No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဖျာပုံသပိတ်ဖြိုခွဲစဉ်သေဆုံးခဲ့သူ ရုပ်အလောင်းကို နေအိမ်မှာ လာရောက်ရင်ခွဲစစ်ဆေး ဖျာပုံမြို့မှာ မတ်လ ၈ ရက်က ပြုလုပ်တဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ပစ်ခတ်ဖြိုခွင်းစဉ်မှာ သေဆုံးခဲ့တဲ့ ကိုသီဟဦးရဲ့ ရုပ်အလောင်းကို ဒီနေ့ မတ်လ ၁၀ ရက် မွန်းလွဲပိုင်းမှာ ဂူမသွင်းခင် ဖျာပုံဆေးရုံအုပ်ကြီး၊ ကျန်းမာရေးဝန်ထမ်းတစ်ဦးနဲ့ အာဏာပိုင်တွေက နာရေးအိမ်မှာ လာရောက်ရင်ခွဲစစ်ဆေးသွားတယ်လို့ မျက်မြင်တွေက ဘီဘီစီကို အတည်ပြုပါတယ်။ ဒီသတင်းအပါအဝင် နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်နေမှု https://www.bbc.com/burmese/live/burma-56331237 ပုံစာ-ဖျာပုံသပိတ်မှာသေဆုံးခဲ့တဲ့ ကိုသီဟဦးဖြစ်ပါတယ်။ သပိတ်ရှေ့နား ဒဏ်ရာရလို့ လဲကျသွားတဲ့ ကိုသီဟဦးကို လူတွေ ဝိုင်းဝန်းဆွဲထုတ်ကယ်ဆယ်ဖို့ကြိုးစားတဲ့ ရုပ်သံက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Credit: