
မင်းတပ်တိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၃ဦးထက်မနည်းသေဆုံး ဇွန်လ၃ရက်နေ့နံနက်ပိုင်းကဖြစ်ပွားခဲ့သော မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်နှင့် အကြမ်းဖက်စစ်တပ်တို့တိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၃ဦးထက်မနည်းသေဆုံးခဲ့သည်။ တိုက်ပွဲတွင်စစ်ကောင်စီဘက်မှ အနည်းဆုံး ၃ ယောက်မှ ၇ယောက်ကျဆုံးပြီး ၄ ယောက်ဒဏ်ရာရသည်ဟု ခန့်မှန်းရကြောင်းမင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ အကြမ်းဖက်စစ်တပ််အနေဖြင့် ဇွန်လ၂ရက်နေ့ည၁၀နာရီဝန်းကျင်တွင် အင်အား၆၀ခန့်ဖြင့်ချင်း-မကွေးနယ်စပ် ရွှေအောင်သာရွာထဲမှဘုန်းကြီးကျောင်းတွင် တပ်စွဲခဲ့ပြီး နံနက်၀၅:၃၀ မှ ၇ နာရီ ဝန်းကျင်အထိ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်နှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးယခုကဲ့သို့သေဆုံးရခြင်းဖြစ်သည်။ အကြမ်းဖက်စစ်သားများသေဆုံမှုရှိခဲ့သော်လည်းပြည်သူ့ကာကွယ်ရေးဘက်မှ အထိအခိုက်အကျအဆုံးမရှိခဲ့ပေ။ Photo_ MPA(ယခင်ကရိုက်ကူးထားသောပုံအဟောင်းဖြစ်ပါသည်) Source-MPA Credit: