
ကိုဗစ်ကူးစက်ခံရပြီးနောက် စမွတ်ဆာခွန်ခရိုင်ဆေးရုံသူနာပြုတစ်ဦး သေဆုံး . ကိုဗစ်-၁၉ ကူးစက်ခံထားရသည့် စမွတ်ဆာခွန်ခရိုင်ဆေးရုံသူနာပြုတစ်ဦးသည် ယမန်နေ့ (၁-၈-၂၀၂၁) ည ၉ နာရီအချိန်တွင် ရန်ချဝီထီးဆေးရုံ၌ အသက်သေဆုံးခဲ့သည်ဟု စမွတ်ဆာခွန်ဆေးရုံအုပ်ကထံမှ သိရသည်။ . သေဆုံးသူသူနာပြုသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့တွင် အဖျားဝင်ပြီး လည်ချောင်းနာ ချောင်းဆိုး သည့်လက္ခဏာခံစားရပြီးနောက် ဇူလိုင် ၂၆ ရက်နေ့တွင်စစ်ဆေးကြည့်ရာ ပိုးတွေ့ရှိခဲ့၍ ဇူလိုင် ၂၇ ရက်နေ့တွင် စမွတ်ဆာခွန်ဆေးရုံတွင်ဆေးကုသမှုခံယူခဲ့သည်ဟု ဆေးရုံအုပ်ကဆိုသည်။ . ဆေးရုံသို့ရောက်ရှိလာပြီးနောက်တွင် လူနာပိုမောလာခြင်းကြောင့် အောက်ဆီဂျင်ပေးခဲ့ရပြီးမသက်သာ လာ၍ အထူးကြပ်မတ်ကုသခန်း (အိုင်စီယူ) သို့ပို့ဆောင်ခဲ့ရသည်။ ထို့နောက် ဇူလိုင် ၃၀ ရက်နေ့တွင် ရတ်ချဝိထီးဆေးရုံသို့ဆက်လက်ပို့ဆောင်ခဲ့ရပြီး ဩဂုတ်လ ၁ ရက်နေ့ ည ၉ နာရီအချိန်တွင် ကွယ်လွန် ခဲ့သည်ဟု ၎င်းကဆက်လက်ပြောပြသည်။ . သေဆုံးသူသည်ကိုယ်အလေးချိန်မြင့်မားသူဖြစ်၍ ကာကွယ်ဆေးဘေးထွက်ဆိုးကျိုးအပေါ်စိုးရိမ်ခြင်း ကြောင့် ပထမအသုတ်တွင်ထိုးနှံခြင်းမပြုဘဲ ဒုတိယအသုတ်တွင် ပထမအကြိမ်ထိုးနှံပြီး ၇ ရက်အကြာ တွင် ပိုးကူးစက်ခံရသည်ဟု ဆိုသည်။ သေဆုံးသူ အသက် ၄၆ နှစ်ရှိသူနာပြုသည် စမွတ်ဆာခွန်ဆေးရုံ၌ ၁၉၉၈ ခုနှစ်တွင် စတင်တာဝန်ထမ်း ဆောင်သည့်ကျွမ်းကျင်သူနာပြုတစ်ဦးဖြစ်သည်ဟု သိရသည်။ . Ref: สำนักงานประชาสัมพันธ์จังหวัดสมุทรสาคร Photo : สำนักงานประชาสัมพันธ์จังหวัดสมุทรสาคร . #Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Englishpremierleague #Postbykyawkyawoo . Credit: