No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

သွေးအန်ခြင်း နှင့် ကတ္တရာစေးကဲ့သို့ဝမ်းအမည်းရောင်များသွားခြင်းသည် အစာအိမ်နှင့်အူသိမ် အူလမ်းကြောင်းအပေါ်ပိုင်းမှသွေးယိုခြင်းဖြစ်ပါသည်။ ဝမ်းအရောင်များသည်ညိုမဲသွားခြင်းမှာ သွေးနှင့် အစာအိမ် တွင်းရှိ အက်စစ်တို့ထိတွေ့ဓာတ်ပြုသောကြောင့် acid haematin ဟုခေါ်သော ဒြပ်ပေါင်းတစ်ခုဖြစ်ပေါ်ခြင်းကြောင့်ဖြစ်ပြီးထို ဝမ်းမည်းမည်းများသည် ပုံမှန်အနံ့နှင့် မတူဘဲ ပိုမိုဆိုးရွားသော အနံ့မျိုးရှိနိုင်ပါသည်။ ထို့အတူထိုညိုမဲမဲများအန်သောအခါတွင်လည်းကော်ဖီကြမ်းမှုန့်ရောင် မည်းမည်းအန်ခြင်းလည်းရှိတတ်သည်။ သွေးအန်ခြင်းနှင့် ဝမ်းမည်းမည်းသွားခြင်းသည် စိုးရိမ်ရသောအခြေအနေတစ်ခုဖြစ်ပါသည်။ အစာအိမ်၊ အစာရေမျို နှင့် အူသိမ်စသည့်တစ်နေရာရာရှိသွေးကြောပေါက်နေခြင်း၊ အနာမှသွေးယိုစိမ့်နေခြင်းတို့ကြောင့်သွေးများမှာ တစ်စိမ့်စိမ့်ဖြစ်စေ၊ဒရဟောဖြစ်စေထွက်နေပြီး သွေးအားနည်းခြင်းမှစ၍သွေးလွန်သေဆုံးခြင်းထိဖြစ်နိုင်ပါသည်။ https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီ သွေးအန်ခြင်းသို့မဟုတ်ဝမ်းမည်းမည်းသွားခြင်းကိုဖြစ်စေသောအကြောင်းများမှာ ၁။ အစာအိမ်သို့မဟုတ် အူသိမ်အနာမှသွေးယိုထွက်ခြင်း ၂။ အစာအိမ်သွေးကြောပေါက်ခြင်းသို့မဟုတ်အစာရေမျိုသွေးကြောပေါက်ခြင်း ၃။ အကိုက်အခဲပျောက်ဆေးများကြောင့် အစာအိမ်နံရံ များစားသွားခြင်း ၄။ အစာအိမ်ကင်ဆာရောဂါ ၅။ အခြားသောသွေးရောဂါများတို့ဖြစ်ပါသည်။ သွေးအန်ခြင်း၊ဝမ်းမည်းမည်းသွားခြင်းတို့လက္ခဏာများစတင်ပေါ်သောအချိန်သည်အရေးပေါ်အခြေအနေဖြစ်နေပြီဖြစ်ပြီးမသိမသာသွေးယိုနေသောအခြေအနေများတွင် သွေးအားနည်းသောလက္ခဏာများစတင်ခံစားရတတ်ပါသည်။ သွေးအားနည်းသောလက္ခဏာများမှာ ပင်ပန်းလွယ်ခြင်း၊ နုံးချိခြင်း၊ မလှုပ်နိုင်မကိုင်နိုင်ဖြစ်ခြင်း၊ ဖြူဖျော့ခြင်း၊ အထိုင်အထမိုက်ခနဲဖြစ်ခြင်း၊ သတိလစ်ခြင်း၊ စသည့်လက္ခဏာများမသိမသာစတင်ခံစားရတတ်ပါသည်။ ရုတ်တရတ်သွေးကြောပေါက်၍သွေးများတပွက်ပွက်အန်ခြင်းသည်လည်းသွေးတိတ်အောင်အချိန်မီကုသမှုမရလျှင် ချက်ချင်းအသက်အန္တရာယ်ရှိနိုင်ပါသည်။

၁။ အစာအိမ်သို့မဟုတ် အူသိမ်အနာမှသွေးယိုထွက်ခြင်း အစာအိမ်သည် အက်ဆစ်များ၊ အစာခြေအင်ဇိုင်းများနှင့် သည်းခြေရည်များ၊ H.pylori ဟုခေါ်သော အစာအိမ်တွင်း အက်ဆစ်ကိုရှင်သန်နိုင်သော ပိုးကောင်များ၊ အက်ဆစ် နှင့် အစာခြေရည်များကိုတုန့်ပြန်ဓာတ်ပြယ်ပေးသော အယ်ကာလီသတ္တိရှိသည့် ကာဗွန်နိတ် များနှင့် အကျိအချွဲ များစသည့် ဂုဏ်သတ္တိ အမျိုးမျိုးရှိသောအရည် များ စုပုံ နေသောနေရာပင်ဖြစ်သည်။ ထို အရာများ၏ မညီမျှခြင်းများတစ်ခုခု ရှိနေလျှင်ပင် အစာအိမ်၏ နုနယ်သောနံရံသည် အက်ဆစ် ဒဏ် အစာခြေရည် များ၏ဒဏ်ကို မခံနိုင်ဘဲ ရောင်ရမ်းခြင်း၊ အက်ဆစ်စားသွားခြင်းကြောင့် အနာများဖြစ်လာခြင်း၊ ထို အနာများမှာသွေးကြောများတည်ရှိရာနေရာတွင် ဖြစ်ပေါ်ပါက သွေးကြောများမှသွေးများ ယိုစိမ့်ထွက်ခြင်းဖြင့် သွေးအန်ခြင်းဖြစ်ပေါ်ပါသည်။ အစာအိမ်အနာ၏ကနဦးလက္ခဏာများမှာ ဗိုက်နှင့် ရင်ခေါင်းတွင်အောင့်နေတတ်ခြင်း၊ အစားစားလိုက်လျှင်ပိုအောင့်ခြင်း၊ အချဉ်ရည်များအန်ခြင်း၊ အပူအစပ်များစားလျှင်ချက်ချင်းအောင့်လာခြင်း၊ ရင်ပူခြင်း၊ ရင်ခေါင်းတောင့်ခြင်း၊ တစ်ခါတရံ နှလုံးကြပ်သကဲ့သို့ရင်ဘတ်အောင့်ခြင်းလက္ခဏာများစတင်ခံစားရတတ်ပါသည်။ အူသိမ်အနာ၏လက္ခဏာသည် ဝမ်းဗိုက်ဘယ်ဘက်ပိုင်းတွင်ပိုအောင့်တတ်ပြီး အစာမရှိလျှင်ဗိုက်ဆာလျှင်ပိုအောင့်တတ်ပြီး အစာစားလိုက်လျှင် သက်သာသွားတတ်သည်။ ညဘက် အစာမရှိလျှင်ပိုပိုအောင့်တတ်သောသဘာဝရှိပါသည်။ အစာအိမ် အနာရော အူသိမ် အနာရောနှစ်မျိုးလုံး၏ နောက်ဆက်တွဲ ပြသနာမှာ အနာရှိရာနေရာမှသွေးကြောများထိခိုက်ပြီး သွေးယိုစိမ့်ခြင်းဖြစ်တတ်ပါသည်။ သွေးကြောမကြီးများပါပါသွားသောအခြေအနေများတွင်သွေးများဒရဟောထွက်လာတတ်ပြီး လူနာမှာသွေးလွန်သေဆုံးခြင်းထိရှိတတ်ပါသည်။ အစာအိမ်နှင့် အူသိမ်တို့တွင် အနာဖြစ်နေခြင်းသည် အပူအစပ်စားသောသူများ၊ အစားမမှန်သောသူများ၊ အကိုက်အခဲပျေက်ဆေးသောက်နေသောသူများ၊ Stress များနေသော သူများတွင် အဖြစ်များပြီး ရင်ခေါင်းတောင့်ခြင်း ဗိုက်အောင့်ခြင်းတို့သည် အစားစားချိန်နှင့် ပြောင်းလဲတတ်ပါသည်။ Acid များခြင်းကြောင့် အနာများ ဖြစ်ခြင်း ဖြစ်သည့် အားလျော်စွာ Acid ကျစေသော ဆေးများသောက်သုံးခြင်း H.Pylori ဟုခေါ်သော အစာအိမ်အနာကို ဖြစ်စေသော ဘက်တီးရီးယားအတွက် ပိုးသတ်ဆေးသောက်ခြင်း၊ အစာပျော့ပျော့စား၍ အစာအိမ် အား အနားပေးခြင်းဖြင့် သေချာကုသရမည်ဖြစ်ပါသည်။ သွေးအန်ခြင်းဖြစ်ပေါ်ပါက အက်စစ်တားဆေးများကို သွင်းခြင်း၊ အစာအိမ်မှန်ပြောင်းမှတစ်ဆင့် သွေးယိုစိမ့်ရာနေရာသို့ဆေးထိုးခြင်း၊ သွေးယိုနေသောသွေးကြောအားပိတ်ခြင်း၊ချည်ခြင်းစသည့် အရေးပေါ်ကုသမှုများဖြင့်ကုသမှုများဆောင်ရွက်နိုင်ပါသည်။ ၂။ အစာအိမ်သွေးကြောပေါက်ခြင်းသို့မဟုတ်အစာရေမျိုသွေးကြောပေါက်ခြင်း အရက်သောက်ခြင်း၊ အသည်းရောင်အသားဝါ Bပိုး၊ C ပိုးရှိခြင်းများကြောင့် အသည်းခြောက်နေသူများတွင် အဖြစ်များပါသည်။ အသည်းခြောက်နေသောရောဂါရှိသူများတွင် အသည်းတွင်းဖြတ်သန်းသွားသောသွေးကြောများသည် ခြောက်၍မာနေသော အသည်းသို့ဖြတ်သန်းသွားသောအခါပိညက်ခြင်းဖြစ်ပေါ်ပြီး သွေးများသည်ကျဉ်းမြောင်းသော နေရာကိုဖြတ်သန်းစီးဆင်းရသကဲ့သို့ဖြစ်ပြီး ဝမ်းဗိုက်တွင်းရှိသွေးကြောများတွင်းသွေးပေါင်ချိန်တက်ခြင်းကိုဖြစ်စေပါသည်။ ထိုသွေးကြောများတွင် အစာရေမျို ရှိသွေးကြောများ၊ အစာအိမ်သွေးကြောများဖောင်းကားလာပြီး သွေးကြောထုံးများဖြစ်လာစေပါသည်။

ချောင်းဆိုးခြင်း၊ ဝမ်းညှစ်ခြင်းစသည့် ဝမ်းဗိုက်တွင်းpressure တက်စေသည့် အကြောင်းတစ်ခုခုလုပ်မိလျှင် သွေးကြောထုံးများပေါက်သွားပြီးသွေးများဒရဟောထွက်ခြင်းကိုဖြစ်စေပါသည်။ ထိုသွေးများသည် အန်ထွက်ရုံသာမကဘဲ အစာအိမ်ထဲတွင် အက်စစ်နှင့်ဓာတ်ပြုပြီး acid haematin အဖြစ် ဝမ်းမည်းမည်းသွားခြင်းပါဖြစ်ပါသည်။ ထိုသို့ ဝမ်းမည်းမည်းသွားခြင်း၊ သွေးအန်ခြင်းတို့သည် သွေးအမြောက်အမြားဆုံးရံှူးပြီးသွေးလွန်သေဆုံးနိုင်သောကြောင့် အရေးပေါ်သွေးပြန်သွင်းခြင်း၊ အစာအိမ်မှန်ပြောင်းမှတစ်ဆင့်သွေးကြောထုံးများကိုဆေးထိုးခြင်း၊ သားရေကွင်းပစ်ခြင်း၊ဝမ်းဗိုက်တွင်းရှိသွေးပြန်ကြောများ၏ pressure ကိုကျစေသောဆေးများသောက်ခြင်း စသည့်ကုသမှုများပြုလုပ်နိုင်ပါသည်။ ၃။ အကိုက်အခဲပျောက်ဆေးများကြောင့် အစာအိမ်နံရံ များစားသွားခြင်း အသက်ကြီးသောလူများတွင်အစာအိမ်နံရံများသည် ပုံမှန်ထက်ပို၍ပါးနေခြင်းကြောင့်အကိုက်အခဲပျောက်ဆေးဒဏ်ကိုသိပ်မခံနိုင်တတ်ပေ။ အကိုက်အခဲပျောက်ဆေးများကို အစာအိမ်ကာကွယ်ဆေးနှင့်တွဲ၍မစားခြင်း ၊ အမြောက်အများသောက်လိုက်ခြင်း၊ တိုင်းရင်းဆေးများစားခြင်းတို့ကြောင့် အစာအိမ်နံရံများစားသွားခြင်းဖြစ်ပေါ်ပြီးသွေးအန်ခြင်းဖြစ်ပွားတတ်ပါသည်။ အထူးသဖြင့် တိုင်းရင်းဆေး၊ ပရဆေးများသည်ကိုက်ခဲဖျားနာခြင်းကိုချက်ချင်းသက်သာစေသော်လည်းထိုဆေးများတွင် ရောစပ်ထားသော အကိုက်အခဲပျောက်ဆေးမှာအတိအကျ စမ်းသပ်ထားခြင်းမရှိသောကြောင့် dose အတိအကျမရှိဘဲ အသက်ကြီးသူများသောက်မိလျှင် နည်းနည်းသောက်ရုံဖြင့်ပင်သွေးအန်ခြင်အန္တရာယ်ရှိနိုင်သောကြောင့် အလွန်သတိထားသင့်ပါသည်။ ၄။ အစာအိမ်ကင်ဆာရောဂါ အစာအိမ်ကင်ဆာရောဂါ၏ ကနဦးလက္ခဏာများအဖြစ် ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း ကို နှစ်ရှည်လများခံစားနေရသူ များရှိသကဲ့သို့ မကြာခဏ အစာအိမ်ဆေးများသောက်နေရသည့်တိုင် မသက်သာဘဲခံစားနေရခြင်းမျိုးလည်းဖြစ်နိုင်ပါသည်။ အရေးမကြီး ဟုယူဆပြီး နေခြင်းထက် ရောဂါ အရင်းအမြစ်ကိုသေသေချာချာသိရှိပြီးကုသမှုခံယူရန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ရင်ခေါင်းတောင့်ခြင်းသည် အရေးတကြီးကုသရန်လိုအပ်သော အစာအိမ်ရောဂါ များ၏ ရှေ့ပြေးနိမိတ်တစ်ခုဖြစ်သောကြောင့်ဖြစ်ပါသည်။ ပေါ့ပေါ့ဆဆ မကုဘဲထားပြီး မှ အစာအိမ်သွေးကြောများပေါက်၍သွေးအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ သွေးဆုတ်ဖြူဖျော့သွားခြင်း၊ အားနည်းခြင်းတို့ဖြစ်ပြီး မှ ဆေးရုံပြေးရသောလူနာများရှိသကဲ့သို့ အစာအိမ်ကင်ဆာ သည် အခြားနေရာများသို့ပြန့် နှံ့ နေပြီး မှ ကုသ၍မရတော့သောလူနာများ၊ အစာအိမ် သို့ မဟုတ် အူသိမ်အနာမှ ပေါက်ထွက်သွားပြီး ဝမ်းဗိုက်တစ်ခုလုံး တွင်း အစာများအပြင်ထွက်ပြီး အသက်ဆုံးရံှုုးရသူများလည်းရှိပါသည်။ အရေးကြီးသည်မှာ မိမိ၏ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် သာမန် ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း မဟုတ်ပဲ ဆိုးဆိုးရွားရွားအကြောင်းများကြောင့် ဖြစ်နိုင်ကြောင်းဖော်ပြသောလက္ခဏာ များကို သိရှိထားလျှင် ကြိုတင်သေချာကုသမှုခံယူထားနိုင်မည်ဖြစ်ပါသည်။ အစာအိမ်ကင်ဆာသည် အစာအိမ်ထွက်ပေါက်တွင်ဖြစ်ပေါ်ပါက အစာအိမ်ထွက်ပေါက်ပိတ်ခြင်းဖြစ်ပေါ်ပြီး စားသမျှအကုန်ပြန်အန်ထွက်ခြင်း၊ အစာလုံးဝမစားနိုင်ဘဲ အာဟာရချို့တဲ့ပြီးကိုယ်အလေးချိန်ကျဆင်းခြင်းတို့ဖြစ်နိုင်ပါသည်။ အရေးကြီးသောလက္ခဏာ များမှာ ၁။ အသက် ၅၅ နှစ်ကျော် ၂။ ကိုယ်အလေးချိန်ကျသွားခြင်း၊ ပိန်သွားခြင်း ၃။ သွေးအားနည်းခြင်း(ဖြုဖျော့ခြင်း၊ မောပန်းလွယ်ခြင်း) ၄။ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် အရင် နှင့် မတူဘဲ ပိုဆိုးလာခြင်း ၅။ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် တစ်ခါမှမဖြစ်ဖူးပဲ ခုမှစဖြစ်လာခြင်း ၆။ ဝမ်းမဲမဲသွားခြင်းသို့မဟုတ် ဝမ်းထဲတွင်သွေးပါခြင်း ၇။ အစာမျိုရခက်ခဲခြင်း၊ နင်ခြင်း ၈။ သွေးအန်ခြင်း အထက်ပါလက္ခဏာများရှိပါက မိမိ၏ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် သာမန်ထက်ပို၍ဆိုးနိုင်သော ပြသနာဖြစ်နိုင်သောကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းအထူးကုသမားတော် နှင့် အမြန်ပြ၍ လိုအပ်ပါက အစာအိမ်မှန်ပြောင်းကြည့်ရှုခြင်းဖြင့် ရောဂါကို အတိအကျရှာဖွေသိရှိနိုင်ပါသည်။ အစာအိမ်ကင်ဆာရောဂါကိုသိရှိပြီးနောက် အဆင့်ပေါ်မူတည်ပြီး ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းခြင်း တို့ပြုလုပ်နိုင်ပါသည်။စောစောသိလျှင်ကင်ဆာဆဲလ်များပါသည့်အစိတ်အပိုင်းကို အမြစ်ပြတ်အောင်ထုတ်ပစ်နိုင်သောကြောင့် အစာမကြေခြင်းဖြစ်သည်နှင့်သတိချပ်အပ်ပြီး ချက်ချင်းအစာအိမ်နှင့်အူလမ်းကြောင်းအထူးကုနှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

၅။ အခြားသောသွေးရောဂါများ သွေးရောဂါများဖြစ်သော သွေးမတိတ်သည့်ရောဂါများ၊ သွေးမွှားဥနည်းသည့်ရောဂါများ၊ သွေးကြောရောဂါများတို့တွင်လည်းသွေးအန်ခြင်း၊ဝမ်းမည်းမည်းသွားခြင်းတို့ဖြစ်နိုင်သော်လည်း ထိုသူများတွင် အများအားဖြင့် အခြားသောသွေးယိုစိမ့်မှုများ၊ သွားဖုံးသွေးယိုခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ အစက်အပြောက်များထွက်ခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဝမ်းထဲသွေးပါခြင်းတို့ပါရှိနိုင်ပါသည်။ ထို့ကြောင့်သွေးအန်ခြင်းနှင့်ဝမ်းမည်းမည်းသွားခြင်းတို့သည် အသက်အန္တရာယ်စိုးရိမ်ရသောလက္ခဏာများဖြစ်ရုံသာမက ၎င်းတို့ကိုဖြစ်စေသော အကြောင်းတစ်ခုချင်းစီမှာလည်း သေချာကုသရန်လိုသော ရောဂါများဖြစ်ပါသည်။ထိရောက်သောကုသမှုမရရှိပါက မကြာခဏပြန်ပြန်ဖြစ်ရန်အလားအလာအလွန်များပြားသောကြောင့် သွေးအန်ခြင်းဝမ်းမည်းမည်းသွားခြင်းသည် စတင်ဖြစ်ပေါ်ဖူးသည်နှင့် မိမိ၏ အစာအိမ်နှင့်အူလမ်းကြောင်းအခြေအနေကိုမှန်ပြောင်းဖြင့်စစ်ဆေးထားခြင်းသည် မလုပ်မဖြစ်လုပ်ထားရမည့်စစ်ဆေးမှုတစ်မျိုးလည်းဖြစ်ပါသည်။

အစာအိမ်သို့မဟုတ် အူမကြီးမှန်ပြောင်းကြည့်ရှုခြင်းသည် အရင်က scope များ၏ ပျော့ပြောင်းမှုမရှိခြင်း၊ အိပ်ဆေးထုံဆေးများမသုံးခြင်းတို့ကြောင့် လူအတော်များများသည် သက်တောင့်သက်တာမရှိဘဲပြုလုပ်ကြရပါသည်။ Family Doctor Specialist Clinic တွင် အစာအိမ်နှင့် အူလမ်းကြောင်း ကြည့်ရှုရာတွင် ကသိကအောင့် ဖြစ်မှာ ကြောက်သော မိဘပြည်သူများအနေဖြင့်လည်း နိုင်ငံခြားမှာ ကြည့်သကဲ့သို့ အိပ်ဆေးဖြင့် ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ အိပ်ဆေးပေးပြီး လူနာမှာ အိပ်ပျော်သွားပြီး မှန်ပြောင်းကြည့်ရှုရာတွင် လုံးဝ မသိတော့ပဲ ကြည့်ပြီး သွားသည့် အချိန်တွင် အလို အလျောက် ပြန်နိုးလာမည်ဖြစ်ပါသည်။ မှန်ပြောင်းကြည့်ချိန်မှာ၅ မိနစ်မှ ၃၀ မိနစ် အထိသာ ကြာမြင့်မည်ဖြစ်ပြီး အိပ်ဆေးပေးချိန်တွင်လည်း မေ့ဆေးကျွမ်းကျင် အထူးကုသမားတော် မှ ဘေးမှ အချိန်ပြည့်စောင့်ဆိုင်း ပေးမည်ဖြစ်သည့်အတွက် ဘေးကင်း စိတ်ချရပြီး သက်တောင့်သက်သာဖြင့် လုံးဝ မနာကျင်ပဲ မှန်ပြောင်းကြည့်ရှုနိုင်ပြီဖြစ်ပါသည်။ အိပ်ဆေးပြယ်၍ ပြန်လည်ထ လာသည့်အချိန်တွင်လည်း မူးမော်ခြင်း၊ ခေါင်းကိုက်ခြင်း လုံးဝမရှိပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး အိပ်ရာနိုးလာသကဲ့သို့ လန်းလန်းဆန်းဆန်း ရှိနေမည်ဖြစ်ပါသည်။ နာကျင်ခြင်းလုံးဝမရှိပဲ ကသိကအောင့်ဖြစ်မှာ ကြောက်သော မိဘပြည်သူများအတွက် အိပ်ဆေးဖြင့် ကြည့်ခြင်း ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသုံးပြုသော အစာအိမ် မှန်ပြောင်းမှာ ဂျပန်နိုင်ငံ Fuji Film မှ ထုတ်လုပ်သော မကြာသေးမီကထွက်ရှိထားသော နောက်ဆုံးပေါ် အစာအိမ်မှန်ပြောင်း ဖြစ်သည့် ELUXEO 700 series အား အသုံးပြုထားသည့် အတွက် လူနာများအတွက် မှန်ပြောင်းကြည့်ရှုရာ တွင် အလွန်ပျော့ပြောင်း နူးညံ့သည့် အတွက် နာကျင်မှုမရှိခြင်း၊ မှန်ပြောင်း တွင် ရှိသော Camera သည် နောက်ဆုံးပေါ် ဖြစ်သည့် အတွက် ရုပ်ထွက်အလွန်ကောင်းပြီး အစာအိမ်အတွင်း အား အလွန် ရှင်းလင်းပြတ်သားစွာ မြင်ရသည့်အတွက် ရောဂါအား တိတိကျကျရှာဖွေနိုင်ခြင်း စသည့် အားသာချက်များ ရှိပါသည်။

Family Doctor အထူးကုဆေးခန်းတွင် အစာအိမ်နှင့် အူလမ်းကြောင်း သာမက သည်းခြေလမ်းကြောင်း များ နှင့် ပက်သက်သော လက္ခဏာများ၊ ရောဂါများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အစာအိမ်နှင့် အူလမ်းကြောင်း ဌာနမှ အထူးကုသမားတေ်ာများနှင့် ကြိုတင် Booking ယူပြီး Family Doctor အထူးကုဆေးခန်းတွင် ပြသနိုင်ပြီဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် ပြသနိုင်သော အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုသမားတော်များမှာ မှတ်ချက်။ ။ ဆရာကြီး ပါမောက္ခ ဒေါက်တာ မိုးမြင့်အောင် မန္တလေးသို့ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်နေရသော်လည်း ယခု ရုံးပိတ်ရက်တွင် ရန်ကုန်သို့ ပြန်လာသည့် အချိန်တွင် လူနာများအား ကြည့်ရှုပေးသွားမည်ဖြစ်ပါသဖြင့် ဆရာကြီး နှင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် ကြိုတင် Booking ယူနိုင်ပါတယ်။ ၁၈.၁.၂၀၂၀၊ စနေနေ့ နှင့် ၁၉.၁.၂၀၂၀ ရက်နေ့ တနင်္ဂနွေနေ့ တွင် လူနာများအား ကြည့်ရှုပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပါမောက္ခ ဒေါက်တာ မိုးမြင့်အောင် M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK), FRCP (Edin) Dr.Med.Sc (Gastroenterology) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ပုံမှန်အတိုင်း အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုသမားတေတာ် နှင့် ပြသလိုပါက လည်း ကြိုတင် Booking ယူ၍ ပြသနိုင်ပါတယ်။ ၁။ ဒေါက်တာ ဆွေမွန်မြ M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK), FRCP (Edin) Dr.Med.Sc (Gastroenterology) Senior Consultant Gastroenterologist အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး အင်္ဂါ၊ ကြာသပတေး ညနေ ၄း၃၀ နာရီ။ စနေနေ့ ညနေ ၄း၃၀ နာရီ။ ၂။ဒေါက်တာ စန္ဒာဝင်း M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK) Dr.Med.Sc (Gastroenterology) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာ၊ သောကြာ ညနေ ၅ နာရီ။ တနင်္ဂနွေနေ့ ညနေ ၆ နာရီ။ ၃။ဒေါက်တာ မြသက်နွယ် M.B.,B.S., M.Med.Sc (Internal Medicine) Dr.Med.Sc (Gastroenterology) Consultant Gastroenterologist အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဗုဒ္ဓဟူး၊ ကြာသပတေး ညနေ ၄ နာရီ။ ၄။ဒေါက်တာ သီတာစိုး M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK) Dr.Med.Sc (Gastroenterology) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး အင်္ဂါ၊ ကြာသပတေးနေ့ ညနေ ၄ နာရီ။ ၅။ဒေါက်တာလင်းထက်ဦး M.B.,B.S., M.Med.Sc (Internal Medicine), MRCP (UK) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာနေ့ မှ သောကြာနေ့ အထိ ညနေ ၅ နာရီ။ ၆။ဒေါက်တာသန်းသန်းအေး M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး အင်္ဂါ၊ ကြာသပတေး ညနေ ၇ နာရီ။ On Call ၇။ဒေါက်တာစုစုလှိုင် M.B.,B.S., M.Med.Sc (Internal Medicine),MRCP (UK) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး နေ့စဉ် On Call

၈။ဒေါက်တာ ဥမ္မာညွန့်တင် M.B.,B.S., M.Med.Sc (Internal Medicine) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၅ နာရီ။ ၉။ဒေါက်တာ နန်းခင်ဖုန်းတင့် M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး On Call အစာအိမ် နှင့် အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်း အထူးကုသမားတော်များနှင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-662809090, 09-447164575 သို့ ကြိုတင် Booking ယူနိုင်ပြီဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။ အစာအိမ်အတွက် ဖြစ်စေ၊ အူမကြီး အတွက်ဖြစ်စေ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုရမည့် လူနာများအတွက်လည်း Family Doctor အထူးကုဆေးခန်းတွင် အစာအိမ်မှန်ပြောင်းကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ Family Doctor Specialist Clinic တွင် အစာအိမ်နှင့် အူလမ်းကြောင်း ကြည့်ရှုရာတွင် ကသိကအောင့် ဖြစ်မှာ ကြောက်သော မိဘပြည်သူများအနေဖြင့်လည်း နိုင်ငံခြားမှာ ကြည့်သကဲ့သို့ အိပ်ဆေးဖြင့် ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ အိပ်ဆေးပေးပြီး လူနာမှာ အိပ်ပျော်သွားပြီး မှန်ပြောင်းကြည့်ရှုရာတွင် လုံးဝ မသိတော့ပဲ ကြည့်ပြီး သွားသည့် အချိန်တွင် အလို အလျောက် ပြန်နိုးလာမည်ဖြစ်ပါသည်။ မှန်ပြောင်းကြည့်ချိန်မှာ ၅ မိနစ်မှ ၃၀ မိနစ် အထိသာ ကြာမြင့်မည်ဖြစ်ပြီး အိပ်ဆေးပေးချိန်တွင်လည်း မေ့ဆေးကျွမ်းကျင် အထူးကုသမားတော် မှ ဘေးမှ အချိန်ပြည့်စောင့်ဆိုင်း ပေးမည်ဖြစ်သည့်အတွက် ဘေးကင်း စိတ်ချရပြီး သက်တောင့်သက်သာဖြင့် လုံးဝ မနာကျင်ပဲ မှန်ပြောင်းကြည့်ရှုနိုင်ပြီဖြစ်ပါသည်။ အိပ်ဆေးပြယ်၍ ပြန်လည်ထ လာသည့်အချိန်တွင်လည်း မူးမော်ခြင်း၊ ခေါင်းကိုက်ခြင်း လုံးဝမရှိပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး အိပ်ရာနိုးလာသကဲ့သို့ လန်းလန်းဆန်းဆန်း ရှိနေမည်ဖြစ်ပါသည်။ နာကျင်ခြင်းလုံးဝမရှိပဲ ကသိကအောင့်ဖြစ်မှာ ကြောက်သော မိဘပြည်သူများအတွက် အိပ်ဆေးဖြင့် ကြည့်ခြင်း ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။

Family Doctor အထူးကုဆေးခန်းတွင် အစာအိမ်မှန်ပြောင်း (Gastroscopy) အတွက် Upper Gastroscopy 130,000 ကျပ် ကျသင့်မည်ဖြစ်ပြီး အူမကြီးမှန်ပြောင်း (Colonoscopy) အတွက် Lower Colonoscopy 240,000 ကျပ် ကျသင့်မည်ဖြစ်ပါသည်။ မေ့ဆေးကျွမ်းကျင် ဆရာဝန်ကြီးနှင့် အိပ်ဆေးဖြင့် မနာမကျင်ကြည့်ရှု လိုပါက မေ့ဆေးကျွမ်းကျင် ဆရာဝန်ကြီးနှင့် ဆေးဖိုး စုစုပေါင်း ၁ သိန်း ထပ်မံကုန်ကျမည်ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသုံးပြုသော အစာအိမ် မှန်ပြောင်းမှာ ဂျပန်နိုင်ငံ Fuji Film မှ ထုတ်လုပ်သော မကြာသေးမီကထွက်ရှိထားသော နောက်ဆုံးပေါ် အစာအိမ်မှန်ပြောင်း ဖြစ်သည့် ELUXEO 700 series အား အသုံးပြုထားသည့် အတွက် လူနာများအတွက် မှန်ပြောင်းကြည့်ရှုရာ တွင် အလွန်ပျော့ပြောင်း နူးညံ့သည့် အတွက် နာကျင်မှုမရှိခြင်း၊ မှန်ပြောင်း တွင် ရှိသော Camera သည် နောက်ဆုံးပေါ် ဖြစ်သည့် အတွက် ရုပ်ထွက်အလွန်ကောင်းပြီး အစာအိမ်အတွင်း အား အလွန် ရှင်းလင်းပြတ်သားစွာ မြင်ရသည့်အတွက် ရောဂါအား တိတိကျကျရှာဖွေနိုင်ခြင်း စသည့် အားသာချက်များ ရှိပါသည်။ အစာအိမ် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုရန်အတွက် ကြည့်ရှုလိုသော အစာအိမ်အူလမ်းကြောင်း အထူးကုသမားတော်ဖြင့် ကြိုတင် Booking ယူပြီး Family Doctor အထူးကုဆေးခန်းတွင် တစ်ရက်ကြိုတင်ပြသရန် လိုအပ်ပါသည်။ လူနာ၏ အခြေအနေ အပေါ်မူတည်ပြီး ပြင်ဆင်သင့်သည့် အရာများအား (ဥပမာ အူမကြီး မှန်ပြောင်းကြည့်ရာတွင် Bowel Preparation ဝမ်းနုတ်ပြီး ဝမ်းရှင်းအောင်ပြုလုပ်ခြင်း) စသည့် ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ ထို့နောက် အထူးကုသမားတော်ကြီးမှ ပေးသည့် အစာအိမ်မှန်ပြောင်း ကြည့်ရှုရမည့် ရက်ချိန်းအတိုင်း Family Doctor အထူးကုဆေးခန်းတွင် မှန်ပြောင်းကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ အစာအိမ် နှင့် အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်း အထူးကုသမားတော်များနှင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-662809090, 09-447164575 သို့ ကြိုတင် Booking ယူနိုင်ပြီဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။

Family Doctor အထူးကုဆေးခန်း လိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့၊ အလုံမြို့နယ်ဖြစ်ပါသည်။ https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီ ဖြစ်ပါသည်။ Medical Checkup အား ခန္ဓာကိုယ် အစိတ်အပိုင်း အစုံအလင် တစ်ခါတည်း ပြည့်ပြည့်စုံစုံ စစ်ဆေးလိုသော သူများအနဖြေင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။ Special Whole Body Promotion ကာလ အား ထပ်မံတိုးမြင့်လိုက် ပြီ ဖြစ်ကြော်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။

Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း January လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ နယ်မှ လာရောက်စစ်ဆေးသော မိဘပြည်သူများအတွက် အရေးကြီးပါက တစ်ရက်တည်း ပြီးစီးအောင် စစ်ဆေးနိုင်ရန် အတွက် စီစဉ်ထားပါသည်။ မနက်ပိုင်းသွေးဖောက်စစ်ဆေးပြီး ညနေပိုင်း တွင် အဖြေအပြည့်အစုံဖြင့် နှလုံးအထူးကုသမားတော်နှင့် နေ့ချင်းပြီး ပြသနိုင်ရန်အတွက်လည်း စီစဉ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၅၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။ Special Promotion for Old Customer ယခင်က Family Doctor အထူးကုဆေးခန်းတွင် Special Whole Body Package ပြုလုပ်ထားပြီး ၆ လ သို့မဟုတ် ၁ နှစ် ပြည့်၍ Special Whole Body Package ပြန်လည်စစ်ဆေးလိုပါက Special Promotion ပြုလုပ်ပေးထားပါသည်။ Special Whole Body Package Old Customer 1 person = 110,000 ကျပ် (ပုံမှန်ဈေး 135,000 ကျပ်) ဖြင့် ဈေးနှုန်း အထူးချိုသာစွာ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ယခင်က ပြုလုပ်ထားသော Special Whole Body အဖြေစာရွက် အား ပြုလုပ်သည့် နေ့တွင် ယူဆောင်လာရမည်ဖြစ်ပါသည်။ သို့မှသာ Special Promotion Discount ရရှိမည်ဖြစ်ပါသည်။ ပုံမှန်အတိုင်း Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။ OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၅၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ 2 years ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ အေးချမ်းသော ညလေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်းသည် အကောင်းမွန်ဆုံး သော အရသာ တစ်ခုပါ။ OSA (Obstructive Sleep Apnoea) ကြောင့် နှစ်ပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင် ဖြစ်နေခြင်းသည် အေးချမ်းခြင်း၏ စစ်မှန်ခြင်း အရသာ ကို မခံစားဖူးသော သူများပင်ဖြစ်ပါသည်။သည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။