
“သွေးတစ်စက်ကျတိုင်းဟာ မင်းအောင်လှိုင်နဲ့ သူ့အပေါင်းပါမှာတာဝန်ရှိတယ်”- ဒေါက်တာဆာဆာ DVB "မင်းအောင်လှိုင်နဲ့ အဖွဲ့ကို ကျနော်တို့က ဒီအိုင်စီဂျေ Case နဲ့ ကျနော်တို့ပြန်စွဲမယ်။ အဲဒီအိုင်စီဂျေ Case မသေသေးဘူးနော်။ အမေဒေါ်စုက သူတို့ကို ကာကွယ်ဖို့ရန် သူတို့ကို သနားလွန်းအားကြီးလို့ သွားပြီးတော့ နိုင်ငံတကာတောင်မှ သူသိက္ခာအကျခံရတယ်လေ။ အဲဒါသူက စစ်သားတွေကို တဘက်ကပြောမယ်ဆိုပြီးတော့ ဒီလို အကောင်းကိုလုပ်ပေးရင် သူတို့က အကောင်းကိုလုပ်လာလိမ့်မယ်ဆိုတဲ့ အယုံအကြည်နဲ့ လုပ်ပေးတာဖြစ်တယ်။ ဒါတောင်မှသူတို့နားမလည်ဘူး။ လုံးဝနားမလည်ဘူး ။ အဲလိုနားလည်နိုင်မယ့်ဦးနှောက်လည်း သူတို့မှာ မရှိဘူးလို့ထင်ပါတယ်။ ဒါကြောင့်မို့ အိုင်စီဂျေလည်း ပြန်သုံးဖို့ရန် အတွက် ကျနော်တို့က အပြည်ပြည်ဆိုင်ရာ ဥပဒေပါမောက္ခတွေကို ကျနော်တို့ ငှါးလိုက်ပြီနော် အပြည်ပြည်ဆိုင်ရာ ဥပဒေပါမောက္ခတွေကို ငှါးလိုက်ပြီ ။ သူတို့ကနေပြီးတော့ အိုင်စီဂျေအထိပြန်တင်မယ်။ တင်တော့ အခုနသူတို့သတ်နေတဲ့ သွေးတစ်စက်ကျတိုင်း၊ အိမ်တစ်အိမ်ဖျက်ဆီးတိုင်း၊ လူတစ်ယောက်ဒဏ်ရာရတိုင်း စောစောကကျနော်ပြောသလို ဒါကို သက်သေအထောက်အထားနဲ့တကွ ပြည်သူလူထုက ကျနော့်ဆီမှာပို့ပါနော် ၊ sarsar@crphmyanmar.org အဲဒီမှာအကုန်လုံးပို့ပါ။ ဒါကိုကျနော်တိုက်ရိုက် ICJ နဲ့ ICC ပေါ့ International Criminal Court တွေမှာရှိတဲ့ lawyer တွေနဲ့ ဒါ အပြည်ပြည်ဆိုင်ရာ (Law Firm) ကိုငှါးပြီးတော့မှ Law Professors တွေက အောက်စ်ဖို့ဒ်တက္ကသိုလ်က Law Professors တွေ ၊ ကမ်းဘရစ်ချ်တက္ကသိုလ်က Law Professors တွေ ၊ ပြီးတော့ အမေရိကန် ဟားဘတ်တက္ကသိုလ်က Law Professors တွေ ကျနော်တို့သိတဲ့လူတွေ အများကြီးရှိပါတယ်။ အားလုံးပေါင်းပြီးတော့မှ ဒီစစ်အာဏာသိမ်းကောင်စီက ပြည်သူလူထုကို အကြမ်းဖက်နေတာကို ဘယ်တော့မှ သည်းခံမှာမဟုတ်ဘူး ဘယ်တော့မှလည်း နောက်ဆုတ်ပေးမှာမဟုတ်ပါဘူး #DVB #TV#Interview http://burmese.dvb.no/archives/447970 Credit: