No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

လေဖြန်းခြင်း သည် လေဖြတ်ခြင်း၏ရှေ့ ပြေးလက္ခဏာ တစ်ခုဖြစ်ပြီး တစ်ကြိမ် လေဖြန်းဖူးသည် နှင့်ထိုသူသည်များမကြာမီအနှေးနှင့်အမြန် တစ်နေ့နေ့တွင် လေဖြတ်ခြင်း ကို ခံစားရနိုင်ချေ အရမ်းများပါသည်။ လူအများစုသည် လေဖြတ်ခြင်း ဖြစ်၍ အိပ်ရာထဲလဲ ရမည်ကို ကြောက်ကြသော်လည်း ကာကွယ်၍ရသေးသောအဆင့်ရှေ့ ပြေးနိမိတ်ဖြစ်သည့် လေဖြန်းခြင်း ကိုဖြစ်ထားဖူးလျှင်မူသေချာ ကုသမှုမပြုလုပ်ဘဲ အမှုမဲ့ အမှတ်မဲ့ဆေးသေချာမသောက်ဘဲ နေထိုင် နေခြင်း ကြောင့် တစ်နေ့နေ့တွင် မလိုလားအပ်ဘဲ လေဖြတ်ခြင်း ဖြစ်ကာ အိပ်ရာထဲလဲ နေရခြင်း၊ ခြေတစ်ဖက် လက်တစ်ဖက် စွဲ သွားခြင်း၊ လေဖြတ်ခြင်း ကြောင့် ပင် အစာသည်းခြင်း၊ အဆုတ်ထဲ ပိုးဝင်ခြင်း၊ လေဖြတ်ရောဂါဖြင့် ပင် အသက်ဆုံးရှုံးခြင်း တို့ဖြစ်ကြရပါသည်။ လေဖြတ်ခြင်း မဖြစ်အောင်ကာကွယ်နိုင် ရန် လေဖြန်း ခြင်း လက္ခဏာများ၊ ကျန်းမာရေးဗဟုသုတများကို သေချာသိရှိနားလည်ထားရန် အရေးကြီးလှပါသည်။ https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။ လေဖြန်းခြင်းဖြစ်ပေါ်ပုံ သွေးသည် ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းပြီး အောက်စီဂျင် ကို ဦးနှောက်၊ နှလုံး ၊ ကျောက်ကပ်၊ နှင့် တစ်ကိုယ်လုံးရှိ အင်္ဂါများ အသုံးပြုနိုင်ရန် ပို့ဆောင်ပေးပါသည်။ အောက်ဆီဂျင်ရရှိခြင်း ကြောင့်ခန္ဓာကိုယ်တွင်းဇီဝဖြစ်ပျက်မှုများကောင်းစွာ လည်ပတ်နိုင်ပါသည်။ အောက်စီဂျင် ပြတ်တောက်သွားပါက အသက်ရှင်သန်ရေးအတွက် အလုပ်လုပ်နေကြသော ဆဲလ် များသေဆုံးသွားပြီး တစ်ရှူးများပုတ်သွားသဖြင့် ရောဂါလက္ခဏာများခံစားလာရပါသည်။ ထိုအဆင့်တွင်မူကုသ၍ မရနိုင်တော့ဘဲ နာတာရှည်ရောဂါသည်များဖြစ်လာပြီး မိသားစု နှင့် ပတ်ဝန်းကျင်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာရတော့သည်။ လေဖြန်းခြင်းဖြစ်ပေါ်ပုံမှာ နှလုံးသွေးကြောကျဉ်းခြင်း နှင့် အလားတူပါသည်။ နှလုံးသွေးကြောကျဉ်းခြင်း ကြောင့် နှလုံး မှာ သွေးလုံလောက်စွာ မရရှိသောအခါ ရင်ဘတ်အောင့်ခြင်းကို စတင်ခံစားရပြီး ဆေးသေချာ မသောက်ဘဲ နေပါက နှလုံးသွေးကြောလုံးဝပိတ်သွားသောအခါ နှလုံးကြွက်သားများပုတ်သွားပြီး နှလုံးမှာ ကောင်းစွာ မညှစ်နိုင်တော့ဘဲ အသက်အန္တရာယ်စိုးရိမ်ရပါသည်။ အလားတူစွာပင် လေဖြန်းခြင်း သည် ဦးနှောက်သို့မဟုတ် မြင်လွှာ သို့မဟုတ် ကျောရိုးအာရုံကြောမကိုထောက်ပံ့ပေးသော သွေးကြော ကျဉ်း၍ဖြစ်စေ၊ သွေးခဲ များဖြင့် ပိတ်ဆို့၍ဖြစ်စေ သွေးစီးဆင်းမှုယာယီပြတ်တောက်သွားခြင်းကြောင့် လေဖြတ်သည့်လက္ခဏာများ ယာယီပေါ်လာခြင်းဖြစ်ပြီး လုံးဝအကောင်းပကတိသို့ ၂၄နာရီအတွင်း ပြန်ရောက်သွားနိုင်ပါသည်။ လေဖြန်းခြင်း ရှိဖူးသူသည် နောက်တစ်ကြိမ် ထပ်ဖြစ်ရန် အခွင့် အရေး အလွန်များပြီး နောက် တစ်ကြိမ်တွင် လေဖြန်းသကဲ့သို့ အကောင်းပကတိပြန်ဖြစ်ရန်မှာ မသေချာတော့ဘဲ ဦးနှောက် အာရုံကြောဆဲလ်လေးများလုံးဝသေဆုံးပျက်စီးသွားလျှှုင် ပြန်မကောင်းနိုင်တော့ဘဲ လုံးဝလေဖြတ်ခြင်း အဆင့်သို့ ရောက်သွားရပါသည်။

လေဖြန်းခြင်း၏ရောဂါလက္ခဏာများမှာ ၁။ ကိုယ်တစ်ခြမ်း ထုံကျဉ်ခြင်း၊ လေးခြင်း၊ ကောင်းစွာ မလှုပ်ရှားနိုင်ခြင်း ၂။ မျက်နှာတစ်ခြမ်းရွဲ့ သွားခြင်း၊ ပြုံး၍ရယ်၍မရတော့ခြင်း ၂။ စကားမပြောနိုင်ခြင်း၊ လျှာလေးသွားခြင်း၊ စကား နားမလည်တော့ခြင်း ၃။ မူးဝေခြင်း၊ ဟန်ချက် မထိန်းနိုင်ခြင်း ၄။ မျက်လုံးတစ်ဖက် ရုတ်တရတ် မမြင်ရတော့ခြင်း ၅။ အမြင်အာရုံနှစ်ထပ်ဖြစ်ခြင်း စသည်ဖြင့် သွေးခေတ္တပြတ်လတ်သွားသည့် အစိတ်အပိုင်းပေါ်မူတည်၍ ရောဂါလက္ခဏာ အမျိုးမျိုးကွဲပြားပါသည်။ သွေးပြတ်လတ်သွားနိုင်သည့် အကြောင်းရင်းများမှာ ၁။ သွေးကြောကျဉ်းနေခြင်း (ဆေးလိပ်သောက်ခြင်း၊ သွေးအဆီများခြင်း၊ ဆီးချို၊သွေးတိုးရောဂါရှိခြင်း၊ မိသားစုမျိုးရိုးရှိသူများတွင် သွေးကြောနံရံများတွင် အဆီများအနည်များစုပုံပြီးသွေးကြောကျဉ်းခြင်းဖြစ်စေပါသည်။) ၂။ ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းတွင်ရှိနေသော သွေးခဲ ကကွဲထွက်ပြီးဦးနှောက် ဆီသို့ ရောက်လာတတ်ခြင်းကြောင့် ဦးနှောက်သို့ပို့ပေးသော သွေးလမ်းကြောင်း ယာယီပိတ်ဆို့မှုဖြစ်ခြင်း အထူးသဖြင့် နှလုံးစည်းချက် မမှန်သောသူများ၊ နှလုံးအဆို့ရှင်ရောဂါရှိသူများ၊ နှလုံးခန်း ကျယ်နေသူများ နှင့် နှလုံးအပေါက်ပါသူများတွင် နှလုံး အိမ်တွင်း သွေးခဲနေတတ်ပြီး စည်းချက်မမှန်သည့် အခါ သွေးခဲအား စွဲလှုပ်ခါသကဲ့သို့ဖြစ်ကာ သွေးခဲပြုတ်ထွက်ပြီး ဦးနှောက်သွေးကြောတွင်း သွားရောက် ပိတ်ဆို့ခြင်းဖြစ်တတ်ပါသည်။ ထို့ကြောင့် warfarin ဟုခေါ်သော သွေး ကြဲဆေး ကို နှလုံးသွေးခဲရန် အလားအလာရှိသော နှလုံးရောဂါဝေဒနာ ရှင် များတွင် သေချာ သွေးကြဲနှုန်းတိုင်းတာပြီး နှလုံးသမားတော် နှင့် သေချာ ချိန်ဆသောက်သုံးခြင်း လေဖြန်းခြင်းကို အထိုက်အလျောက် ကာကွယ်နိုင်ပါသည်။ ၃။ သွေးကြောရောင်ရောဂါရှိသူများတွင် သွေးကြောနံရံများရောင်ရမ်းလာသောအခါ နံရံမှာဖောင်းလာပြီး သွေးကြောတွင်းသွေးစီးဆင်းသည့်လမ်းကြောင်း ပိတ်ဆို့ခြင်း ၄။ သွေးပြစ်ရောဂါရှိသူများတွင် သွေး စီးဆင်းမှု နှေးကွေး တတ်ခြင်း တို့ဖြစ်ပါသည်။ လူသိနည်းသေးပြီး အထူးသတိပြုသင့်သော ရောဂါ တစ်ခု မှာ ညအိပ်စဉ် အသက်ရှူရပ်ခြင်း ဖြစ်ပေါ်စေသော Obstructive Sleep Apnoea ဖြစ်ပါသည်။ OSA ရောဂါ သည် အဘယ့်ကြောင့် လေဖြတ်စေသနည်း ဆိုသည့် အချက်အား အောက်တွင် အသေးစိတ်ဖော်ပြထားပါသည်။ ညအိပ်စဉ် အသက်ရှူရပ်ခြင်းနှင့် လေဖြတ်ခြင်း ည အိပ်စဉ် အသက်ရှူလမ်းကြောင်း ပိတ်ခြင်း သွေးအတွင်း ရှိ အောက်ဆီဂျင် ဓာတ် ကျဆင်းစေပါသည်။ ဥပမာ ပြောရလျှင် ရေ အောက်အတွင်း အသက်ရှူအောင့်ထားသော သကဲ့သို့ ဖြစ်ပါသည်။ သွေးအတွင်း အောက်ဆီဂျင် ကျဆင်းလာသောကြောင့် ခန္ဓာကိုယ် အတွင်း တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာပါသည်။ အရင်ဆုံး ဦးနှောက်သို့ စီးဝင်သော သွေးများသည် အောက်ဆီဂျင် နည်းနေသောကြောင့် ခန္ဓာကိုယ် အရေးကြီးသော အစိတ်အပိုင်းများသို့ အောက်ဆီဂျင် ပိုရရန် အတွက် သွေးများပိုမို ပို့ဆောင်ရန် လိုအပ်သော ကြောင့် သွေးပေါင်တက်လာပြီး နှလုံးခုန်မြန်လာပါသည်။ နှလုံး အား ပို၍ မြန်မြန် ခုန်ခိုင်းသောကြောင့် ခန္ဓာကိုယ်သို့ ရောက်ရှိသော သွေးပမာဏ များလာပါသည်။ ထို့အပြင် သွေးကြောလေးများ ကျဉ်း လာ သောကြောင့် သွေးပေါင်ချိန်တက်လာပြီး သွေးစီးဆင်းနှုန်း မြန်လာပါသည်။

သို့သော်လည်း ထိုကဲ့သို့ နည်းလမ်းဖြင့် အသက်ရှူလမ်းကြောင်း ပိတ်ပြီး အသက်ရှူရပ်ခြင်းအား ခန္ဓာကိုယ် မှ ဖြေရှင်းသော်လည်း အိပ်ပျော်ပြီး လေပြွန်ပိတ်နေသည့် အတွက် နောက်ဆုံး တွင် ဦးနှောက်မှ အိပ်နေသော အခြေအနေမှ လန့်နိုးလာပြီး အားစိုက်၍ အသက်ရှူစေခြင်းဖြင့် အိပ်နေရာမှ ရုတ်တရက် လန့်နိုးစေပြီး အသက်ပုံမှန်ပြန်ရှူပါသည်။ ထိုအချိန်မှ သာ ခန္ဓာကိုယ် မှာ ကာဗွန်ဒိုင် အောက်ဆိုဒ်များ ထွက်သွားပြီး လေပြန် ဝင်လာသည့် အတွက် သွေးအတွင်း အောက်ဆီဂျင် မှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားသည့် အတွက် နှလုံး ခုန် ပုံမှန် ပြန်ဖြစ်ပြီး သွေးပေါင်ပြန်လည်ကျဆင်းသွားပါသည်။ အခုလို OSA ဖြစ်ပြီး အသက်ရှူရပ်ခြင်းသည် လေဖြတ်ခြင်းအား မည်ကဲ့သို့ ဖြစ်စေသနည်း။ တကယ်တမ်း OSA ဖြစ်နေသည့် အခါတွင် အသက်ရှူရပ်ခြင်း သည် တစ်နာရီအတွင်း အကြိမ်ပေါင်းများစွာ ဖြစ်ပါသည်။ အချို့ အသက်ရှူရပ်ခြင်း ဆိုးသော လူနားများတွင် တစ်နာရီတွင် အသက်ရှူ ရပ်ခြင်း အခါ ၇၀၊ ၈၀ အထိ ပင် ဖြစ်သော သူများပင်ရှိပါသည်။ ဆိုလိုသည် မှာ အထက်တွင် ဖော်ပြထားသော ဖြစ်စဉ်မျိုး အကြိမ် ၇၀၊ ၈၀ ဖြစ်သည့်အတွက် သွေးကြောများမှာ ကျဉ်းလိုက် ကျယ်လိုက်ဖြစ်ပြီး နှလုံး ခုန်ခြင်းသည် နှေးလိုက် မြန်လိုက်ဖြစ်စေပါသည်။ ထိုကဲ့သို့ နှေးလိုက်မြန်လိုက်ဖြစ်စေခြင်းကြောင့် နှလုံး ခုန် စည်းချက်မမှန်ခြင်းများ ဖြစ်စေပါသည်။ နှလုံး ခုန် စည်းချက်မမှန်ခြင်းများ ဖြစ်ခြင်းကြောင့် နှလုံးစည်းချက် ဆိုင်ရာ နောက်ဆက်တွဲ နှလုံး ရောဂါများ ခံစားရစေပါသည်။ သွေးကြောများသည် လည်း ကျဉ်းလိုက် ကျယ်လိုက် ဖြစ်စေခြင်းကြောင့် သွေးကြောနံရံများ ထိခိုက်ပျက်စီးခြင်းအား ပိုမို ဖြစ်စေပါသည်။ ထိုမျှသာမက သွေးကြောများသည် နောက်ပိုင်းတွင် သွေးကြော အကျဉ်း အကျယ် မလုပ်နိုင်တော့ပဲ သွေးကြော မာကြောခြင်းများဖြစ်ပြီး သွေးတိုးအား ဆေးသောက်သော်လည်း မကျခြင်း ကုသရ ခက်ခဲခြင်းများ ဖြစ်စေပါသည်။ သွေးတိုးကျဆေး ဖြင့် သွေးတိုးကျအောင် ကုသခြင်းဆိုသည်မှာ သွေးကြောပြန်မကျဉ်းအောင် ဆေးဖြင့် ထိန်းထားခြင်း ဖြစ်ပါသည်။ သွေးကြော ပြန်မကျဉ်းတော့သည့် အတွက် သွေးကြော အတွင်း ရှိ Pressure လည်း ကျသွားသည့် အတွက် သွေးပေါင်လည်း ကျသွားခြင်းဖြစ်ပါသည်။ အရေးကြီးသည်မှာ ထိုကဲ့သို့ သွေးကြောများမာသွားပြီး သွေးပေါင် အမြဲတိုးနေခြင်း သည် လေဖြတ်ခြင်း အား ပိုမိုဖြစ်စေပါသည်။ ဦးနှောက်အတွင်း ရှိ သွေးကြောများသည် ဆံချည်မျှင် သွေးကြောများဖြစ်ပါသည်။ ထို ကဲ့သို့ သေးမျှင်သောသွေးကြောများတွင် သွေးပေါင် အမြဲတက်နေခြင်းသည် သွေးကြောမျှင် လေးများ ၏ နံရံအား ပွတ်တိုက်မှု များစေပြီး သွေးကြော နံရံအား ထိခိုက်စေပါသည်။ အခန့်မသင့်၍ နံရံ ပျက်စီးသွားလျှင် ခန္ဓာကိုယ် သွေးအတွင်း ရှိ သွေးဥမွှားများသည် နံရံ ထပ်မံ မပျက်စီးစေရန်အတွက် လာရောက်ဖာထေးပါသည်။ ထိုကဲ့သို့ ဖာထေးခြင်းသည် အလွန်သေးသော ဆံချည်မျှင်သွေးကြောအား သွေးခဲ၍ ပိတ်ဆို့ မှု ဖြစ်စေပြီး ဦးနှောက် သို့ သွေးမရောက်တော့ပဲ လေဖြတ်ခြင်းအား ဖြစ်ပေါ်စေခြင်းဖြစ်ပါသည်။

OSA ကြောင့် အသက်ရှူရပ်ပြီး လေဖြတ်စေခြင်းသည် အလွန်ပင်များပါသည်။ လူတွေသည် အသိနည်းနေ သေး၍ ကိန်းဂဏန်းအား ဖြင့် သတိမပြုမိခြင်းဖြစ်ပါသည်။ နိုင်ငံခြားတွင် ပြုလုပ်ထားသော စစ်တမ်းများအရ ၇၀ ရာခိုင်နှုန်းသော လေဖြတ်သောသူများတွင် OSA ရှိနေသော သူများ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ထို စစ်တမ်း အရရော အထက်တွင် ဖော်ပြထားသော အကြောင်း အရင်းကို ပါ ဖတ်ရှုခြင်းအားဖြင့် OSA သည် မိမိကျန်းမာရေး အတွက် မည်မျှ အန္တရာယ် ကြီး သလဲ ဆိုတာ မှန်းဆ၍ ရနိုင်ပါသည်။ Sleep Study Test ဖြင့် OSA ရှိမရှိ စစ်ဆေးပြီး အကယ်၍ ရှိသည်ဆိုပါက Auto CPAP အသက်ရှူ စက်တပ်၍ ကုသသင့်ပါသည်။ ထို OSA ရောဂါသည် အန္တရာယ်များသော်လည်း ကုသနည်း မှာ အလွန်လွယ်ကူပြီး ထိရောက်ပါသည်။ အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်သွားခြင်းဖြစ်သည့် အတွက် အသက်ရှူ စက်တပ်၍ အိပ်ခြင်းဖြင့် စက်သည် မိမိ အသက်ရှူရပ်သွားသည်နှင့် တပြိုင်နက် စက်မှ Pressure ဖြင့် ပိတ်ဆို့ နေသော လေပြွန်အား လေမှုတ်သွင်းခြင်းဖြင့် အသက်ရှူလမ်းကြောင်း ပိတ်ခြင်း အသက်ရှူ ရပ်ခြင်းများ မရှိတော့ပါ။ OSA ကြောင့် ဟောက်နေသောသူများတွင် လည်း အသက်ရှူလမ်းကြောင်း ကျဉ်းခြင်း မရှိသောကြောင့် ဟောက်ခြင်းများ လည်း စက်တပ်အိပ်ခြင်းဖြင့် လုံးဝ ပျောက်ကင်းသွား သည့် အတွက် မိသားစုဝင်များပါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါသည်။ အမှန်တကယ် ဆိုရသော် လေဖြတ်ခြင်း သည် ကြောက်မက်ဖွယ်ကောင်းသော်လည်း မိမိကျန်းမာရေးအား စစ်ဆေးပြီး စောလျင်စွာ ကုသမှု ခံယူခြင်းဖြင့် ကြိုတင် ကာကွယ်နိုင်သော ရောဂါ တစ်ခုဖြစ်ပါသည်။ အထက်တွင် ဖော်ပြထားသော လေဖြတ်ခြင်းအား ဖြစ်စေသော အကြောင်းအရင်းမျာအား ကြိုတင် စစ်ဆေးပြီး စောလျင်စွာ ကုသမှု ခံယူပါက ကြိုတင် ကာကွယ်နိုင်သော ရောဂါ တစ်ခုဖြစ်ပါသည်။ လေဖြတ်ခြင်းအား ကြိုတင်ကာကွယ်ရန် စစ်ဆေးသင့်သည့်လူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။ ဆေးလိပ်သောက်သူများ ၂။ သွေးတိုးရောဂါရှိသူများ ၃။ အဝလွန်သူများ ၄။ သွေးတွင်း အဆီ များသူများ ၅။ ဆီးချိုရောဂါရှိသူများ ၆။ အရက်အလွန်အကျွံသောက်သူများ ၇။ တစ်ကြိမ်လေဖြန်းဖူးသူများ ၈။ နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ ၉။ နှလုံးနှင့်ပတ်သတ်သည့်ရောဂါတစ်ခုခုရှိသူများ ၁၀။ သွေးကြဲဆေး သောက်၍သွေးကြဲနှုန်းပုံမှန် စစ်ဆေးမှုမလုပ်သူများ ၁၁။ညအိပ်စဉ်တွင် ဟောက်သော သူများ၊ အသက်ရှူရပ်ခြင်း ရှိသောသူများ အထက်ပါအချက်များတစ်ချက်ချက်ရှိနေပါက မိမိသည်လေဖြတ်ခြင်းသို့မဟုတ်လေဖြန်းခြင်းဖြစ်ရန်အလားအလာအလွန်များနေသောကြောင့်မိမိ၏ ကျန်းမာရေးအခြေအနေ ကိုသေချာစစ်ဆေးထားရန်လိုပါသည်။

စစ်ဆေးသင့်သည့် အရာများ ၁။ သွေးတွင်း အဆီဓာတ် (lipid profile) - သွေးတွင်းအဆီများခြင်းသည်သွေးကြောပိတ်ခြင်းနှင့်တိုက်ရိုက်ဆက်စပ်လျက်ရှိသောကြောင့်မိမိ၏သွေးတွင်းအဆီဓာတ်ကိုသေချာစစ်ဆေး၍လိုအပ်ပါ သွေးအဆီကျဆေးသေချာသောက်ရပါမည်။ ၂။ ဆီးချို ရှိမရှိ ( RBS and HbA1c)- ဆီးချိုရောဂါရှိသူသည်လေဖြတ်ရန်၊ နှလုးသွေးကြောပိတ်ရန်ရာနှုန်းမှာသာမန်လူထက်အဆများစွာပိုများသောကြောင့် မိမိဘာသာမသိလိုက်ဘဲဆီးချိုရှိနေခြင်းမျိုးလား၊ မိမိတွင်ဆီးချိုရှိနေပြီးသားဆိုလျှင် လည်းမိမိ ဆီးချိုcontrol ကောင်းမကောင်းကို HbA1c ဖြင့်သေချာစစ်ဆေးသင့်ပါသည်။ ၃။ သွေး ပေါင်ချိန် - သွေးတိုးခြင်းသည်လည်းလေဖြတ်ခြင်း၏အကြောင်းရင်းတစ်ရပ်ဖြစ်သောကြောင့်သွေးပေါင်ကိုပေါ့ပေါ့ဆဆမထားဘဲသေချာသွေးကျဆေးဖြင့်ထိန်း၍ ပုံမှန် ၁၄၀/၉၀ အောက်တွင်အမြဲရှိနေအောင်ထားသင့်ပါသည်။ ၄။ နှလုံးECG and Echo - နှလုံးခုန်နှုန်းမမှန်ခြင်းများကို လည်းECG မှတစ်ဆင့်သိရှိနိုင်ပြီး နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများရှိနေပါက သွေးကြဲဆေး၊ နှလုံးခုန်နှုန်းထိန်းဆေးတို့ကိုသေချာသောက်ခြင်းဖြင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်ပါသည်။ ထို့အပြင် နှလုံး Echo ရိုက်ခြင်းအားဖြင့် လည်း နှလုံးအခန်းများ ခုန်ရာတွင် စည်းချက်ညီမညီ၊ နှလုံးသွေးကြော ကျဉ်းခြင်း ရှိမရှိ ၊ နှလုံး ညှစ်အား ကျမကျ၊ နှလုံး အခန်းတွင် လေဖြတ်စေသော ဦးနှောက်သွေးကြော ပိတ်စေနိုင်သော သွေးခဲများ နှလုံး ခန်း အတွင်း ရှိမရှိ စသည် တို့ အား အသေးစိတ် သိရှိရပြီး ကြိုတင် ဦးနှောက် သွေးကြော အတွက် သာ မက နှလုံး အတွက် ပါ ကုသမှု ခံယူ၍ ရပါသည်။ ၅။ သွေးအား (CP Auto)- သွေးနီဥများသောရောဂါများတွင်လည်းလေဖြတ်ခြင်းဖြစ်တတ်သောကြောင့်မိမိ သွေးအားကိုစစ်ဆေးထားသင့်ပါသည်။ ၆။Sleep Study Test ညအိပ်စဉ် အသက်ရှူရပ်ခြင်း ရှိမရှိအား Level 3 Sleep Study Test ဖြင့် စစ်ဆေးပြီး OSA ရောဂါ ရှိပါက စက်တပ်၍ ကြိုတင် ကုသမှု ခံယူသင့်ပါသည်။

အမှန်တကယ်အား ဖြင့် လေဖြတ်ခြင်းအတွက် ကြိုတင် ကာကွယ်ရန် အတွက် ကျန်း မာရေး စစ်ဆေးမှု Medical Checkup ပြုလုပ်မည်ဆိုလျှင် Special Whole Body Package သည် အကောင်းဆုံး ကျန်းမာရေးစစ်ဆေးမှု ဖြစ်ပါသည်။ လေဖြတ်ခြင်းအား ကြိုတင် ကာကွယ်ရန် အတွက် သာမက အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်သော နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ အူလမ်းကြောင်း အစရှိသော အစိတ်အပိုင်းများအတွက် စစ်ဆေးပြီး ခြင်း ဖြစ်သည့်အတွက် အလွန်ပင် အကျိုးများ သော ကျန်းမာရေးစစ်ဆေးမှု ဖြစ်ပါသည်။ Medical Checkup ဆိုတာ ရောဂါတွေ့မှ ထိရောက်တာ မဟုတ်ပါဘူး။ ရောဂါ တစ်ခုခု တွေ့ဖို့ မျှော်လင့်ပြီး လုပ်တာမဟုတ်ပါဘူး။ ရောဂါ မရှိတာ ကို မရှိကြောင်း သိရှိရတာကိုက ဝမ်းသာစရာပါ။ ရောဂါမရှိသည့် အတွက် မိမိကိုယ်ကို ကျန်းမာနေကြောင်း သိရှိတာက ပီတဖြစ်စရာပါ။ တကယ်လို့ ရောဂါ တွေ့ခဲ့လျှင်လည်း လက္ခဏာမပြသေးခင် တွေ့တာဖြစ်သည့်အတွက် ရောဂါ မကျွမ်းခင် ကြိုတင်ကုသမှု ခံယူလို့ ရတဲ့အတွက် လူနာအတွက် အများကြီးအကျိုးရှိသော ကျန်းမာရေးစစ်ဆေးမှုဖြစ်ပါတယ်။ Medical Checkup အား ခန္ဓာကိုယ် အစိတ်အပိုင်း အစုံအလင် တစ်ခါတည်း ပြည့်ပြည့်စုံစုံ စစ်ဆေးလိုသော သူများအနဖြေင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။ Special Whole Body Promotion ကာလ အား January လကုန် အထိ တိုးမြင့်ပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။ January အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း January လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။

Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။ January အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း January လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ နယ်မှ လာရောက်စစ်ဆေးသော မိဘပြည်သူများအတွက် အရေးကြီးပါက တစ်ရက်တည်း ပြီးစီးအောင် စစ်ဆေးနိုင်ရန် အတွက် စီစဉ်ထားပါသည်။ မနက်ပိုင်းသွေးဖောက်စစ်ဆေးပြီး ညနေပိုင်း တွင် အဖြေအပြည့်အစုံဖြင့် နှလုံးအထူးကုသမားတော်နှင့် နေ့ချင်းပြီး ပြသနိုင်ရန်အတွက်လည်း စီစဉ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၅၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် ခြေဖျားလက်ဖျား ထုံကျင်ခြင်းနှင့် အခြားသော ထုံကျင်ခြင်း အမျိုးမျိုး သာမက လေဖြတ်ခြင်း၊ လေဖြန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ အစရှိသော ဦးနှောက်နှင့် အာရုံကြော ရောဂါ အမျိုးမျိုးအား ဆွေးနွေးတိုင်ပင်ပြသ နိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။ ၁။ ဒေါက်တာ ထက်ထက်လင်း M.B.,B.S (Ygn), M.Med.Sc (Int. Med) MRCP(UK), Dr.Med.Sc (Neurology) Fellowship in Clinical Neurology (Malaysia) ဦးနှောက်နှင့် အာရုံကြော အထူးကုသမားတော် ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးပညာဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၄း၃၀ နာရီ။ ၂။ဒေါက်တာ ဇင်ဖြူထွန်း M.B.,B.S (Ygn), M.Med.Sc (Int. Med) MRCP(UK),Dr.Med.Sc (Neurology) ဦးနှောက်နှင့် အာရုံကြော အထူးကုသမားတော် ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးပညာဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာ မှ သောကြာနေ့အထိ ညနေ၅း၃၀။ စနေ နှင့် တနင်္ဂနွေနေ့ ညနေ ၄ နာရီ။ ၃။ဒေါက်တာ ဆွေကြင်း M.B.,B.S (Ygn), M.Med.Sc (Int. Med) MRCP(UK),Dr.Med.Sc (Neurology) ဦးနှောက်နှင့် အာရုံကြော အထူးကုသမားတော် ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးပညာဌာန မြောက်ဥက္ကလာပ ဆေးရုံကြီး အင်္ဂါနေ့ ညနေ ၆း၃၀ တနင်္ဂနွေနေ့ ညနေ ၅ နာရီ။

ခြေဖျားလက်ဖျား ထုံကျင်ခြင်းနှင့် အခြားသော ထုံကျင်ခြင်း အမျိုးမျိုး သာမက လေဖြတ်ခြင်း၊ လေဖြန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ အစရှိသော ဦးနှောက်နှင့် အာရုံကြော ရောဂါ အမျိုးမျိုးအား ဆွေးနွေးတိုင်ပင်ပြသလိုသော မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်းဖုန်းနံပါ တ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး ကြိုတင် Booking ရယူနိုင်ပြီ ဖြစ်ကြောင်းမိဘပြည်သူများအားသတင်းကောင်းပါးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာအမှတ် SA-9၊ အောင်ဇေယျအိမ်ယာ၊ သစ်တောရပ်ကွက်၊ ဆင်မင်းဈေးရှေ့၊ ကမ်းနားလမ်းမပေါ်၊ CB Bank ဘေး၊ အလုံမြို့နယ် ဖြစ်ပါသည်။ Special Promotion for Old Customer ယခင်က Family Doctor အထူးကုဆေးခန်းတွင် Special Whole Body Package ပြုလုပ်ထားပြီး ၆ လ သို့မဟုတ် ၁ နှစ် ပြည့်၍ Special Whole Body Package ပြန်လည်စစ်ဆေးလိုပါက Special Promotion ပြုလုပ်ပေးထားပါသည်။ Special Whole Body Package Old Customer 1 person = 110,000 ကျပ် (ပုံမှန်ဈေး 135,000 ကျပ်) ဖြင့် ဈေးနှုန်း အထူးချိုသာစွာ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ယခင်က ပြုလုပ်ထားသော Special Whole Body အဖြေစာရွက် အား ပြုလုပ်သည့် နေ့တွင် ယူဆောင်လာရမည်ဖြစ်ပါသည်။ သို့မှသာ Special Promotion Discount ရရှိမည်ဖြစ်ပါသည်။ ပုံမှန်အတိုင်း Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။

OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၅၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ 2 years ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ အေးချမ်းသော ညလေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်းသည် အကောင်းမွန်ဆုံး သော အရသာ တစ်ခုပါ။ OSA (Obstructive Sleep Apnoea) ကြောင့် နှစ်ပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင် ဖြစ်နေခြင်းသည် အေးချမ်းခြင်း၏ စစ်မှန်ခြင်း အရသာ ကို မခံစားဖူးသော သူများပင်ဖြစ်ပါသည်။သည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။