
မန္တလေးတိုင်းက ၉ ရက်ဆက်တိုက် ပိုးတွေ့ရှိမှုအများဆုံးအဖြစ်တည်ရှိနေဆဲ ယနေ့ညနေ ၅ နာရီမှာ မနေ့က ပိုးတွေ့လူနာများရဲ့ တိုင်း/ပြည်နယ်အလိုက်စာရင်းကို ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး ပိုးတွေ့ရှိမှုအများဆုံးက မန္တလေးတိုင်းဖြစ်နေတာကို တွေ့ရပါတယ်။ မန္တလေးတိုင်းက ယခင်က ပိုးတွေ့ရှိမှုအများဆုံးဖြစ်တဲ့ ရန်ကုန်ထက် ပိုးတွေ့ရှိမှု များပြားလာတာဖြစ်ပြီး ယနေ့စာရင်းအရ မန္တလေးတိုင်းမှာ ပိုးတွေ့လူနာ ၉၅ ဦးတွေ့ရှိပြီး ရန်ကုန်တိုင်းက ၅၁ ဦးတွေ့ရှိတာကြောင့် နှစ်ဆနီးပါး များပြားနေတာကိုလည်း တွေ့ရပါတယ်။ Crd