
ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့ပုဒ်မတွေကို ပယ်ဖျက်ပေးဖို့ ဗြိတိန်တောင်းဆို ~~~~~ ■ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ တရားစွဲထားတဲ့ပုဒ်မတွေကို ပယ်ဖျတ်ပေးဖို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Dominic Raab က ဒီကနေ့ပြောလိုက်ပါတယ်။ ဗြိတိန်အနေနဲ့ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မယ့်ကိစ္စရပ်တွေအတွက် နိုင်ငံတကာမိတ်ဖက်တွေနဲ့ ဆွေးနွေးတိုင်ပင်နေတယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Dominic Raab က တွိတာမှာ ရေးထားပါတယ်။ စစ်အာဏာသိမ်းတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်း ဝင်ရောက်ရှာဖွေရှာမှာ တရားမဝင်စကားပြောစက် (၁၀) လုံးတွေ့ရှိခဲ့တယ်ဆိုပြီး ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈) နဲ့ တရားစွဲအမှုဖွင့်ထားတာပါ။ ဒီပုဒ်မဟာ ပြစ်မှုထင်ရှားရင် အများဆုံး ထောင်ဒဏ် သုံးနှစ် ဒါမှမဟုတ် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။ အလားတူ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကိုတော့ ကပ်ရောဂါကာလ လိုက်နာရမယ့် စည်းကမ်းချက် အမိန့်တွေကို ချိုးဖောက်တယ်ဆိုပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅နဲ့ တရားစွဲထားတာပါ။ သမ္မတ ဦးဝင်းမြင့်ကို စွဲထားတဲ့ ပုဒ်မဟာ အများဆုံး ထောင်ဒဏ် သုံးနှစ်နဲ့ ငွေဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို လက်ရှိ ဘယ်မှာထိန်းသိမ်းထားတယ် ဆိုတာတော့ မသိရသေးပါဘူး။ ----------------------- Credit :