No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဆီးပူ၊ ဆီးကျင်ခြင်းသည် ဆီးလမ်းကြောင်းပိုးဝင် ခြင်း တစ်ခုတည်းကြောင့် မဟုတ်ပဲ အခြားသော ရောဂါများကြောင့် လည်း နှင့် သောက်နေသော ဆေးများကြောင့် လည်း ဖြစ်တတ်ပါတယ်။ ဆီးပူ၊ ဆီးကျင်ခြင်း မိမိတွင် ခံစားနေရပါက အောက်တွင် ဖော်ပြထားသောလက္ခဏာများ မိမိတွင် ရှိမရှိ မေးမြန်းသင့်ပါသည်။။ ၁။ ဆီးသွားလျှင် နာကျင်သလား ၂။ဆီးသွားလျှင် မီးစနှင့် ထိုးသကဲ့သို့ ပူသလား ၃။ဆီးမကြာခဏ သွားချင်သလို ဖြစ်သလား ၄။ဆီးသွားပြီးလျှင် ဆီးမဝပဲ ဆီးကျန်နေသလို ခံစားရသလား ၅။ဆီးအရောင်အနံ့ ပြောင်းလဲသွားခြင်းများရှိသလား ၆။ဆီးထဲတွင် သွေးပါခြင်းများရှိသလား ၇။ဗိုက်အောင့်ခြင်း ၊ ဖျားနာခြင်း၊ ချမ်းတုန်ဖျားခြင်းများ၊ အန်ခြင်း စသည့် အခြားသော လက္ခဏာများလည်း ရှိပါသလား အထက်ပါ မေးခွန်းသည် မိမိ တွင် ဖြစ်နေသော ဆီးပူ၊ ဆီးကျင်ခြင်းသည် အရေးကြီးမကြီး ခွဲခြားနိုင်သော မေးခွန်းများဖြစ်ပါသည်။ အမှန်တကယ်တော့ ဆီးပူ၊ ဆီးကျင်ခြင်းသည် ဆီးလမ်းကြောင်းအောက်ပိုင်းတွင် ပိုးဝင်ခြင်း သက်သက်မဟုတ်ပဲ ဆီးလမ်းကြောင်း အပေါ်ပိုင်းဖြစ်သည့် ကျောက်ကပ်နှင့် Ureter ဟုခေါ်သော ကျောက်ကပ်နှင့် ဆီးအိမ်တို့ ကို ဆက်သွယ်ထားသော လမ်းကြောင်း တစ်လျှောက် ပါ ပိုးဝင်ခြင်း ဖြစ်ပေါ်လျှင် ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ် ပြည်တည်ခြင်းများမှ တစ်ဆင့် အဆိုပါပိုးများသည် သွေးအတွင်းသို့ ပျံ့ နှံ့ ပြီး သွေး အဆိပ်တက်ခြင်း၊ ကျောက်ကပ် လုံးဝ ပျက်စီးခြင်း စသည့် ရောဂါ ကြီးများအထိ အမှတ်မထင် ပြောင်းလဲ သွားတတ်ပါသည်။ ဆီးပူ၊ ဆီးကျင် လက္ခဏာသည် ရောဂါ အမျိုးမျိုးတွင် တွေ့ ရသော်လည်း အဓိက အားဖြင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ၏ လက္ခဏာဖြစ်ပါသည်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် ဆီးပူ၊ ဆီးကျင်ခြင်း လက္ခဏာ ဖြင့် လာ သကဲ့သို့ တစ်ခါတစ်လေ လက္ခဏာမပြပဲ ဆီးထဲတွင် ပိုးများပေါက်နေခြင်းများလည်း ရှိပါသည်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို အဓိက အားဖြင့် နှစ်မျိုး ပိုင်းခြားနိုင်ပါသည်။

ဆီးလမ်းကြောင်းအောက်ပိုင်းပိုးဝင်ခြင်း ဆီးလမ်းကြောင်းအောက်ပိုင်း ပိုးဝင်ခြင်းတွင် အမျိုးသားများတွင် ဆီးကျိတ် Gland နှင့် ဆီးသွားသည့် လမ်းကြောင်း တစ်လျှောက်ပိုးဝင်ခြင်း ဖြစ်ပါသည်။ ဆီးလမ်းကြောင်း အထက်ပိုင်း ပိုးဝင်ခြင်း ကျောက်ကပ်နှင့် Ureter ဟုခေါ်သော ကျောက်ကပ်နှင့် ဆီးအိမ်တို့ ကို ဆက်သွယ်ထားသော လမ်းကြောင်း တစ်လျှောက် ပါ ပိုးဝင်ခြင်း ဖြစ်ပြီး ပို၍ ကြောက်စရာကောင်းသော အခြေအနေဖြစ်ပါသည်။ ပုံမှန် ဆီးပူ၊ ဆီးကျင်၊ ဆီးအောင့်ခြင်း အပြင် ခံစားရနိုင်သော လက္ခဏာများမှာ ချမ်းတုန်ဖျားခြင်း၊ ခါးကိုက်ခြင်း၊ အန်ခြင်း၊ ပင်ပန်းလွယ်ခြင်း၊ ဆီးမထွက်တော့ခြင်း စသည့် လက္ခဏာများ ခံစားရနိုင်ပါသည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် ကျောက်ကပ်နှင့် ဆီးသွားသည့် လမ်းကြောင်း တစ်လျှောက် ပုံမှန် အနေအထားရှိနေပါက ဒုက္ခများစွာ မပေးတတ်ပေ။ သို့သော် အချို့သော သူများတွင် မွေးရာပါ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းတည် ဆောက်ပုံ မမှန်ကန်ခြင်း၊ ဥပမာ (Ureter နှင့် ဆီးအိမ်ကြားတွင် ဆက်ထားသော အဆို့ရှင် မလုံပဲ ဆီးအိမ်အတွင်း မှ ဆီးများ အပေါ်ပြန်လျှံတက်နေခြင်း) ၊ ဆီးလမ်းကြောင်းတွင် တစ်ခုခု ပိတ်ဆို့ နေခြင်း ဥပမာ ကျောက်တည်ခြင်း၊ Staph Aureus ဟုခေါ်သော ပြည်တည် တတ်သော ရောဂါ ပိုးဝင် ရောက်ခြင်း စသည် တို့ ဖြစ်လျှင် နောက်ဆက်တွဲ ကျောက်ကပ်ပျက်စီး ခြင်းဖြစ်နိုင်သဖြင့် ရောဂါအား တိတိကျကျ ရှာဖွေပြီး စောလျင် စွာ ကုသမှု ခံယူရန် အရေးကြီးပါသည်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း အဖြစ်များသော သူများ ၁။အမျိုးသမီးများ အမျိုးသမီးများ၏ ဆီးလမ်းကြောင်းသည် အမျိုးသားများထက် တိုသောကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ရန် အခွင့်အလမ်းများပါသည်။ ၂။အိမ်ထောင်ရှိသူများ ၃။ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်သည် လရင့်လာသည်နှင့် အမျှ မိခင်၏ ဆီးလမ်းကြောင်းအား ဖိထားသောကြောင့် ဆီးကျန်ခြင်း ဖြစ်ပေါ်ရာမှ ဆီးပိုးဝင်ခြင်း ဖြစ်တတ်ပါသည်။ ) ၄။ဆီးချို ရှိခြင်း ၅။ကိုယ်ခံအား ကျဆင်းသော ရောဂါများရှိခြင်း (Steroid ဆေးများသောက်သုံးနေရခြင်း) ၆။ဆီးလမ်းကြောင်း ကျောက်တည်ခြင်း ၇။ဆီးပိုက်တပ်ထားခြင်း အထက်ပါအချက်များရှိပါက ဆီးလမ်းကြောင်းပိုးဝင်ခြင်း ပိုမို ဖြစ်နိုင်ပါသည်။ ဆီးပိုးဝင်ခြင်းအပြင် အခြားသော ဆီးပူ၊ ဆီးကျင်ဖြစ်စေတတ်သော ရောဂါများမှာ ၁။မိမိတွင် လိင်မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများရှိခြင်း ၂။ဆီးကျိတ်ကြီးနေခြင်း ( ကြီးနေသော ဆီးကျိတ်တွင် ဆီးသွားသော လမ်းကြောင်းကို ဖိခြင်းဖြင့် ဆီးပိုးဝင်သော လက္ခဏာကဲ့သို့ ဆီးကျန်ခြင်း၊ ဆီးသွားမဝခြင်း၊ ဆီးမကြာခဏ သွားချင်ခြင်း ကို ဖြစ်စေပါသည်။ ဆီးကျိတ်ကြီးသူများတွင် လည်း ဆီးကျန်များခြင်းကြောင့် ပိုးများပေါက်ခြင်းအား အားပေးသကဲ့သို့ ဖြစ်ပြီး ဆီးပိုးဝင်ခြင်းအား ပိုမို ဖြစ်စေပါသည်။) ၃။မိန်းမကိုယ်တွင် မှိုစွဲခြင်း ၄။မိန်းမကိုယ်ကို Chemical ပါသော ပစ္စည်းများဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း ၅။Cyclophosphamide, Tiaprofenic Acid , Danazole စသည့် ဆီးလမ်းကြောင်းကို ဆွစေသော ဆေးများသောက်သုံးခြင်း ၆။ဓာတ်ရောင်ခြည် ကုထုံးဖြင့် ကုသနေရခြင်း စသည် တို့တွင် လည်း ဆီးပူဆီးကျင်ခြင်း လက္ခဏာများတွေ့ ရတတ်ပါသည်။ မည်သည့် ဆီးပူ၊ ဆီးကျင်ခြင်း လက္ခဏာ ခံစားနေသည့် မည်သူမဆို မပေါ့လျော့ပဲ ဆီးနှင့် ကျောက်ကပ် စစ်ဆေးမှုများ ပြုလုပ်သင့်ပြီး ဆီးပိုးဝင်သည့် အကြောင်းအရင်းအား တိတိကျကျ ရှာဖွေပြီး ထိရောက်သော ကုသမှု ခံယူမှသာ နောက်တချိန် နာတာရှည် ကျောက်ကပ်ပျက်စီးခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

ကာကွယ်နိုင်သော နည်းလမ်းများ ၁။ရေများများသောက်ပါ ၂။မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်သောလက္ခဏာ ခံစားရပါက ဆီးကျောက်ကပ်အထူးကုသမားတော် နှင့် ပြသပြီး ထိရောက်သော ပိုးသတ်ဆေး သေချာသောက်သုံးသင့်ပါသည်။ ၃။Cranberry Juice, Tablets များသောက်သုံးနိုင်ပါသည်။ ၄။ဆီးသွားပြီးသည့် အခါတွင် Tissue ဖြင့် သန့်ရှင်းရေးလုပ်သည့် အခါတွင် အရှေ့ မှ အနောက်သို့သာ သန့်ရှင်းရေး ပြုလုပ်ရပါမည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် လိင်မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများနှင့် ခွဲခြားမရအောင် တူညီပြီး ကုသနည်းများလည်း ကွဲပြားသောကြောင့် မိမိတွင် ထိုကဲ့သို့ သော အပြုအမူများရှိပါက ဆီးနှင့် ကျောက်ကပ် အထူးကုသမားတော်နှင့် သေချာပြသသင့်ပါသည်။ မည်သို့ပင် ဆိုစေကာမူ ဆီးပိုးဝင်ခြင်းသည် ရုတ်တရက်ကြည့်လျှင် အရေးသိပ်မကြီးသော ရောဂါဟု ပေါ့လျော့တတ်ပါသည်။ သို့သော်လည်း သေချာစွာ မကုသလျှင် ကျောက်ကပ် ပျက်စီးသည် အထိ ဖြစ်ပေါ်နိုင်သောကြောင့် ကျောက်ကပ်အား သေချာစွာ စစ်ဆေးပြီး ဆီးနှင့် ကျောက်ကပ် အထူးကုသမားတော်နှင့် သေချာစွာ ပြသပြီး ကုသမှု ခံယူသင့်ပါသည်။ အောက်တွင် ကျောက်ကပ်ရောဂါ များနှင့် ပက်သက်ပြီး ကျန်းမာရေးဗဟုသုတ ရရှိအောင် ဆက်လက်ဖော်ပြထားပါသည်။ ကျောက်ကပ် ပျက်စီးနေခြင်းအားပြသည့် လက္ခဏာများမှာ ၁။ အစားအသောက်ပျက်ခြင်း ၂။ ကိုယ်အလေးချိန်ကျခြင်း ၃။ အရေပြားခြောက်သွေ့ ယားယံခြင်း ၄။ကြွက်တက်ခြင်း ၅။ ကယောင်ကတမ်းနှင့် တွေးခေါ်နိုင်မှုလျော့ နည်းခြင်း ၆။ ခန္ဓာကိုယ်တွင်းရေများစုပုံလာပြီး ဖောရောင်ခြင်း ၇။ မျက်လုံးပတ်ပတ်လည်ဖောင်းကားရောင်ရမ်းနေခြင်း ၈။ ဆီးသာမန်ထက်ပိုသွားခြင်း သို့ မဟုတ် ဆီးနည်းသွားခြင်း အထက်ပါလက္ခဏာများသည် ကျောက်ကပ်အတော်ပျက်စီးမှစပေါ်လာပြီး အစပိုင်းတွင်လူနာ သည် ပင်ပန်းနုံးချိလွယ်ခြင်း ၊ မောပန်းခြင်း မှလွဲ၍ အခြား လက္ခဏာများမရှိတတ်ပေ။

လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ်ပါဝင်နိုင်ပါပြီ။ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းကိုဖြစ်စေသော အကြောင်း များမှာ ၁။ ဆီးချိုရောဂါ ၂။ သွေးတိုးရောဂါ ကြောင့် ကျောက်ကပ်ပျက်စီးခြင်း အသေးစိတ်အား အောက်ဖော်ပြပါ Link အား နှိပ်၍ အသေးစိတ် ဖတ်ရှုနိုင်ပါပြီ။ https://www.facebook.com/FamilyDoctorSpecialistClinic/posts/2119069511694054?__tn__=K-R ၃။ အသက်အရွယ်ကြီးခြင်း အသက် ၇၅ နှစ်ကျော်လာလျှင် ကျောက်ကပ်သည် အသက်အရွယ်ကြောင့် အလုပ်လုပ်နိုင်သော တစ်ရှူး များလျော့ နည်းလာပါသည်။ သို့ သော် အခြားရောဂါအခံ များမရှိလျှင် အဆင့် တက်သွားခြင်းမရှိဘဲ လူကောင်း ကဲ့သို့ နေနိုင်ပြီး ရောဂါအခံ တစ်မျိုးမျိုး ၊ ဆီးချို သွေးတိုး၊ အကိုက်အခဲပျောက်ဆေး များရေရှည် သောက်ခြင်းတို့ရှိပါက ပိုဆိုးသွားတတ်ပါသည်။ ၄။ ကျောက်ကပ်ရောင်ရောဂါများ ကျောက်ကပ်ရောင်ရောဂါများသည် အသက်အရွယ်မရွေးတွင်ဖြစ်တတ်ပြီး အကြောင်းရင်းများမှာ လည်း အလွန်များပြားတတ်ပါသည်။ တစ်ခါတရံတွင် အကြောင်းရင်းမရှိဘဲ ကျောက်ကပ်ရောင် ခြင်းမျိုးပင်ရှိတတ်ပါသည်။ ကျောက်ကပ်ရောင်ခြင်းသည်အထက်ရှိ ရောဂါ များနှင့် မတူဘဲ ကျောက်ကပ်နှင့် ပတ်သတ်သည့် လက္ခဏာများခံစားသိရှိတတ်ပါသည်။ ဆီးတွင်းသွေးပါခြင်း၊ ဆီးအရောင်နောက်ခြင်း၊ဆီးသွားသည့် ပမာဏ နည်းသွားခြင်း၊ သွေးတိုးထိန်းမရခြင်း ၊ ခြေလက်များဖောရောင်လာခြင်းတို့ သည် ကျောက်ကပ်ရောင်နေခြင်းကိုပြသည့် လက္ခဏာများဖြစ်ပါသည်။ ၅။ အကိုက်အခဲပျောက်ဆေးများပုံမှန်သောက်ခြင်း ဒူးနာ၊ခါးနာ၊ လေးဘက်နာ စသည့် ကိုယ်လက်နာကျင်ခြင်းအမျိုးမျိုးသည် နာတာရှည်ဖြစ်နေသောလူများတွင် အကိုက်အခဲပျောက်ဆေး များကို နှစ်မျိုးထက်ပို၍ စပ်ပြီး စွဲသောက်ကြခြင်းကြောင့် ကြာလာသော အခါကျောက်ကပ်ပျက်စီးခြင်းဖြစ်ရပါသည်။ အကိုက်အခဲပျောက်ဆေး များသည် ကျောက်ကပ်သို့ သွေးစီးဆင်း မှုကို နည်းစေပြီး ကျောက်ကပ်ရှိ အလုပ်လုပ်သော တစ်ရှူ း များကို သွေးငတ်၍ ကြွေကျပျက်စီးခြင်း ကိုဖြစ်ပေါ် စေပါသည်။ ထို့်ကြောင့် အကိုက်အခဲ ပျောက်ဆေး များကို မိမိသဘောဖြင့် မသောက်ဘဲ ကျွမ်းကျင်သော သမားတော် နှင့် ပုံမှန် ကျောက်ကပ်စစ်ဆေးခြင်းပြုလုပ်ပြီး မှသာ သောက်သုံးသင့်ပါသည်။ အကိုက်အခဲပျောက်စေသောတိုင်းရင်းဆေးများ၊ သစ်ဥသစ်ဖု များမှ ပြုလုပ်ထားသော အကိုက်အခဲပျောက်ဆေး များကို မှီဝဲလိုပါကလည်း အလွန်အကျွံရေရှည် မသောက်သုံးဘဲ မိမိ ကျောက်ကပ် ဓာတ်ကိုမကြာခဏ ပြန်လည်စစ်ဆေးနေသင့် ပါသည်။ ၆။ ကျောက်ကပ်တွင် ရေအိတ်များပါလာခြင်း ကျောက်ကပ်တွင်းရေအိတ်များပါလာခြင်းသည် မျိုးရိုးလိုက်တတ်သောရောဂါတစ်မျိုးဖြစ်ပြီး မိဘတွင်ရှိနေပါက မိမိတို့ မောင်နှမသားချင်းအားလုံး အာထရာဆောင်းကိုပုံမှန် နှစ်စဉ် ရိုက်၍ စစ်ဆေးနေသင့်ပါသည်။ ကျောက်ကပ်တွင်းရေအိတ်များသည်တိုးပွားလာတတ်ပြီး ကျောက်ကပ်၏ ပုံမှန် အလုပ်လုပ်နိုင်သော တစ်ရှူ း များ တစ်နေ့တစ်ခြားဆုံးရံှုး လာခြင်းကြောင့် ကျောက်ကပ်ပျက်စီးခြင်းဖြစ်ပေါ်ပါသည်။ ကာကွယ်နိုင်သော နည်းလမ်းလည်း မရှိသေးသော်လည်း မိမိ ၏ သွေး ပေါင် ပြောင်းလဲ မှု ရှိသည် နှင့်၊ ကျောက်ကပ်ဓာတ် Creatinine တက်လာသည် နှင့် စတင် ကုသ မှု ခံယူထားလျှင် ကျောက်ကပ်ပျက်စီးခြင်းကို အထိုက်အလျောက် တားဆီးနိုင်မည်ဖြစ်ပါသည်။ ၇။ မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ရာမှ ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း ဆီးလမ်းကြောင်းတွင်း မကြာခဏ ပိုးဝင်တတ်သူများတွင် ဆီးလမ်းကြောင်းသည် ပိုးဝင်တိုင်း တစ်ခါရောင် တစ်ခါ အနာပြန်ကျက်ဖြစ်ရသည့် အတွက် ဆီးလမ်းကြောင်းတွင် အမာရွတ် များကျန် ခဲ့ ပြီး ထို အမာရွတ် တစ်ရှူ းသည် ဆီးလမ်းကြောင်းပိတ်ခြင်းကိုဖြစ်စေပါသည်။ ထို အခါ အညစ်အကြေး ဆီး များသည် အောက်ဘက်သို့ မစီးဆင်းနိုင်တော့ဘဲ ကျောက်ကပ် ထဲတွင် အောင်းနေပြီး ကျောက်ကပ်ရေဖြင့် ဖောင်းခြင်း၊ ထိုမှတစ်ဆင့် ပြည်တည်ခြင်းတို့ဖြစ်ပေါ် ပြီး ကျောက်ကပ် ပျက်စီး ခြင်းဖြစ်ပါသည်။

ကျောက်ကပ်ရောဂါ သည် ခဏတာပြသနာမဟုတ်။မိသားစုထဲတွင်တစ်ယောက် ကျောက်ကပ်ပျက်စီးသည် နှင့် နာတာရှည်ကုသရန်လိုသည်သာမက ပျက်စီးပြီး မှ ကုသသည့် အတွက် ငွေကုန်ကြေးကျမြောက်မြားစွာ ကုန်ကျခြင်း၊ စိတ်ရောလူပါပင်ပန်းခြင်းတို့ဖြစ်ကြရပါသည်။ နာတာရှည် ကျောက်ကပ်ဖြစ်ရသည့် အကြောင်းရင်း များကို ကြည့်လိုက်လျှင် လည်း မိမိ အချိန်မီကာကွယ် ခဲ့ လျှင် ဖြစ်လာမည်မဟုတ်သော အကြောင်း များဖြစ်သည်ကများသည်။ သို့ဖြစ်ရာ ကျောက်ကပ် ရောဂါ ကို ပေါ့ဆမနေဘဲ မိမိတွင် သွေးတိုး၊ ဆီးချို တစ်မျိုးမျိုးရှိသည်ဖြစ်စေ၊ အကိုက်အခဲပျောက်ဆေး များသောက်နေရသည်ပင်ဖြစ်စေ၊ ကျောက်ကပ်ရောဂါ ဖြစ်ဖူးလျှင်ဖြစ်စေ ၊ လူကောင်းပကတိဖြစ်စေကာမူ ကြိုတင်စစ်ဆေးထားရန်လိုအပ်သော စစ်ဆေးမှု တစ်မျိုးဖြစ်ပါသည်။ Family Doctor Specialist Page အတွင်းသို့ ဝင်၍ Page သို့ရောက်သွားသောအခါတွင် Send Message အား နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ်ပါဝင်နိုင်ပါပြီ။ ကျောက်ကပ်ဓာတ်စစ်ဆေးခြင်းတွင်မည်သည်တို့ပါဝင်သနည်း။ ၁။Ultrasound ရိုက်ပြီး ကျောက်ကပ်ကောင်းမကောင်းစစ်ဆေးခြင်း Ultrasound ရိုက်ခြင်းသည် ကျောက်ကပ်စစ်ဆေးခြင်းတွင် အလွန်ပင် အရေးပါသော စစ်ဆေးခြင်းဖြစ်ပါသည်။ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း ဖြစ်သည့် အခါတွင် ကျောက်ကပ်သည် Ultrasound တွင် မူလထက် အရွယ်အစားသေးနေမည်ဖြစ်ပါသည်။ အခြားသော နာတာရှည်ကျောက်ကပ်အမျိုးအစား များဖြစ်စေသည့် ကျောက်ကပ်ရေအိတ် တည်ခြင်း အစရှိသည် တို့ကို တိတိကျကျ သိရှိနိုင်ပါသည်။ ရေအိတ် အရွယ်အစားအား တိတိကျကျတိုင်းတာနိုင်ပါတယ်။ ကျောက်ကပ်တွင် ကျောက်တည်ခြင်း များကို လည်း ရှာဖွေနိုင်ပါတယ်။ ကျောက်ကပ်ရောင်မရောင်အား လည်း သိရှိနိုင်ပါတယ်။ ထို့ကြောင့် Ultrasound ရိုက်ခြင်းဖြင့် ကျောက်ကပ်ရောဂါ အတော်များများအား သိရှိနိုင်ပြီး Ultrasound ရိုက်၍ ပုံမှန် Normal Result ထွက်ပါက အလွန်ကောင်းသော အဖြေဖြစ်ပါတယ်။ ဒါကြောင့် Ultrasound ရိုက်ခြင်းသည် လည်း ကျောက်ကပ်စစ်ဆေးခြင်းအတွက် အရေးကြီးသော စစ်ဆေးမှု ဖြစ်ပါတယ်။ ၂။ Urea &Eletrolyte, Creatinine ကျောက်ကပ်ဓာတ် နှင့် ခန္ဓာကိုယ်တွင်းရှိ ဆားဓာတ်များပါဝင်ပါသည်။ Urea နှင့်Creatinine ဟုခေါ်သော ကျောက်ကပ်ဓာတ်သည် ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးတစ်မျိုးပင် ဖြစ်သည်။ Creatinine သည် သွေးထဲတွင် ရှိပြီး ကျောက်ကပ်မှခန္ဓာကိုယ်ပြင်ပသို့စွန့်ထုတ်ပေးရသောပစ္စည်းဖြစ်ပါသည်။ သွေးထဲတွင် Creatinine များနေပါက ကျောက်ကပ် မှ Creatinine ကို ကောင်းစွာ မစွန့်ထုတ်ပေးနိုင်ခြင်းကို ပြပြီး တစ်နည်းအားဖြင့် ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကိုပြပါသည်။ နှလုံးရောဂါ၊သွေးတိုးရောဂါရှိသူများ နှင့် ဆီးချို ရောဂါရှိသူများတွင် ကျောက်ကပ် ထိမထိစစ်ဆေးသင့်သော အရာဖြစ်ပြီး သွေးကျဆေးစွဲသောက်နေရသူများတွင်လည်း ၆လ ၁ နှစ် ကြာတစ်ခါ ပြန်လည်စစ်ဆေးနေသင့်သော အရာလည်းဖြစ်ပါသည်။

ဆားဓာတ်များတွင် ဆိုဒီယမ်(Na)၊ ပိုတက်ဆီယမ်(K)၊ ကလိုရိုက်(Cl)၊ ဘိုင်ကာဗွန်နိတ်(HCO3) တို့ပါဝင်ပါသည်။ ခန္ဓာကိုယ်၏ဆားဓာတ်ညီမျှမှု ကို ထိန်းသိမ်းပေးသည်မှာလည်း ကျောက်ကပ်ဖြစ်သောကြောင့် ကျောက်ကပ် ကောင်းမကောင်းစစ်ဆေးမှုတွင် ပါဝင်ပါသည်။ထို မညီမျှမှုများတစ်ခုခုရှိနေပါက ဆီး နှင့်ကျောက်ကပ် အထူးကုသမားတော် နှင့်သေချာပြသပြီး မိမိကျောက်ကပ်အခြေအနေကိုပြသအကြံဉာဏ်ရယူသင့်ပါသည်။ ၃။Urine RE (ဆီးစစ်ဆေးခြင်း) ဆီးကို စစ်ဆေးခြင်းဖြင့် ဆီးထဲတွင် သွေးပါမပါ၊ ဆီးထဲတွင် အသားဓာတ်မည်မျှ ကျနေသနည်းအား သိရှိနိုင်ပါသည်။ ကျောက်ကပ်ရောဂါအများစုသည် ဆီးအတွင်းသွေးပါခြင်းနှင့် ဆီးအသားဓာတ်တို့နှင့် ဆက်စပ်သည့်အတွက် ကျောက်ကပ်ရောဂါရှိမရှိအား စစ်ဆေးရာတွင် ဆီးစစ်ခြင်းသည် အလွန်အထောက် အကူပြုသော စစ်ဆေးခြင်းဖြစ်ပါသည်။ ထိုအပြင် ဆီးလမ်းကြောင်းပိုးဝင်မဝင်ခြင်းအားလည်း သိရှိနိုင်ပါသည်။ သွေးချိုဝေဒနာရှင်မျာမှာလည်း သွေးတွင်းသကြားဓာတ် အလွန်များသည့်အခါတွင် ဆီးအတွင်း သကြားဓာတ်ပါလာခြင်းအား ပမာဏ မည်မျှပါသနည်းအား တိုင်းတာနိုင်ပါသည်။ အသည်းရောင်အသားဝါ ဖြစ်နေသော သူများတွင် လည်း အသားဝါသည့် ဓာတ်အား ဆီးအတွင်း တိုင်းတာသိရှိနိုင်ပါသည်။ ထို့ကြောင့် ဆီးစစ်ဆေးခြင်းသည် ကျောက်ကပ်နှင့် ပက်သက်သော ရောဂါအတော်များများအား ဖော်ပြနိုင်သောကြောင့် ကျောက်ကပ်အတွက် အထောက်အကူပြုသော စစ်ဆေးခြင်းဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် သွေးတိုးရောဂါ အခံရှိသူများ၊ ဆီးချိုရောဂါ အခံရှိသူများ အပြင် အခြားသော ကျောက်ကပ်ရောဂါအမျိုးမျိုး ရှိသူများ၊ ကျောက်ကပ်အား Medical Checkup ပြုလုပ်ချင်သော မိဘပြည်သူများအတွက် အထူးဈေးနှုန်းသက်သာသော ကျောက်ကပ်စစ်ဆေးခြင်း ကျောက်ကပ် Package အား ပြုလုပ်နိုင်ပြီဖြစ်ပါသည်။ ကျောက်ကပ် All in One Package (40000 ကျပ်) ကျောက်ကပ် All in One Package တွင် ပါဝင်သော ဝန်ဆောင်မှု အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

1.Ultrasound Abdomen (ကျောက်ကပ်ကောင်းမကောင်း Ultrasound ရိုက် စစ်ဆေးခြင်း) 2.Urea (ကျောက်ကပ်ဓာတ်) 3.Creatinine (ကျောက်ကပ်ဓာတ်) 4.Sodium (ဆိုဒီယမ်ဆားဓာတ်) 5.Potassium (ပိုတက်ဆီယမ် ဆားဓာတ်) 6.Chloride (ကလိုရိုက ဆားဓာတ်) 7.Bicarbonate (ဘိုင်ကာဗွန်နိတ် ဆားဓာတ်) 8.Electrolytes 9.Urine RE (ဆီးစစ်ဆေးခြင်း) 10.ဆီးနှင့် ကျောက်ကပ် အထူးကုသမားတော် နှင့် အဖြေအား ဆွေးနွေးတိုင်ပင်ပြသခြင်း၊ ကုသမှုခံယူခြင်း 11.ဆေးခန်းဝန်ဆောင်ခ ကျောက်ကပ် ရိုးရိုး Package (27000 ကျပ်) ကျောက်ကပ် ရိုးရိုး Package တွင် ပါဝင်သော ဝန်ဆောင်မှု အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 1.Urea (ကျောက်ကပ်ဓာတ်) 2.Creatinine (ကျောက်ကပ်ဓာတ်) 3.Sodium (ဆိုဒီယမ်ဆားဓာတ်) 4.Potassium (ပိုတက်ဆီယမ် ဆားဓာတ်) 5.Chloride (ကလိုရိုက ဆားဓာတ်) 6.Bicarbonate (ဘိုင်ကာဗွန်နိတ် ဆားဓာတ်) 7.Electrolytes 8.Urine RE (ဆီးစစ်ဆေးခြင်း) 9.ဆီးနှင့် ကျောက်ကပ် အထူးကုသမားတော် နှင့် အဖြေအား ဆွေးနွေးတိုင်ပင်ပြသခြင်း၊ ကုသမှုခံယူခြင်း 10.ဆေးခန်းဝန်ဆောင်ခ မှတ်ချက်။ ။ ကျောက်ကပ် Package စစ်ဆေးရာတွင် တစ်ရက်ကြို၍ သွေးဖောက်စစ်ဆေးရန် မလိုပဲ လူနာများ အဆင်အပြေဆုံးဖြစ်အောင် ဆရာဝန်ဖြင့် ပြသချိန် ၁နာရီ စောလာရုံဖြင့် ချက်ချင်း သွေးဖောက် စစ်ဆေးပြီး ဆီးနှင့် ကျောက်ကပ် အထူးကုသမားတော်ဖြင့် တစ်ထိုင်တည်း ပြသနိုင်ပြီဖြစ်ပါသည်။ စစ်ဆေးရာတွင် လည်း Fully Automated ဓာတ်ခွဲခန်းစက်ကြီးဖြင့် စစ်ဆေးပေးသည့်အတွက် အဖြေအား စောင့်ဆိုင်းချိန် အနည်းဆုံးနှင့် အမြန်ဆုံးရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြသနိုင်သော ကျောက်ကပ်အထူးကုသမားတော်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ဒေါက်တာ မြထွေးငယ် M.B.,B.S, M.Med.Sc (Int. Med) MRCP (UK), FRCP (Edin) Dr.Med.Sc (Nephrology) ဆီးနှင့်ကျောက်ကပ်အထူးကု ဆရာဝန်ကြီး ဆီးနှင့် ကျောက်ကပ် ဆေးအထူးကုဌာန ရန်ကုန်အထူးကုဆေးရုံကြီး အင်္ဂါ၊ ကြာသပတေး ညနေ ၅ နာရီ။ ၂။ဒေါက်တာဝေဖြိုး M.B.,B.S, M.Med.Sc (Int. Med) MRCP (UK) လက်ထောက်ကထိက ဆီးနှင့် ကျောက်ကပ် ဆေးအထူးကုဌာန ရန်ကုန်အထူးကုဆေးရုံကြီး တနင်္လာ၊ဗုဒ္ဓဟူး ညနေ ၄း၃၀။ စနေ၊ On Call. သွေးတိုးရောဂါ အခံရှိသူများ၊ ဆီးချိုရောဂါ အခံရှိသူများ အပြင် အခြားသော ကျောက်ကပ်ရောဂါအမျိုးမျိုး ရှိသူများ၊ ကျောက်ကပ်အား Medical Checkup ပြုလုပ်ချင်သော မိဘပြည်သူများအတွက် အထူးဈေးနှုန်းသက်သာသော ကျောက်ကပ်စစ်ဆေးခြင်း ကျောက်ကပ် Package များအား ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ကျောက်ကပ်စစ်ဆေးပြီးသော ဆီးနှင့် ကျောက်ကပ် ဝေဒနာရှင်များ အနေဖြင့် Package မလုပ်ပဲ ဆီးနှင့် ကျောက်ကပ်အထူးကုသမားတော်များနှင့် ပုံမှန်အတိုင်း ရိုးရိုး ပြသနိုင်ပြီဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ ဆီးနှင့်ကျောက်ကပ်အထူးကုသမားတော်များ နှင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404 သို့ ကြိုတင် Booking ယူပေးပါရန် အတွက် လေးစားစွာ ပန်ကြားအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာအမှတ် SA-9၊ အောင်ဇေယျအိမ်ယာ၊ သစ်တောရပ်ကွက်၊ ဆင်မင်းဈေးရှေ့၊ ကမ်းနားလမ်းမပေါ်၊ CB Bank ဘေး၊ အလုံမြို့နယ် ဖြစ်ပါသည်။ Medical Checkup အား ခန္ဓာကိုယ် အစိတ်အပိုင်း အစုံအလင် တစ်ခါတည်း ပြည့်ပြည့်စုံစုံ စစ်ဆေးလိုသော သူများအနဖြေင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။

December အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း December လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။

Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။ December အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း December လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၅၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။ Special Promotion for Old Customer ယခင်က Family Doctor အထူးကုဆေးခန်းတွင် Special Whole Body Package ပြုလုပ်ထားပြီး ၆ လ သို့မဟုတ် ၁ နှစ် ပြည့်၍ Special Whole Body Package ပြန်လည်စစ်ဆေးလိုပါက Special Promotion ပြုလုပ်ပေးထားပါသည်။ Special Whole Body Package Old Customer 1 person = 110,000 ကျပ် (ပုံမှန်ဈေး 135,000 ကျပ်) ဖြင့် ဈေးနှုန်း အထူးချိုသာစွာ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ယခင်က ပြုလုပ်ထားသော Special Whole Body အဖြေစာရွက် အား ပြုလုပ်သည့် နေ့တွင် ယူဆောင်လာရမည်ဖြစ်ပါသည်။ သို့မှသာ Special Promotion Discount ရရှိမည်ဖြစ်ပါသည်။ ပုံမှန်အတိုင်း Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။ OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၅၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ 2 years ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ အေးချမ်းသော ညလေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်းသည် အကောင်းမွန်ဆုံး သော အရသာ တစ်ခုပါ။ OSA (Obstructive Sleep Apnoea) ကြောင့် နှစ်ပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင် ဖြစ်နေခြင်းသည် အေးချမ်းခြင်း၏ စစ်မှန်ခြင်း အရသာ ကို မခံစားဖူးသော သူများပင်ဖြစ်ပါသည်။သည်။