No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

နှလုံးအဆို့ရှင်သည် နှလုံး တစ်ခုလုံး ပုံမှန် အလုပ်လုပ်ရန် အတွက် အလွန်အရေးကြီးသော အစိတ်အပိုင်းဖြစ်ပါသည်။ မိဘပြည်သူများကြားဖူးမည် ထင်ပါသည်။ လေးဘက်နာ နှလုံးရောဂါ ဖြစ်ပြီး နှလုံး အဆို့ရှင် များ ပျက်စီးသွားသောကြောင့် နှလုံးပျက်စီးပြီး မောခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း စသည့် ရောဂါလက္ခဏာများ ဖြင့် အသက်ဆုံးရှူံးရသည့် သာဓက များလည်း ရှိပါသည်။ အချို့သော လေးဘက်နာဝေဒနာရှင်များ မှာလည်း နှလုံး အဆို့ရှင် ပျက်စီးနေသည်ကို စောလျင်စွာသိရှိပြီး နှလုံး မပျက်စီးခင် အဆို့ရှင်အား ခွဲစိတ်ပြီး ကောင်းသော အဆို့ရှင်ဖြင့် လဲလှယ်နိုင်ခဲ့သောကြောင့် နှလုံးထပ်မံ မပျက်စီးတော့ပဲ သက်တမ်းစေ့နေထိုင်သွားသော မိဘပြည်သူများလည်းရှိပါသည်။ ထို့ကြောင့် နှလုံးအဆို့ရှင် သည် လည်း နှလုံးအတွက် အလွန်အရေးကြီးသော အစိတ်အပိုင်းဖြစ်ပါသည်။ အောက်တွင် နှလုံးအဆို့ရှင် အား အသေးစိတ်နားလည်စေရန် နှလုံးအဆို့ရှင် အကြောင်းနှင့် အလုပ်လုပ်ပုံအား ဖောြ်ပထားပါသည်။ ထို့အပြင် နှလုံးအဆို့ရှင် မည်ကဲ့သို့ ပျက်စီးသည့်အကြောင်းအား လည်း ဖော်ပြထားပြီး အဖြစ်များသော အဆို့ရှင် ရောဂါများလည်း ဖော်ပြထားပါသည်။ လိုအပ်သောမိဘပြည်သူများအတွက် Share လုပ်ပေးခြင်ဖြင့် ကျန်းမာရေးကုသိုလ်ပါဝင်နိုင်ပါပြီ။ နှလုံးအဆို့ရှင်ဆိုသည်မှာ နှလုံး၏ မည်သည့် အစိတ်အပိုင်းအား ခေါ်ဆိုသနည်း။ နှလုံးအဆို့ရှင် အား နားလည်အောင် ရှင်းပြရန်မှာ နှလုံးအကြောင်း အနည်းငယ် နားလည်အောင် ရှင်းပြရန် လိုအပ်ပါသည်။ နှလုံးသည် အခန်း ၄ ခန်းဖြင့် ဖွဲ့စည်း တည်ဆောက်ထားပါသည်။ နှလုံးအား ခွဲခြမ်း စိတ်ဖြာကြည့် မည်ဆိုလျှင် ဘယ်ဘက်တွင် နှစ်ခန်းနှင့် ညာဘက်တွင် နှစ်ခန်း စုစုပေါင်းလေးခန်း ရှိပါသည်။ မိဘပြည်သူများသည် သွေးလွှတ်ကြော နှင့် သွေးပြန်ကြော ဟူ၍ သိရှိပြီးသား ဖြစ်ပါမည်။ တစ်နည်းအား ဖြင့် ပိုမိုရှင်းလင်းအောင် ရှင်ပြရလျှင် သွေးလွှတ်ကြောသည် အဆုတ်မှ သန့်စင်ပြီးသားသွေးများသည် ခန္ဓာကိုယ် အစိတ်အပိုင်းအနှံ့သို့ သွားခြင်းဖြစ်ပါသည်။ သွေးပြန်ကြောဆိုသည်မှာ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးမှ သွေးညစ်များသည် နှလုံးသို့ ပြန်လာခြင်းဖြစ်ပါသည်။ ထို့ကြောင့် သွေးပြန်ကြောဟုခေါ်ပါသည်။ ပုံတွင် အပြာရောင်ခြယ်ထားသော အပိုင်းသည် သွေးညစ်များဖြစ်ပါသည်။ အနီရောင်ခြယ်ထားသော အပိုင်းသည် သွေးသန့်များဖြစ်ပါသည်။ ပုံတွင်ပြထားသည့်အတိုင်း နှလုံး၏ ညာဘက်အပေါ်ခန်း (Right Atrium RA) မှ ခန္ဓာကိုယ်၏ သွေး ညစ်များအား လက်ခံပြီး နှလုံးညာဘက် အောက်ခန်း (Right Ventricle RV) သို့ ရောက်ပါသည်။ ထို နှလုံးညာဘက် အခန်းမှ အဆုတ်သို့ သွေးများ ညှစ်ထုတ်ခြင်းဖြစ်ပါသည်။ နှလုံးဘယ်ဘက်အပေါ်ခန်း (Left Atrium LA) သည် အဆုတ်မှလာသော သွေးသန့်များအား လက်ခံပါသည်။ ထိုသွေးသန့်များသည် နှလုံးအောက်ဘက်ခန်း (Left Ventricle LV) သို့ရောက်လာပြီး သွေးလွှတ်ကြောမ ကြီး (Aorta) မှ တစ်ဆင့် ခန္ဓာကိုယ် အနှံ့သို့ ရောက်ရှိသွားပါသည်။ ထိုအခန်း ၄ ခန်းအား ပိုင်းခြားပေးထားသည် မှာ နှလုံးအဆို့ရှင်များဖြစ်ပါသည်။ တစ်နည်းအားဖြင့် နှလုံးအဆို့ရှင်များသည် တံခါးပေါက်ကဲ့သို့ ပြုမူဆောင်ရွက်ပါသည်။ ပုံတွင် တွေ့ရသည့်အတိုင်း RA ဟုရေးထားသည့် နှလုံးညာဘက်အပေါ်ခန်းနှင့် RV ဟုရေးထားသော နှလုံးအောက်ခန်းအား အဆို့ရှင်ဖြင့် ပိုင်းခြားထားပါသည်။ RV တွင် အဆုတ်သို့ သွားသော သွေးကြောမကြီး Pulmonary Artery (PA) နှင့် RV အား ပိုင်းခြားထားသည့် အဆို့ရှင် တစ်ခုအား တွေ့မြင်ရမည်ဖြစ်ပါသည်။ ဘယ်ဘက်တွင်လည်း ထိုနည်းလည်းကောင်းဖြစ်ပါသည်။ LA ဟုရေးထားသည့် နှလုံးဘယ်ဘက်အပေါ်ခန်းနှင့် LV ဟုရေးထားသည့် နှလုံးဘယ်ဘက် အောက်ခန်းအား အဆို့ရှင် တစ်ခုဖြင့် ပိုင်းခြားထားပြီး LV နှင့် ခန္ဓာကိုယ် အနှံ့သို့သွားသည့် သွေးလွှတ်ကြောမကြီးကြားတွင် အဆို့ရှင်ဖြင့် ပိုင်းခြားထားပါသည်။ စုစုပေါင်း နှလုံး တစ်ခုတွင် လည်း အဆို့ရှင် ၄ ခု ရှိပါသည်။ နှလုံးအဆို့ရှင် မည်ကဲ့သို့ အလုပ်လုပ်သနည်း။ အဆို့ရှင်များသည် အနီးစပ်ဆုံး ဥပမာ ပေးရလျှင် အိမ်တံခါးပေါက်နှင့် တူပါသည်။ အဆို့ရှင်အလုပ်လုပ်ပုံအား နားလည်ရန်အတွက် ကနဦးအားဖြင့် နှလုံးညှစ်ပုံ အလုပ်လုပ်ပုံအား ဦးစွာနားလည်ရန် လိုအပ်ပါသည်။ နှလုံး၏ အဓိက လုပ်ငန်းဆောင်တာသည် ခန္ဓာကိုယ်အနှံ့သို့ သွေးများ ရောက်သွားအောင် ညှစ်ထုတ်ခြင်းဖြစ်ပါသည်။ RA, LA ဟုခေါ်သော နှလုံး အပေါ်ခန်းနှစ်ခုသည် သွေးလက်ခံသည့် အခန်းဖြစ်ပါသည်။ ခန္ဓာကိုယ်မှလာသော သွေးများသည် ထို RA, LA အခန်းနှစ်ခန်းတွင် ဦးစွာ စုဆောင်းပါသည်။ သွေးများပြည့်လာသည့် အခါတွင် နှလုံးအပေါ်ခန်းနှစ်ခန်းဖြစ်သည့် RA,LA နှစ်ခန်းသည် ပြိုင်တူညှစ်ပါသည်။ ထို အချိန်တွင် RV,LV နှစ်ခန်းသည် မညှစ်ပဲ Relax State အနေဖြင့် နေနေပါသည်။ ထိုအခါတွင် RA နှင့် RV ကြားမှ အဆို့ရှင်သည် တံခါးပွင့်သလို ပွင့်သွားပြီး သွေးများသည် အောက်သို့ စီးဆင်းပြီး RV ထဲတွင် ရောက်ရှိသွားပါသည်။ LA, LV အတွက် လည်း ထိုနည်းတူဖြစ်ပါသည်။ LA နှင့် LV ကြားမှ အဆို့ရှင်သည် တံခါးပွင့်သလို ပွင့်သွားပြီး သွေးများသည် အောက်သို့ စီးဆင်းပြီး LV ထဲတွင် ရောက်ရှိသွားပါသည်။ RA, LA ထဲမှ သွေးများကုန်သွားသောအခါတွင် RA, LA သည် မညှစ်တော့ပါ။ ထိုအခါတွင် ပွင့်နေသော အဆို့ရှင်သည် ပြန်ပိတ်သွားပါသည်။ ထို့နောက် RV,LV တွင် သွေးပြည့်နေသည့်အတွက် RV,LV သည် စညှစ်ပါသည်။ ထိုအခါတွင် RA, RV ကြားတွင် ရှိသော အဆို့ရှင် တံခါးသည် ပိတ်မြဲပိတ်နေမည်ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် နှလုံးအဆို့ရှင် တံခါးများ အားလုံးသည် တစ်ဖက်ပွင့် (One Direction) သာပွင့်ပါသည်။ နောက်ပြန်ပြန်မပွင့်သည့်အတွက် RV ညှစ်သော အခါတွင် အဆို့ရှင်တံခါးမှာပိတ်နေပြီး သွေးများသည် RA အတွင်းသို့ပြန်မရောက်ပါ။ ထိုအချိန်တွင် RV နှင့် Pulmonary Artery (PA) ဆက်နေသော အဆို့ရှင်သည် ပွင့်နေမည်ဖြစ်ပြီး သွေးများအားလုံးသည် ထို PA အတွင်းသို့ စီးဆင်းသွားမည်ဖြစ်ပါသည်။ LA,LV ဘက်တွင်လည်း ထိုနည်းတူဖြစ်ပါသည်။ LV မှသွေးများအားလုံးသည် LA ထဲသို့ အပေါ်သို့ပြန်မဝင်ဘဲ အဆို့ရှင်သည် လုံနေအောင်ပိတ်ထားသောကြောင့် သွေးများအားလုံးသည် LV နှင့် သွေးလွှတ်ကြောမကြီး Aorta တို့ဆက်နေသော အဆို့ရှင်မှာ ပွင့်သွားပြီး ခန္ဓာကိုယ်အနှံ့ ရောက်သွားမည်ဖြစ်ပါသည်။ အဆို့ရှင်သည် သွေးစီးဆင်းရာ လမ်းကြောင်းအတိုင်းပွင့်နေမည်ဖြစ်ပါသည်။ ယခုဆိုလျှင် အဆို့ရှင် အလုပ်လုပ်ပုံအား အနည်းအကျဉ်း သဘောပေါက်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် အဆို့ရှင်သည် သွေးအား One Direction သွားစေရာတွင် မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါသည်။

အဆို့ရှင် ထိခိုက်ပျက်စီးလျှင် မည်ကဲ့သို့ နှလုံးအား ဒုက္ခပေးမည်နည်း။ အဆို့ရှင် ပျက်စီးရာတွင် ပျက်စီးခြင်း နှစ်မျိုးသာ ရှိပါသည်။ အဆို့ရှင် ကျဉ်းခြင်းနှင့် အဆို့ရှင် မလုံခြင်းဖြစ်ပါသည်။ အဆို့ရှင်ကျဉ်းခြင်း အဆို့ရှင် ကျဉ်းခြင်းဆိုသည် မှာ အဆို့ရှင် ထိခိုက်စေသော ရောဂါ အခံကြောင့် ဖြစ်စေ (ဥပမာ လေးဘက်နာရောဂါ) ကြောင့် အဆို့ရှင် တံခါးသည် အပြည့်မပွင့်ခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် တံခါးသည် သံချေးတက်၍ အပြည့်ဖွင့်၍ မရသော ပုံစံကဲ့သို့ ဖြစ်ပါသည်။ ထိုအခါတွင် အဆို့ရှင် တံခါးသည် အဆုံးထိ မပွင့်သည့် အတွက် ထွက်ပေါက် ကျဉ်းနေသကဲ့သို့ ဖြစ်ပြီး သွေးအထွက် နည်းသကဲ့သို့ ဖြစ်နေပါသည်။ ထိုအခါတွင် ခန္ဓာကိုယ်မှ လုံလောက်သော သွေးပမာဏရရှိရန် အတွက် နှလုံးသည် ပုံမှန်ထက်ပြင်းသော အားဖြင့် ညှစ်ရပါသည်။ ထိုမှသာ သွေးများသည် ကျဉ်းနေသော အဆို့ရှင်အား အရှိန်ဖြင့် ထွက်သွားပြီး လိုအပ်သော သွေးပမာဏကို ခန္ဓာကိုယ်မှ ရရှိမည်ဖြစ်ပါသည်။ သို့သော်လည်း အဓိက ပြဿနာမှာ နှလုံးသည် ပုံမှန်ထက်များစွာပို၍ အလုပ်လုပ်နေရခြင်းဖြစ်ပါသည်။ နှလုံးသည် ယေဘုယျအားဖြင့် ချုံပြောလျှင် ကြွက်သားလုံးကြီးပင်ဖြစ်ပါသည်။ နှလုံးသည် ပုံမှန်ထက် အားပြင်းပြင်းညှစ်နေရသည့် အတွက် Gym ကစား သကဲ့သို့ပင် ကြွက်သားသည် တဖြည်းဖြည်း ကြီးထွားလာသကဲ့သို့ နှလုံးကြွက်သားသည် ကြီးလာပြီး နှလုံးကြီးလာပါသည်။ နှလုံးကြီးခြင်းသည် နှလုံးဒဏ် ဖြစ်နေခြင်းအား ပြသသော လက္ခဏာဖြစ်ပါသည်။ နှလုံးသည် တစ်မိနစ်တွင် ၆၀ မှ ၁၀၀ ကြားခုန်ပါသည်။ ကနဦးတွင် နှလုံးသည် ပုံမှန်ထက် အရှိန်ပြင်းပြင်း ညှစ်နိုင်နေသ၍ လူနာသည် မည်သည့်လက္ခဏာမျှ ခံစားရမည်မဟုတ်ပါ။ နှလုံးကြီးနေခြင်းအားလည်း လူနာမှသိရှိမည်မဟုတ်ပါ။ လူနာမှလည်း မည်သည့်ရောဂါ လက္ခဏာမှမခံစားရသည့်အတွက် နှလုံးအထူးကုသမားတော်နှင့် ပြသပြီး စမ်းသပ်ခြင်း၊ နှလုံးအား Echo ရိုက်ပြီး မစစ်ဆေးမီကာလပတ်လုံး နှလုံးအဆို့ရှင် ကျဉ်းခြင်း၊ နှလုံးကြွက်သားထူခြင်း၊ နှလုံးကြီးခြင်းအား သိရမည်မဟုတ်ပါ။ ထိုကဲ့သို့ နေထိုင်ရင်း နှစ်ဖြင့် ချီ၍ နှလုံးဒဏ်ဖြစ်ပြီး နှလုံးကြွက်သား ခြေကုန်လက်ပန်းကျချိန် နှလုံးအလုပ်မလုပ်တော့ သည့်အချိန်တွင်မှ စတင်၍ လူနာသည် ရောဂါလက္ခဏာ ခံစားရပါသည်။ မောခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်း စသည့် ရောဂါလက္ခဏာများ ခံစားရသည့် အချိန်မှ နှလုံးအထူးကုသမားတော် နှင့် စမ်းသပ်ပြသ လေ့ရှိပါသည်။ သို့သော်လည်း ထိုကဲ့သို့ သိရှိချိန်တွင် နှလုံးသည် အတော်ပျက်စီးနေပြီဖြစ်ပါသည်။ နှလုံးရောဂါတိုင်းသည် ထိုကဲ့သို့ အသိနောက်ကျလေ့ရှိပါသည်။ နှလုံး အတော်အတန် ပျက်စီးပြီး နှလုံး အလုပ်မလုပ်နိုင်တော့သည့် အခါမှ လူနာမှ ရောဂါလက္ခဏာ စတင်ခံစားရသော ကြောင့် အသိနောက်ကျလေ့ရှိပါသည်။ မည်သည့်နှလုံးရောဂါ မဆို အများစုသည် နှလုံးအတော်အတန် ပျက်စီးသည့်အခါတွင်မှ လက္ခဏာ ခံစားရလေ့ရှိပါသည်။ ထို့ကြောင့် နှလုံးရောဂါလက္ခဏာများ စတင်ခံစားရပြီ ဆိုလျှင် မပေါ့ဆပဲ နှလုံးအထူးကုသမားတော်ဖြင့် သေချာစွာ စမ်းသပ်ပြသပြီး ကုသမှုခံယူသင့်ပါသည်။

အဆို့ရှင်မလုံခြင်း နှလုံးအဆို့ရှင် မလုံခြင်းဆိုသည်မှာ အဆို့ရှင် သည် သူပိတ်ရမည့်အချိန်တွင် ပိတ်နေသော်လည်း မလုံသောကြောင့် သွေးများသည် ရှေ့သို့ထွက်သွားရမည့်အစား နောက်သို့ ပြန်ဝင်ခြင်းဖြစ်ပါသည်။ ဥပမာ ဘယ်ဘက် နှလုံးခန်း LV မှ ညှစ်လိုက်သော သွေးများသည် နှလုံးသွေးလွှတ်ကြောမကြီး Aorta သို့ ထွက်သွားပါသည်။ နှလုံး LV မှ ညှစ်ပြီး Relax State ရောက်နေသည့်အခါတွင် သွေးများ LV အတွင်းသို့ပြန်မဝင်အောင် LV နှင့် သွေးလွှတ်ကြောမကြီး ကြားရှိ အဆို့ရှင်သည် ပိတ်ထားရန်လိုအပ်ပါသည်။ အဆို့ရှင်မလုံသည့်အခါတွင် သွေးလွှတ်ကြောမကြီးမှ သွေးများသည် နောက်ပြန် လျောကျပြီး LV ထို ပြန်ဝင်ပါသည်။ ထိုအခါတွင် ခန္ဓာကိုယ်မှ လုံလောက်သော သွေးပမာဏ မရတော့ပါ။ ထိုအခါတွင် နှလုံးသည် LV အတွင်းသို့ ပြန်လည် စီးဝင်လာသော သွေးများအား နောက်တစ်ခါညှစ်သည့်အခါတွင် ပြန်ညှစ်ထုတ်ရပါသည်။ အနီးစပ်ဆုံးဥပမာပေးရလျှင် လှေတွင် အပေါက်ပါ၍ လှေအတွင်း ဝင်နေသော ရေများအား အပြင်သို့ ပြန်ခပ်ထုတ်ရခြင်းမျိုးနှင့် ဆင်တူပါသည်။ ခပ်ထုတ်လိုက် ပြန်စိမ့်ဝင်လိုက် ဖြစ်နေခြင်းဖြစ်ပါသည်။ ထိုအပေါက်ကို မပိတ်မခြင်း တစ်သက်လုံး ခပ်ထုတ်လိုက် ပြန်စိမ့်ဝင်လိုက်နှင့် ခပ်ထုတ်မဆုံးဖြစ်နေမည်ဖြစ်ပါသည်။ နှလုံးတစ်ခါခုန်တိုင်း အဆို့ရှင် မလုံသောကြောင့် ပြန်စီးဝင်လာသော သွေးများ အား နှလုံးမှ ပြန်လည် ညှစ်ထုတ်နေရသည့်အတွက် ကြာလာသော အခါတွင် နှလုံးဒဏ်ဖြစ်ပြီး နှလုံးပျက်စီးခြင်းဖြစ်ပေါ်ပါသည်။ အစပိုင်းတွင် နှလုံးကြီးမယ်။ ကြာလာလျှင် နှလုံးပျက်စီးသွားသည့်အခါတွင် အဆို့ရှင်ကျဉ်းခြင်းကဲ့သို့ မောခြင်း၊ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်းများ ခံစားရမည်ဖြစ်ပါသည်။ လိုအပ်သောမိဘပြည်သူများအတွက် Share လုပ်ပေးခြင်ဖြင့် ကျန်းမာရေးကုသိုလ်ပါဝင်နိုင်ပါပြီ။ နှလုံးရောဂါအတော်များများသည် ရောဂါလက္ခဏာ ဆင်တူပါသည်။ အကြမ်းဖျင်းအားဖြင့် အဖြစ်များသော နှလုံးရောဂါလက္ခဏာများအား အောက်တွင်ဖော်ပြထားပါသည်။ ထိုကဲ့သို့သော လက္ခများပြပြီ ဆိုလျှင် နှလုံးတွင် များသောအားဖြင့် နှလုံးတွင် ပြဿနာ တစ်ခုခုရှိနေခြင်းကြောင့် ဖြစ်ပြီး မပေါ့ဆပဲ သေချာအောင် နှလုံးအထူးကုသမားတော်နှင့် ဆွေးနွေးကုသတိုင်ပင်သင့်ပါသည်။ အဖြစ်များသော နှလုံးရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။ရင်ဘတ်အောင့်ခြင်း (နှလုံးရောဂါတွင် အဖြစ်အများဆုံးသော ရောဂါလက္ခဏာဖြစ်ပါသည်)။ ၂။မောခြင်း၊ အသက်ရှူမဝခြင်း ၃။ရင်တုန်ခြင်း ၄။လှုပ်လှုပ်ရှားရှား လုပ်လျှင် မလုပ်နိုင်ပဲမောခြင်း၊ ရင်ဘတ်အောင့်ခြင်း (နားလိုက်လျှင် အနည်းငယ် သက်သာသွားခြင်း) ၅။စိတ်လှုပ်ရှားလျှင် နှလုံးခုန်အလွန်မြန်ပြီး မောခြင်း၊ ရင်ဘတ်အောင့်ခြင်း ၆။နှလုံးခုန် စည်းချက်မမှန်ခြင်း (တချက်ချက် ရင်ထဲတွင် ဟာခနဲ ဖြစ်သွားသလို ခံစားရခြင်း) ၇။မူးဝေခြင်း၊ မူးမေ့ခြင်း ၈။ရင်ဘတ်အောင့်သည့်အခါတွင် ချွေးစီးများပြန်ခြင်း၊ အန်ခြင်း၊ ရင်ပူခြင်း ၉။ဘယ်ဘက်လက်မောင်း၊ လည်ပင်း၊ အောင့်ခြင်း ၁၀။ခြေထောက်များ၊ မျက်နှာများ ဖောရောင်ခြင်း မှတ်ချက်။ ။သွေးတိုးရောဂါရှိသော သူများ၊ ဆီးချိုသွေးချိုရောဂါ ရှိသောသူများ၊ ဆေးလိပ်သောက်သော သူများသည် ရောဂါလက္ခဏာများ မပြသော်လည်း နှလုံးရောဂါ အဖြစ်များ၍ အထူးဂရုပြုသင့်သော လူနာများဖြစ်ပါသည်။ နှလုံးအဆို့ရှင်ကျဉ်းခြင်း၊ မလုံခြင်းအား တိတိကျကျ မည်သို့သိနိုင်မည်နည်း။ နှလုံးအဆို့ရှင်ကျဉ်းခြင်း၊ မလုံခြင်းအား တိကျသေချာစွာ စမ်းသပ်စစ်ဆေးနိုင်သော အရာ မှာ Echocardiogram နှလုံးတယ်လီဗေးရှင်းရိုက်ကူးခြင်းဖြစ်ပါသည်။

Echocardiogram (နှလုံးတယ်လီဗေးရှင်း ဓာတ်မှန်) Echocardiogram သည် Ultrasound နှင့် အလားတူပင်ဖြစ်ပါသည်။ အသံလှိုင်းဖြင့် ပုံရိပ်ဖော်သည့်အတွက် X-ray ကဲ့သို့ လူနာအား ဓာတ်ရောင်ခြည်သင့်ခြင်း မျိုးလုံးဝမဖြစ်ပဲ လူနာအား ဘေးထွက်ဆိုးကျိုးလုံးဝ မပေးနိုင်ပါ။ Echo ရိုက်ခြင်းသည် Ultrasound ရိုက်ခြင်းထက် များစွာ ရှုပ်ထွေးသော်လည်း အခြား အင်္ဂါ အစိတ်အပိုင်းများ (ဥပမာ ကျောက်ကပ်၊ အသည်းများ) အား Ultrasound ရိုက်ခြင်းနှင့် သဘောတရားခြင်း ဆင်တူပါသည်။ ပို၍ ရှင်းလင်းအောင် ပြောရလျှင် နှလုံးတစ်ခုလုံးအား ခန္ဓာကိုယ်မှ အပြင်ကိုထုတ်ပြီး မျက်လုံးဖြင့် ကြည့်ခြင်းဖြစ်ပါသည်။ Echo ရိုက်ခြင်းအားဖြင့် ၁။နှလုံးအဆို့ရှင် ၄ ခုလုံးအား ပုံမှန် သွေးစီးဆင်းမှ ရှိမရှိကြည့်ရှုနိုင်ပါသည်။ ၂။နှလုံးအဆို့ရှင် လှုပ်ရှားမှုမှန်မမှန် တိကျသေချာစွာ မြင်နိုင်ပါသည်။ ၃။နှလုံးအဆို့ရှင် ကျဉ်းလျှင်လည်း မည်မျှကျဉ်းနေသည်အား တိတိကျကျတိုင်းတာနိုင်ပါသည်။ ထိုကဲ့သို့ တိုင်းတာနိုင်သောကြောင့် ကုသရာတွင် ဆေးပေးရာတွင် ထိထိရောက်ရောက်ပေးနိုင်သည့် အပြင် အခြားသော ကုသခြင်း (ဥပမာ အဆို့ရှင် လဲရန်လိုမလိုအား ဆုံးဖြတ်ပေးနိုင်ပါသည်)။ ၄။အဆို့ရှင်ကျဉ်းခြင်း၊ အဆို့ရှင် ကျယ်ခြင်းများ၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်သော နှလုံးကြွက်သား နံရံထူခြင်း၊ နှလုံး ကြီးခြင်း စသည်များအား တိကျသေချာစွာမြင်နိုင်ပါသည်။ ၅။နှလုံးအဆို့ရှင်ကျဉ်းခြင်း များသည့် လူနာများတွင် နှလုံးခန်းအတွင်းသွေးအိုင်ပြီး သွေးခဲများဖြစ်ကာ လေဖြတ်သည် အထိ ဖြစ်ပေါ်တတ်ပါသည်။ Echo ရိုက်ခြင်းဖြင့် လေဖြတ်စေသော နှလုံးသွေးခဲများ နှလုံးခန်းအတွင်း ရှိမရှိ သေချာတွေ့မြင်နိုင်ပါသည်။ နှလုံးသွေးခဲရှိပါက လေမဖြတ်ခင်ကတည်းက ကြိုတင်၍ သွေးခဲပျော်ဆေးစားပြီး လေမဖြတ်အောင် ကြိုတင်ကာကွယ်နိုင်ပါသည်။ ၆။နှလုံး၏ လုပ်ငန်းဆောင်တာဖြစ်သည့် နှလုံးညှစ်အား အား တိကျစွာတွက်ချက်နိုင်ပါသည်။ နှလုံးညှစ်အား ကျသည့်လူနာများအား ပို၍ ထိရောက်စွာကုသမှု ပေးနိုင်ပါသည်။

Echo ရိုက်ခြင်းသည် နှလုံးရောဂါတိုင်းအတွက် အလွန်ပင် အကျိုးများသော စမ်းသပ်စစ်ဆေးမှုဖြစ်ပါသည်။ Echo ရိုက်ခြင်းဖြင့် အထက်တွင် ဖော်ပြထားသော အဆို့ရှင် ကျဉ်းခြင်း၊ မလုံးခြင်း ရောဂါများသာမက အောက်တွင်ဖော်ပြထားသော အကျိုးကျေးဇူးများလည်း ရှိပါသည်။ Echo ရိုက်ခြင်း အကျိုးကျေးဇူးများ ၁။Echo သည် နှလုံး တစ်ခုလုံး အား မျက်စိဖြင့် အပြင်မှာ မြင်ရသကဲ့သို့ အလားတူပါသည်။ ထို့ကြောင့် မွေးရာပါ နှလုံး ရောဂါ ရှိမရှိ၊ နှလုံး ကြီးမကြီး၊ နှလုံး အဆို့ရှင် လုံမလုံ၊ သွေးစီးဆင်းမှု မှန်မမှန် တို့အား သိရှိနိုင်ပါသည်။ ထို့အပြင် အကယ်၍ နှလုံးကြီးနေသည် ဆိုလျှင် နှလုံး မည်မျှ ကြီးနေကြောင်း တိကျစွာ တိုင်းတာနိုင်ပါသည်။ ၂။Echo သည် သွေးစီးဆင်းနေမှုပါ မြင်ရသည့်အတွက် အဆို့ရှင် မလုံပါက သွေးများ ယိုထွက်၊ ဖြာထွက်နေသည် ကို ပါ တိကျစွာ မြင်နိုင်ပါသည်။ ၃။Echo သည် မိမိနှလုံး၏ လုပ်ငန်းဆောင်တာဖြစ်သော နှလုံးညှစ်အား (Ejection Fraction) အား တိကျစွာ တွက်ချက်ပေးနိုင်ပါသည်။ နှလုံးခြေကုန်လက်ပမ်းကျ ခြင်း (Heart Failure) ဝင်နေမနေသိရှိနိုင်သည့် အပြင် မိမိသောက်နေသော နှလုံးဆေး ထိရောက်မှု ရှိမရှိအား လည်း သိနိုင်ပါသည်။ ၄။နှလုံးအခန်းတွင်း သို့ ရှင်းလင်းစွာ ဝင်ရောက်ကြည့်ရှုနိုင်သည့်အတွက် ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်နိုင်သော သွေးခဲများရှိမရှိ၊ အဆို့ရှင်တွင် အနာရှိမရှိ တို့အား တိကျစွာ သိရှိနိုင်ပါသည်။ ၅။Echo သည် နှလုံး လှုပ်ရှားနေသည့်အတိုင်း မြင်ရသဖြင့် နှလုံးခုန်စည်းချက် မှန်မမှန် ကို လည်း သိရှိနိုင်ပါသည်။ ၆။နှလုံးသွေးကြောကျဉ်းနေသော လူနာများတွင် နှလုံးသွေးကြောကျဉ်းနေသည့် နှလုံးနံရံသည် နှလုံးသွေးကြောကျဉ်းနေသည့် ဒဏ်ကြောင့် ကောင်းစွာအလုပ်လုပ်ပေ။ Echo ဖြင့် ကြည့်သည့်အခါတွင် အလုပ်မလုပ်သည့် ကြွက်သားနံရံအား တိတိကျကျမြင်ရသည့်အပြင် နှလုံးသွေးကြောကျဉ်းသည့် ဒဏ်ကြောင့် နှလုံးညှစ်အား ကျမကျပါ တိတိကျကျ သိရှိနိုင်ပါသည်။

၇။ခွဲစိတ်မှုမပြုခင် လူနာသည် ခွဲစိတ်မှုဒဏ်အား ခံနိုင်ရည်ရှိမရှိ (pre-operative assessment) တွင် ဆုံးဖြတ်ရာတွင် အရေးကြီးသော နှလုံး၏ လုပ်ငန်းဆောင်တာများအား Echo အဖြေကြည့်ပြီး ဆုံးဖြတ်ပါသည်။ အချုပ်အားဖြင့် ဆိုလျှင် နှလုံးရောဂါများကုသခြင်း၏ အသက်သည် စောနိုင်သမျှ စောစော သိရှိအောင်လုပ်ပြီး ကုသမှုခံယူခြင်းဖြင့် နှလုံးပျက်စီးခြင်းအား ဆက်လက်မပျက်စီးအောင် ထိန်းထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် မည်သည့် နှလုံးရောဂါ အတွက်မဆို နှလုံးတယ်လီဗေးရှင်း Echocardiogram ရိုက်ကူးပြီး နှလုံး အထူးကု ဆရာဝန်နှင့် စမ်းသပ်မည်ဆိုလျှင် အမှန်တကယ် နှလုံး ရောဂါ တစ်ခုခု ရှိပါက ကြိုတင်သိရှိနိုင်မည်ဖြစ်ပြီး စောလျှင်စွာ ကုသမှု ခံယူပါက အချိန်မတိုင်မီ နှလုံး တစ်ခုခု ထိခိုက်ပျက်စီး ခြင်းမှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။ Medical Checkup ဆိုတာ ရောဂါတွေ့မှ ထိရောက်တာ မဟုတ်ပါဘူး။ ရောဂါ တစ်ခုခု တွေ့ဖို့ မျှော်လင့်ပြီး လုပ်တာမဟုတ်ပါဘူး။ ရောဂါ မရှိတာ ကို မရှိကြောင်း သိရှိရတာကိုက ဝမ်းသာစရာပါ။ ရောဂါမရှိသည့် အတွက် မိမိကိုယ်ကို ကျန်းမာနေကြောင်း သိရှိတာက ပီတဖြစ်စရာပါ။ တကယ်လို့ ရောဂါ တွေ့ခဲ့လျှင်လည်း လက္ခဏာမပြသေးခင် တွေ့တာဖြစ်သည့်အတွက် ရောဂါ မကျွမ်းခင် ကြိုတင်ကုသမှု ခံယူလို့ ရတဲ့အတွက် လူနာအတွက် အများကြီးအကျိုးရှိသော ကျန်းမာရေးစစ်ဆေးမှုဖြစ်ပါတယ်။

Family Doctor အထူးကုဆေးခန်းတွင် Echocardiogram Package အား စီစဉ်ထားရှိပါသည်။ ထို Package တွင် နှလုံးအထူးကု သမားတော် နှင့် Echocardiogram ရိုက်ကူးခြင်း၊ ဆေးခန်း ဝန်ဆောင်မှု၊ 3 channel ECG ဆွဲခြင်း၊ နှလုံး အထူးကု သမားတော်နှင့် စမ်းသပ် ဆွေးနွေးတိုင်ပင်ပြသခြင်း၊ ကုသမှုခံယူခြင်း (နှလုံးသမားတော် စမ်းသပ်ခ) တို့ ပါဝင်မည်ဖြစ်ပါသည်။ Echocardiogram ရိုက်ကူးရာတွင် လည်း အမေရိကန် နိုင်ငံထုတ် GE Logiq Expert စက်ကြီးဖြင့် ရိုက်ကူးပေးမည်ဖြစ်ပါသည်။ ထို Echocardiogram Package အတွက် နှလုံးအထူးကု သမားတော်များ ကိုယ်တိုင် Echo ရိုက်ကူးပေးမည်ဖြစ်ပြီး ရရှိသည့် အဖြေအပေါ်မူတည်၍ ကုသမှုပါ တစ်ခါတည်း ပေးမည်ဖြစ်ပါသည်။ ထို Echo Package အတွက် အပြီးအစီး ငွေကျပ် သုံးသောင်း ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါသည်။ နှလုံးအထူးကုဆရာဝန်ကြီးများမှာ ၁။ဒေါက်တာ ဒေါ်ထက်ထက်မင်း M.B.,B.S (Ygn); M.Med.Sc (Int. Med); MRCP (UK); Dr.Med.Sc (Cardiology); FAsCC Fellowship in Nuclear Cardiology and Cardiac CT နှလုံးဆေးကုသဆောင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ကြာသပတေး၊ သောကြာ ညနေ ၇ နာရီ မှ ၉ နာရီ။ စနေ၊တနင်္ဂနွေ နေ့လည် ၁၂ နာရီ။ ၂။ဒေါက်တာသိန်းထက်သိန်း M.B.,B.S (Ygn), M.Med.Sc (Int. Med) MRCP (UK) ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဗုဒ္ဓဟူးနေ့၊ သောကြာ နေ့ ညနေ ၆ နာရီ။ စနေ၊တနင်္ဂနွေ ညနေ ၆ နာရီ။ Echocardiogram Package ပြုလုပ်လိုသော မိဘပြည်သူများ အနေဖြင့် Family Doctor အထူးကု ဆေးခန်း ဖုန်နံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး ကြိုတင် Booking နိုင်ပြီ ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ - အမှတ် SA-9၊ အောင်ဇေယျအိမ်ယာ၊ သစ်တောရပ်ကွက်၊ ဆင်မင်းဈေးရှေ့၊ ကမ်းနားလမ်းမပေါ်၊ CB Bank ဘေး၊ အလုံမြို့န

https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီ ဖြစ်ပါသည်။ Medical Checkup အား ခန္ဓာကိုယ် အစိတ်အပိုင်း အစုံအလင် တစ်ခါတည်း ပြည့်ပြည့်စုံစုံ စစ်ဆေးလိုသော သူများအနဖြေင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။ Special Whole Body Promotion ကာလ အား ထပ်မံတိုးမြင့်လိုက် ပြီ ဖြစ်ကြော်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။

Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း January လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ နယ်မှ လာရောက်စစ်ဆေးသော မိဘပြည်သူများအတွက် အရေးကြီးပါက တစ်ရက်တည်း ပြီးစီးအောင် စစ်ဆေးနိုင်ရန် အတွက် စီစဉ်ထားပါသည်။ မနက်ပိုင်းသွေးဖောက်စစ်ဆေးပြီး ညနေပိုင်း တွင် အဖြေအပြည့်အစုံဖြင့် နှလုံးအထူးကုသမားတော်နှင့် နေ့ချင်းပြီး ပြသနိုင်ရန်အတွက်လည်း စီစဉ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၅၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။

Special Promotion for Old Customer ယခင်က Family Doctor အထူးကုဆေးခန်းတွင် Special Whole Body Package ပြုလုပ်ထားပြီး ၆ လ သို့မဟုတ် ၁ နှစ် ပြည့်၍ Special Whole Body Package ပြန်လည်စစ်ဆေးလိုပါက Special Promotion ပြုလုပ်ပေးထားပါသည်။ Special Whole Body Package Old Customer 1 person = 110,000 ကျပ် (ပုံမှန်ဈေး 135,000 ကျပ်) ဖြင့် ဈေးနှုန်း အထူးချိုသာစွာ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ယခင်က ပြုလုပ်ထားသော Special Whole Body အဖြေစာရွက် အား ပြုလုပ်သည့် နေ့တွင် ယူဆောင်လာရမည်ဖြစ်ပါသည်။ သို့မှသာ Special Promotion Discount ရရှိမည်ဖြစ်ပါသည်။ ပုံမှန်အတိုင်း Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။ OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၅၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ 2 years ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ အေးချမ်းသော ညလေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်းသည် အကောင်းမွန်ဆုံး သော အရသာ တစ်ခုပါ။ OSA (Obstructive Sleep Apnoea) ကြောင့် နှစ်ပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင် ဖြစ်နေခြင်းသည် အေးချမ်းခြင်း၏ စစ်မှန်ခြင်း အရသာ ကို မခံစားဖူးသော သူများပင်ဖြစ်ပါသည်။သည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။