်တို့ ဖြစ်သင့်ပါသည်။ အသီး စားလျှင်လည်း အချို နည်းသော အသီး များ နဂါးမောက်သီး ၊ ကြက်ဟင်းခါးသီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ရှောက်သီး များ၊ ကော်ဖီသောက်ချင် လျှင် ကော်ဖီအကြမ်းမှုန့် ကို ကော်ဖီမိတ်၊ ဆီးချို သကြားနှင့် ဖျော်သောက် ခြင်း၊ လက်ဖက်ရည် အကြမ်းသောက်ခြင်း၊ အဆီထုတ်ထားသော နွားနို့၊ အချို ရည် သောက်လို လျှင် ဆီးချိုသမားများအတွက်သီးသန့် ထုတ်ထားသော ကယ်လိုရီ မပါသည့် zero cola၊100 plus တို့ သောက်သုံးနိုင်ပါသည်။ အစားစားလျှင် အလွန် အကျွံ မစားဘဲ တစ်ခါစားနည်းနည်း နှင့် အချိန် မှန် မှန် စားသင့်ပါသည်။

ဆီးချို ဆန်ဟူ၍ သီးသန့် မရှိ ။ ကျန်မိသားစုဝင်များနှင့် တစ်အိုးတည်းစားနိုင်ပါသည်။ ပမာဏ ကိုသာ လျှော့၍ စားရန် အရေးကြီးပါသည်။ ကိုယ်လက်လေ့ ကျင့် ခန်း လည်းပုံမှန် ပြုလုပ်သင့်ပါသည်။ ဆီးချို ရောဂါ အစပျိုး အဆင့် ရှိသူများသည် ၀ သော သူများဖြစ်နေတတ်သောကြောင့် ဒူးနာခြင်း၊ လေ့ကျင့်ခန်းပြင်းထန်စွာ မလုပ်နိုင်ခြင်းတို့ဖြစ်နေလျှင်လည်း အနည်းဆုံး တစ်နေ့ လျှင် နာရီဝက်ခန့် လမ်းလျှောက်ခြင်းကိုတစ်ပတ်လျှင် အနည်းဆုံး ၅ ရက် ပြုလုပ်သင့်ပါသည်။ မိမိ တို့၏ ကိုယ် အလေးချိန် ၏ ၁၀- ၁၅% ရာခိုင်နှုန်းခန့် ကျဆင်းလျှင် ပင် မိမိဆီးချို မှာ အတော် ထိန်းနိုင်ပြီး ကျန်းမာရေး လည်း သိသိသာသာ ကောင်းလာမည်ဖြစ်သည်။ ဆီးချို ရောဂါ အစပျိုးအဆင့်သည်ကုသ၍ရသော အခြေအနေတစ်ခုဖြစ်ပါသည်။ ဆီးချို ရောဂါ အစပျိုးအဆင့်သည် သေချာထိန်းသိမ်းမှု မပြု လုပ် ဘဲ နေပါက ဆီးချို ရောဂါ မလွဲမသွေ တစ်နေ့ ဖြစ်ကို ဖြစ်မည် မှာ ၁၀၀ % ရာ နှုန်းပြည့်ဖြစ်ပါသည် လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ပေးခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီဖြစ်ပါသည်။ ဆီးချိုရောဂါရှိသူများအတွက် FBS RBS( မိမိအိမ်တွင်ဖြစ်စေ၊ ဆေးခန်းတွင်ဖြစ်စေ အလွယ်တကူဖောက်စစ်၍ ရသော လက်ထိပ်ဖောက်စစ်ဆေးခြင်း) အပြင် အခြားပြုလုပ်ထားရမည့် အရေးကြီးဆုံးသောစစ်ဆေးမှုများမှာ ၁။ HBA1C( လက်ရှိအချိုရှောင်ထားခြင်းနှင့်မဆိုင်ဘဲ သုံးလအတွင်းမိမိစားခဲ့သမျှ၊ သို့မဟုတ်သေချာထိန်းထားသောဆီးချိုကိုတိုင်းတာပေးခြင်းဖြစ်သဖြင့် မိမိ၏ ဆီးချို CONTROL အစစ်အမှန်ကိုသက်သေပြသော GOLD STANDARD စစ်ဆေးမှုတစ်ခုဖြစ်ပါသည်) ၂။ မိမိ၏ နှလုံးအခြေအနေကိုစစ်ဆေးထားခြင်း (Echo နှလုံးတယ်လီဗွီးရှင်းဓာတ်မှန်ရိုက်၍ စစ်ဆေးခြင်းဖြင့် နှလုံးသွေးကြောကျဉ်းခြင်းနှင့် ဆီးချိုကြောင့် နှလုံး ညှစ်အားကျခြင်း အစရှိသော နှလုံး နှင့် ပက်သက်၍ အသေးစိတ် သိရှိနိုင်ပါသည်။) ၃။ မိမိ၏ကျောက်ကပ်အခြေအနေစစ်ဆေးထားခြင်း ( CREATININE, URINE RE) ကျောက်ကပ်ဓာတ်နှင့် ဆီးစစ်ဆေးခြင်း( ဆီးထဲ ပိုးဝင်မဝင်၊ ဆီးထဲအသားဓာတ်များ၊သွေးများပါဝင်ခြင်းရှိမရှိကို သိရှိနိုင်သည်) ၄။ သွေးတွင်းအဆီဓာတ်စစ်ဆေးခြင်း ( LIPID PROFILE) မိမိ၏သွေးတွင်းအဆီဓာတ် တို့ကို စစ်ဆေးထားခြင်းဖြင့် ဆီးချိုကြောင့် အသက်အန္တရာယ်ပေးနိုင်သော နှလုံးသွေးကြောကျဉ်းခြင်း၊ပိတ်ခြင်း၊ကျောက်ကပ်ပျက်စီးခြင်းတို့ကို စိတ်ချစွာကာကွယ်နိုင်မည်ဖြစ်ပါသည်။ ဆီးချို All in One Package (၄၀၀၀၀ ကျပ်) ၁။ HbA1C ၂။ Total Cholesterol ၃။ Triglyceride ၄။ HDL Cholesterol ၅။ LDL Cholesterol ၆။ Creatinine ၇။ Urine RE ၈။ ECG ၉။ဆီးချိုသွေးချို နှင့် ဟော်မုန်းအထူးကု ဌာနမှ လက်ထောက် ကထိက ဆရာမ ဇာခြည်ပြုံး ကိုယ်တိုင် ဆီးချိုသွေးချို ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန် နှင့် နေထိုင်ပုံနေထိုင်နည်း များပါ ကျန်းမာရေး ဗဟုသုတ အနေဖြင့် ၁၅ မိနစ်ခန့် ပြောကြားပေးမည်ဖြစ်ပါသည်။ ၁၀။ဆီးချို သွေးချို အထူးကု ဌာနမှ အထူးကုသမားတော် ဆရာမ ဇာခြည်ပြုံးနှင့် အဖြေအား ဆွေးနွေးတိုင်ပင် ပြသပြီး ကုသမှု ခံယူခြင်း ဆီးချို All in One Package သည် သွေးချို ဆီးချို ှရှိသော သူများအတွက် ၃ လ တစ်ခါ သို့မဟုတ် ၆ လ တစ်ခါ အမြဲတမ်း စစ်ဆေးပေးသင့်သော စစ်ဆေးမှုများပင်ဖြစ်ပါသည်။ ထိုဝန်ဆောင်မှု ၁၀ မျိုး ပါဝင်သော ဆီးချို All in One Package အား အပြီးအစီး ငွေကျပ် ၄၀၀၀၀ ကျပ် ဖြင့် ဈေးနှုန်းချိုသာ စွာ စစ်ဆေးနိုင်ပြီ ဖြစ်ပါသည်။

ဆီးချို All in One Package စစ်ဆေးလိုသော လူနာများအနေဖြင့် ဆေးခန်းသို့ ၁ နာရီကြိုတင် လာရောက်၍ သွေးဖောက်ရမည်ဖြစ်ပြီး ၁ နာရီအတွင်း သွေးအဖြေရကာ ဆရာမ နှင့် ဆွေးနွေးပြသ နိုင်ပြီ ဖြစ်ပါသည်။ HbA1C Package (၁၈၀၀၀ ကျပ်) ၁။သွေးဖောက်၍ HbA1C အား စစ်ဆေးပေးခြင်း (မိဘပြည်သူများအား ဆေးခန်းသို့ ရောက်သည့် အချိန်တွင် သွေးဖောက်၍ ချက်ချင်း စစ်ဆေးပေးမည်စ်ပြီး ၃၀ မိနစ်အတွင်း အဖြေရကာ ဆရာမ နှင့် ချက်ချင်း ဆွေးနွေးတိုင်ပင် ပြသနိုင်ခြင်း) ၂။ဆီးချိုသွေးချို နှင့် ဟော်မုန်းအထူးကုဌာနမှ လက်ထောက် ကထိက ဆရာမ ဇာခြည်ပြုံးနှင့် အဖြေအား ချက်ချင်းဆွေးနွေးတိုင်ပင် ပြသခြင်း၊ အဖြေအပေါ်မူတည်၍ ကုသမှုပေးခြင်း။ ၃။ ဆီးချိုသွေးချို နှင့် ဟော်မုန်းအထူးကု ဌာနမှ လက်ထောက် ကထိက ဆရာမ ဇာခြည်ပြုံး ကိုယ်တိုင် ဆီးချိုသွေးချို ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန် နှင့် နေထိုင်ပုံနေထိုင်နည်း များပါ ကျန်းမာရေး ဗဟုသုတ အနေဖြင့် ၁၅ မိနစ်ခန့် ပြောကြားပေးမည်ဖြစ်ပါသည်။ ၄။ဆေးခန်းဝန်ဆောင်ခ တို့ပါဝင်မည်ဖြစ်ပြီး HbA1C Package တွင် ပါဝင်သော ဝန်ဆောင်မှု ၄ မျိုးပေါင်း အပြီး စီး ၁၈၀၀၀ ကျပ်ဖြင့် ဝန်ဆောင်မှုပေးနေပြီးဖြစ်ပါသည်။ ထို HbA1C Package တွင် ဆေးဖိုးပါဝင်မည် မဟုတ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။ Echo Package (30000 ကျပ်) ၁။ နှလုံးအထူးကု သမားတော် နှင့် Echocardiogram ရိုက်ကူးခြင်း ၂။3 channel ECG ဆွဲခြင်း ၃။ နှလုံး အထူးကု သမားတော်နှင့် စမ်းသပ် ဆွေးနွေးတိုင်ပင်ပြသခြင်း၊ ကုသမှုခံယူခြင်း ၄။ဆေးခန်း ဝန်ဆောင်မှု၊ တို့ ပါဝင်မည်ဖြစ်ပါသည်။ ဆီးချို၊ သွေးချို နှင့် နှလုံး အပါအဝင် အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများ ပါ စစ်ဆေးလို သော မိဘပြည်သူများ အနေဖြင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။ Medical Checkup အား ခန္ဓာကိုယ် အစိတ်အပိုင်း အစုံအလင် တစ်ခါတည်း ပြည့်ပြည့်စုံစုံ စစ်ဆေးလိုသော သူများအနဖြေင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။ Special Whole Body Promotion ကာလ အား ထပ်မံတိုးမြင့်လိုက် ပြီ ဖြစ်ကြော်း သတင်းကောင်းပါးအပ်ပါသည်။

အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း February လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။ Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။

အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း February လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ နယ်မှ လာရောက်စစ်ဆေးသော မိဘပြည်သူများအတွက် အရေးကြီးပါက တစ်ရက်တည်း ပြီးစီးအောင် စစ်ဆေးနိုင်ရန် အတွက် စီစဉ်ထားပါသည်။ မနက်ပိုင်းသွေးဖောက်စစ်ဆေးပြီး ညနေပိုင်း တွင် အဖြေအပြည့်အစုံဖြင့် နှလုံးအထူးကုသမားတော်နှင့် နေ့ချင်းပြီး ပြသနိုင်ရန်အတွက်လည်း စီစဉ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။

Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၅၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။ Special Promotion for Old Customer ယခင်က Family Doctor အထူးကုဆေးခန်းတွင် Special Whole Body Package ပြုလုပ်ထားပြီး ၆ လ သို့မဟုတ် ၁ နှစ် ပြည့်၍ Special Whole Body Package ပြန်လည်စစ်ဆေးလိုပါက Special Promotion ပြုလုပ်ပေးထားပါသည်။ Special Whole Body Package Old Customer 1 person = 110,000 ကျပ် (ပုံမှန်ဈေး 135,000 ကျပ်) ဖြင့် ဈေးနှုန်း အထူးချိုသာစွာ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ယခင်က ပြုလုပ်ထားသော Special Whole Body အဖြေစာရွက် အား ပြုလုပ်သည့် နေ့တွင် ယူဆောင်လာရမည်ဖြစ်ပါသည်။ သို့မှသာ Special Promotion Discount ရရှိမည်ဖြစ်ပါသည်။ ပုံမှန်အတိုင်း Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။

OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၅၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ 2 years ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ အေးချမ်းသော ညလေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်းသည် အကောင်းမွန်ဆုံး သော အရသာ တစ်ခုပါ။ OSA (Obstructive Sleep Apnoea) ကြောင့် နှစ်ပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင် ဖြစ်နေခြင်းသည် အေးချမ်းခြင်း၏ စစ်မှန်ခြင်း အရသာ ကို မခံစားဖူးသော သူများပင်ဖြစ်ပါသည်။သည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။