
နေပြည်တော် လူမှုဖူလုံရေး CDM ဝန်ထမ်းတွေ ရုံးတက်ဖို့ ဖိအားပေးခံနေရ ~~~~~ ■ နေပြည်တော်မှာရှိတဲ့ CDM လုပ်နေတဲ့ လူမှုဖူလုံရေးဝန်ထမ်းအိမ်ယာက နေအိမ်လိုင်းခန်းတွေကို အာဏာသိမ်းစစ်ကောင်စီက ပစ္စည်းတွေ အပြင်ထုတ်တာ၊ အခန်းသော့ခတ်တာတွေ လုပ်နေတယ်လို့ ဝန်ထမ်းတွေကပြောပါတယ်။ လက်ရှိမှာ CDM ဝန်ထမ်းတွေနေတဲ့ အိမ်ခန်း ၁၀၀ နီးပါးကို သော့ခတ်တာ ပစ္စည်းတွေအပြင်ထုတ်တာတွေ ဆောင်ရွက်နေပြီး တချို့နီးစပ်က အိမ်တွေကို ရွှေ့ပြောင်းရတာတွေရှိတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာနအောက်ရှိ လူမှုဖူလုံရေးဌာနမှာ CDM လုပ်နေတဲ့ ဝန်းထမ်း ၆၀၀ နီးပါးရှိပြီး သူတိုကို ရုံးပြန်တက်ဖို့ ဌာနတာဝန်ရှိသူတွေက နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးနေတယ်လို့လည်း ဝန်ထမ်းတွေက ဆိုပါတယ်။ Credit: