
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်မှာ မတ်လ၂ရက်နေ့က စစ်အာဏာရှင်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို ပြည်သူအင်အား၂၅၀၀ခန့် ပါဝင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဆန္ဒပြပွဲတွေကို ပညာရေးဝန်ထမ်းတွေ၊မြန်မာ့မီးရထားဝန်ထမ်းတွေ၊လဝကဝန်ထမ်းတွေနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဝန်ထမ်းတချို့လည်းပါဝင်ခဲ့ပြီး စည်ပင်ဝန်ထမ်းတွေ၊သစ်ထုတ်ရေးဝန်ထမ်းတွေအပြင် ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေပါ သပိတ်မှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ ကောလင်းမြို့နယ်က စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြမှုတွေမှာ အရင်က ထွေအုပ်ဝန်ထမ်းတွေ၊စည်ပင်ဝန်ထမ်းတွေ၊ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေလုံးဝ မပါဝင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ထွေအုပ်နဲ့စည်ပင်ဝန်ထမ်းတွေပါ သပိတ်မှာ ပူးပေါင်းပါဝင်လာပါတယ်။ #dvbtvnews #kawlin #protest #whatishappeninmyanmar Credit: