
ဖေဖော်ဝါရီ ၁၇ ရက် ယနေ့ နံနက် အစိုးရရုံး တက်ချိန် အစောပိုင်းမှ စ၍ ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် ကားများဘောနက် ဖုံးဖွင့်ပြီး စက်ပျက်၍ လမ်းဆုံ လမ်းခွများ၌ ကားရပ်ထားမှု ကား စီးရေ ရာနှင့်ချီကာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ လမ်းဆုံလမ်းခွ နေရာများဖြစ်သော လှည်းတန်း မီးပွိုင့်အနီး၊ မဟာဗန္ဓုလ ခုံးကျော်တံတား၊ သန်လျင် ခုံးကျော်တံတား၊ ဆူးလေ မီးပွိုင့်အနီး၊ မြောက်ဥက္ကလာမြို့နယ်၊ ဗဟိုဘဏ်နှင့်အနီးတစ်ဝိုက်ဖြစ်သည့် စက်မှု(၁)လမ်းမများပေါ်၌ ယာဉ်စီးရေ ရာနှင့်ချီ ကားပျက်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကလည်း ကားများအား စက်ပျက် မပျက် မေးမြန်းပြီး ကားများအား လမ်းပေါ်မှ တွန်း၍ ဖယ်ရှားခဲ့ကြောင်း သိရသည်။ Credit: