No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာ့အိမ်နီးချင်းတွေရဲ့ ကာကွယ်ထိုးဆေးအစီအစဉ် ~~~~~~~~~~ စမ်းစမ်းတင် WorldOMeter ဇယားမှာ မြန်မာကို ကမ္ဘာ့နိုင်ငံ ၇၀ မြောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ တိုင်းပြည်အဖြစ် ဖော်ပြထားပါတယ်။ အိန္ဒိယမှာ covid-19 ကာကွယ်ဆေးထိုးပေးနေပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေပါ ဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ ထိုင်းနိုင်ငံကို တရုတ်နိုင်ငံက ကာကွယ်ထိုးဆေးတွေ ရှေ့လမှာရောက်ရှိလာပါမယ်။ ဒီအကြောင်းတွေကို တင်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာသစ် ၄၄၉ ယောက် ထပ်တွေ့ရပြီး ၁၃ ယောက် ထပ်မံသေဆုံးရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ည ၈ နာရီမှာ ကြေညာပါတယ်။ ကွယ်လွန်သွားရသူတွေထဲ ၁၂ ယောက်က ရောဂါအခံရှိသူတွေဖြစ်ပြီး လူ ၅၈၀ ကျော် ဆေးရုံကဆင်းသွားကြပါတယ်။ စုစုပေါင်း လူ ၁၃၄၀၀၀ ကျော်ကူးစက်ခံရပြီး ၂၉၅၅ ယောက် သေဆုံးရပါတယ်။ နိုင်ငံတကာသုတေသီတွေပြုစုတဲ့ WorldOMeter ဇယားမှာ ကမ္ဘာ့နိုင်ငံ ၇၀ မြောက် ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရတဲ့အဆင့်ကို မြန်မာရောက်သွားပြီး အိမ်နီးချင်း အိန္ဒိယက ကမ္ဘာမှာ ဒုတိယမြောက် အများဆုံးကူးစက်ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ ပြည်တွင်းမှာတင် ကာကွယ်ဆေးထုတ်လုပ်နိုင်တဲ့ အိန္ဒိယဟာ လူ ၁၉၀၀၀၀ ကျော်ကို စနေနေ့က ပထမတစ်ကြိမ်ထိုးနှံပေးနိုင်ပြီး ဆေးအရှိန်ကြောင့် နောက်ဆက်တွဲသက်ရောက်တဲ့ ဒဏ်နဲ့ဆေးရုံတက်ရတဲ့လူမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမဲ့ နယူးဒေလီမြို့က All India Institute of Medical Sciences ဆေးသိပ္ပံတက္ကသိုလ်က လုံခြုံရေး အစောင့်တစ်ယောက်ကတော့ ဆေးထိုးပြီးတဲ့နောက် မကြာခင် ဓာတ်မတည့်တဲ့ ဝေဒနာခံစားရတယ်လို့ ဒေသတွင်း သတင်းမှာပါရှိတဲ့အကြောင်း CNA- Channel News Asia သတင်းက ဖော်ပြပါတယ်။ Oxford-AstraZeneca နဲ့ တတိယအဆင့် စမ်းသပ်ရဦးမယ့် ပြည်တွင်းထုတ် Covaxin ကို အရေးပေါ်သုံးဖို့ အာဏပိုင်တွေက အတည်ပြုထားပါတယ်။ လူဦးရေ သန်းတစ်ထောင်နဲ့ သုံးသိန်းရှိတဲ့ အိန္ဒိယဟာ ဇူလိုင်လအရောက် လူ သန်း ၃၀၀ လောက်ကို ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်ထားပါတယ်။ နောက် မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံဟာ Oxford-AstraZeneca က ထုတ်လုပ်တဲ့ ကာကွယ်ဆေး မရခင်စပ်ကြား တရုတ် Sinovac Biotech ဇီဝဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ ဆေးအလုံး ၂ သန်း ဖေဖော်ဝါရီမှာ ရရှိမယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။ တရုတ်နိုင်ငံကထုတ်လုပ်တဲ့ဆေးဟာ ဗိုင်းရပ်စ်ပိုးကို သတ်၊ အဆိပ်အားကို လျှော့လုပ်တဲ့ ကာကွယ်ဆေးဖြစ်တယ်လို့ ဆိုပါတယ်။ Oxford-AstraZeneca ကာကွယ်ဆေးက မေလမှာရရှိမှာဖြစ်ပြီး ဆေးအလုံးရေ ၂၆ သန်း မှာထားပါတယ်။ ထိုင်းနိုင်ငံမှာ မနေ့က အတည်ပြုလူနာသစ် ၃၇၄ ယောက်ထပ်တွေ့တဲ့အတွက် covid-19 ရောဂါကူးစက်ခံရတဲ့လူ ၁၂၀၀၀ ကျော်ရှိပြီး ကမ္ဘာ့ ၁၂၇ နိုင်ငံမြောက် ကူးစက်ခံရတဲ့ အဆင့်မှာရှိပါတယ်။ ထပ်မံသေဆုံးတဲ့လူ မနေ့က မရှိဘဲ လူ ၇၀ သေဆုံးထားပါတယ်။ အတည်ပြုလူနာ အများစုဟာ စမွတ်ဆာခွန်က ဖြစ်ပါတယ်။ ၃၂၁ ယောက်ဟာ နိုင်ငံခြားသားတွေဖြစ်ပြီး ၄၃ ယောက်က ပြည်တွင်းမှာ ဆေးစစ်ရာက ပိုးရှိတာကိုတွေ့ရတာလို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။ ၁၀ ယောက်က ပြည်ပက ရောက်လာသူတွေဆီမှာ တွေ့ရတာပါ။ ၄၃ ယောက်ထဲ ၂၄ ယောက်က စမွတ်ဆာခွန်ကဖြစ်ပါတယ်။ အဲဒီ ၄၃ ယောက်ထဲ ပတုပလောင် ခရိုင်က မြန်မာအလုပ်သမား နှစ်ယောက်နဲ့ လာအို အလုပ်သမားယောက် ပါဝင်ပြီး သူတို့ကို ဆေးရုံပို့ဆောင်ထားပါတယ်။ Trang ခရိုင် ရော်ဘာစက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသား နှစ်ယောက် ကူးစက်ခံရတယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။ တခြားလူတွေ ကူးစက်နိုင်တာမို့ သူတို့ သွားလာတဲ့နေရာတွေကို ခြေရာခံလိုက်နေတယ်လို့ ပြောပါတယ်။ တရားမဝင် ရွှေ့ပြောင်းလုပ်သား ၅၀၀၀၀ လောက်ရှိပြီး အရေးယူခံရမှာကို စိုးရိမ်စိတ်နဲ့ ပိုးကူးခံရတာရှိ-မရှိ စစ်ဆေးရမှာကို ဒီမှတ်ပုံတင်မထားသူတွေရော သူတို့ အလုပ်ရှင်တွေကပါ ရှောင်နေကြတယ်လို့ covid-19 ဆိုင်ရာ စီမံရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ လောလောဆယ် ကင်းလွတ်ခွင့်ပေးထားတဲ့ သက်တမ်းမကုန်ခင် သူတို့ကိုယ်တိုင် ဒါမှမဟုတ် အလုပ်ရှင်တွေက အလုပ်သမားဝန်ကြီးဌာနမှာ မှတ်ပုံတင်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ - Unicode ~~~~~~~~~~~~~ မြန်မာ့အိမ်နီးချင်းတွေရဲ့ ကာကွယ်ထိုးဆေးအစီအစဉ် ~~~~~~~~~~ စမ်းစမ်းတင် WorldOMeter ဇယားမှာ မြန်မာကို ကမ္ဘာ့နိုင်ငံ ၇၀ မြောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ တိုင်းပြည်အဖြစ် ဖော်ပြထားပါတယ်။ အိန္ဒိယမှာ covid-19 ကာကွယ်ဆေးထိုးပေးနေပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေပါ ဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ ထိုင်းနိုင်ငံကို တရုတ်နိုင်ငံက ကာကွယ်ထိုးဆေးတွေ ရှေ့လမှာရောက်ရှိလာပါမယ်။ ဒီအကြောင်းတွေကို တင်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာသစ် ၄၄၉ ယောက် ထပ်တွေ့ရပြီး ၁၃ ယောက် ထပ်မံသေဆုံးရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ည ၈ နာရီမှာ ကြေညာပါတယ်။ ကွယ်လွန်သွားရသူတွေထဲ ၁၂ ယောက်က ရောဂါအခံရှိသူတွေဖြစ်ပြီး လူ ၅၈၀ ကျော် ဆေးရုံကဆင်းသွားကြပါတယ်။ စုစုပေါင်း လူ ၁၃၄၀၀၀ ကျော်ကူးစက်ခံရပြီး ၂၉၅၅ ယောက် သေဆုံးရပါတယ်။ နိုင်ငံတကာသုတေသီတွေပြုစုတဲ့ WorldOMeter ဇယားမှာ ကမ္ဘာ့နိုင်ငံ ၇၀ မြောက် ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရတဲ့အဆင့်ကို မြန်မာရောက်သွားပြီး အိမ်နီးချင်း အိန္ဒိယက ကမ္ဘာမှာ ဒုတိယမြောက် အများဆုံးကူးစက်ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ ပြည်တွင်းမှာတင် ကာကွယ်ဆေးထုတ်လုပ်နိုင်တဲ့ အိန္ဒိယဟာ လူ ၁၉၀၀၀၀ ကျော်ကို စနေနေ့က ပထမတစ်ကြိမ်ထိုးနှံပေးနိုင်ပြီး ဆေးအရှိန်ကြောင့် နောက်ဆက်တွဲသက်ရောက်တဲ့ ဒဏ်နဲ့ဆေးရုံတက်ရတဲ့လူမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမဲ့ နယူးဒေလီမြို့က All India Institute of Medical Sciences ဆေးသိပ္ပံတက္ကသိုလ်က လုံခြုံရေး အစောင့်တစ်ယောက်ကတော့ ဆေးထိုးပြီးတဲ့နောက် မကြာခင် ဓာတ်မတည့်တဲ့ ဝေဒနာခံစားရတယ်လို့ ဒေသတွင်း သတင်းမှာပါရှိတဲ့အကြောင်း CNA- Channel News Asia သတင်းက ဖော်ပြပါတယ်။ Oxford-AstraZeneca နဲ့ တတိယအဆင့် စမ်းသပ်ရဦးမယ့် ပြည်တွင်းထုတ် Covaxin ကို အရေးပေါ်သုံးဖို့ အာဏပိုင်တွေက အတည်ပြုထားပါတယ်။ လူဦးရေ သန်းတစ်ထောင်နဲ့ သုံးသိန်းရှိတဲ့ အိန္ဒိယဟာ ဇူလိုင်လအရောက် လူ သန်း ၃၀၀ လောက်ကို ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်ထားပါတယ်။ နောက် မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံဟာ Oxford-AstraZeneca က ထုတ်လုပ်တဲ့ ကာကွယ်ဆေး မရခင်စပ်ကြား တရုတ် Sinovac Biotech ဇီဝဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ ဆေးအလုံး ၂ သန်း ဖေဖော်ဝါရီမှာ ရရှိမယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။ တရုတ်နိုင်ငံကထုတ်လုပ်တဲ့ဆေးဟာ ဗိုင်းရပ်စ်ပိုးကို သတ်၊ အဆိပ်အားကို လျှော့လုပ်တဲ့ ကာကွယ်ဆေးဖြစ်တယ်လို့ ဆိုပါတယ်။ Oxford-AstraZeneca ကာကွယ်ဆေးက မေလမှာရရှိမှာဖြစ်ပြီး ဆေးအလုံးရေ ၂၆ သန်း မှာထားပါတယ်။ ထိုင်းနိုင်ငံမှာ မနေ့က အတည်ပြုလူနာသစ် ၃၇၄ ယောက်ထပ်တွေ့တဲ့အတွက် covid-19 ရောဂါကူးစက်ခံရတဲ့လူ ၁၂၀၀၀ ကျော်ရှိပြီး ကမ္ဘာ့ ၁၂၇ နိုင်ငံမြောက် ကူးစက်ခံရတဲ့ အဆင့်မှာရှိပါတယ်။ ထပ်မံသေဆုံးတဲ့လူ မနေ့က မရှိဘဲ လူ ၇၀ သေဆုံးထားပါတယ်။ အတည်ပြုလူနာ အများစုဟာ စမွတ်ဆာခွန်က ဖြစ်ပါတယ်။ ၃၂၁ ယောက်ဟာ နိုင်ငံခြားသားတွေဖြစ်ပြီး ၄၃ ယောက်က ပြည်တွင်းမှာ ဆေးစစ်ရာက ပိုးရှိတာကိုတွေ့ရတာလို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။ ၁၀ ယောက်က ပြည်ပက ရောက်လာသူတွေဆီမှာ တွေ့ရတာပါ။ ၄၃ ယောက်ထဲ ၂၄ ယောက်က စမွတ်ဆာခွန်ကဖြစ်ပါတယ်။ အဲဒီ ၄၃ ယောက်ထဲ ပတုပလောင် ခရိုင်က မြန်မာအလုပ်သမား နှစ်ယောက်နဲ့ လာအို အလုပ်သမားယောက် ပါဝင်ပြီး သူတို့ကို ဆေးရုံပို့ဆောင်ထားပါတယ်။ Trang ခရိုင် ရော်ဘာစက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသား နှစ်ယောက် ကူးစက်ခံရတယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။ တခြားလူတွေ ကူးစက်နိုင်တာမို့ သူတို့ သွားလာတဲ့နေရာတွေကို ခြေရာခံလိုက်နေတယ်လို့ ပြောပါတယ်။ တရားမဝင် ရွှေ့ပြောင်းလုပ်သား ၅၀၀၀၀ လောက်ရှိပြီး အရေးယူခံရမှာကို စိုးရိမ်စိတ်နဲ့ ပိုးကူးခံရတာရှိ-မရှိ စစ်ဆေးရမှာကို ဒီမှတ်ပုံတင်မထားသူတွေရော သူတို့ အလုပ်ရှင်တွေကပါ ရှောင်နေကြတယ်လို့ covid-19 ဆိုင်ရာ စီမံရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ လောလောဆယ် ကင်းလွတ်ခွင့်ပေးထားတဲ့ သက်တမ်းမကုန်ခင် သူတို့ကိုယ်တိုင် ဒါမှမဟုတ် အလုပ်ရှင်တွေက အလုပ်သမားဝန်ကြီးဌာနမှာ မှတ်ပုံတင်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ - Zawgyi ~~~~~~~~~~~~~ Credit