ဖိလစ်ပိုင်တစ်ယောက်ပြောတဲ့ မြန်မာတွေအကြောင်း ~~~~~ နိုင်ငံရေးမတည်ငြိမ်မှုကြားက ကြင်နာမှု၊ ရိုးသားမှုနဲ့ မေတ္တာတရား - မြန်မာလူမျိုးတွေဟာ စိန်လို တောက်ပနေတယ်။ အကြမ်းဖက်မှုတွေဖြစ်တုန်းက ဒီလူတွေဟာ လမ်းပေါ်ကျန်နေခဲ့တဲ့ ပစ္စည်းတွေကို သိမ်းဆည်းစုဆောင်းပြီး ပြန်ရောင်းဖို့ ပိုက်ဆံရှာဖို့မဟုတ်ဘဲ ပိုင်ရှင်တွေ ပြန်လာယူဖို့ကို စောင့်နေကြတာ။ တကယ်ကို ထူးခြားတဲ့လူတွေပဲ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း သူတို့တွေ အများကြီး ကြုံတွေ့ခဲ့ရပြီးပါပြီ။ - အင်တာနက်ဖြတ်တယ် - ညမထွက်ရအမိန့်ထုတ်တယ် - ATM စက်တွေထဲမှာ ငွေမရှိဘူး - ဘဏ်တွေ ပိတ်ထားတယ် - စူပါမားကတ်တွေ ကုန်စုံဆိုင်တွေ ပိတ်တယ် - ကိုဗစ်ကပ်ရောဂါကလဲ ရှိနေသေးတယ် (ကျန်တာတွေတော့ ပြဿနာတက်မှာစိုးလို့ မပြောတော့ဘူး) မြန်မာလူမျိုးတွေလည်း အများကြီး ကြုံတွေ့ဖြတ်သန်းခဲ့ရပါတယ်။ လမ်းပေါ်မှာ အခုလို iPhone12, Samsung Note Ultra ဖုန်းတွေ၊ စျေးကြီးတဲ့ ဖိနပ်တွေ အစရှိသဖြင့် ကျန်နေခဲ့တာကို ပြန်မရောင်းဘဲ ပိုင်ရှင်တွေကို ပြန်ပေးဖို့ ရွေးချယ်ကြတယ်။ (သူတို့ အများစုက အလုပ်မရှိကြဘူး ဝင်ငွေလဲ နည်းတယ်) ဒီလိုခက်ခဲနေတာတောင် လမ်းပေါ်မှာ ကျန်နေတဲ့ ပစ္စည်းတွေကို သေချာစုထားပြီး ပိုင်ရှင်တွေ ပြန်လာယူဖို့ကို စောင့်နေကြတာ အံ့မခန်းပဲ။ ပြန်ရောင်းစားမယ့်အစား သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို ဖဲ့ပြီး နေပူပူကြီးအောက်မှာ ပိုင်ရှင်တွေကို စောင့်နေကြတယ်။ မြန်မာတွေရဲ့ ခံနိုင်ရည်စွမ်း၊ ရိုးသားမှု၊ သဒ္ဒါတရား နဲ့ ကြင်နာမှုဟာ တကယ်ကို လေးစားစရာပါ။ ရှားမှရှားတဲ့ လူတွေပါပဲ။ မြန်မာလူမျိုးတွေက ကောက်ရတဲ့ ပစ္စည်းတွေကို သူတို့ပိုင်တယ်လို့ မပြောတတ်ကြတာ သဘာဝပဲ။ ကျွန်တော် အရင်က မြန်မာပလာဇာ Gloria Jeans ရဲ့အပြင်ဘက် စားပွဲခုံမှာ iPad သို့မဟုတ် ရုံးအိတ်ကို ထားခဲ့ပြီး ခုံနေရာယူဖူးတယ်။ တစ်ခါမှ ဘာမှ မပျောက်ခဲ့ဘူး။ ကမ္ဘာအေးဘုရားလမ်းက ဒီလောက်လူတွေ အများကြီး သွားနေတာတောင်နော်။ ကျွန်တော်ကတော့ ဒီနိုင်ငံမှာ ရှိနေရတာ ဂုဏ်ယူတယ်။ မြန်မာတွေနဲ့ အလုပ်လုပ်ရတာ ကျေးဇူးတင်တယ်။ ဒီမှာနေရတာ မိသားစုလိုလူတွေနဲ့ အတူရှိနေရတာ ပျော်တယ်။ ဓာတ်ပုံဆရာ ဘယ်သူလဲ မသိပေမယ့် Credit ပေးပါတယ်။ မြန်မာလူမျိုးတွေ ဘယ်လောက်လှတယ်ဆိုတာ ကမ္ဘာကသိဖို့ လိုအပ်တယ်လို့ တွေးမိလို့ပါ။ #WeMedia Credit:
