No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြစ်ကြီးနားတွင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏ ပုံများလမ်းပေါ်ကပ်ပြီး ဆန္ဒပြ DVB ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မတ် ၃ ရက် မနက်က စစ်အာဏာရှင်စနစ် ကျဆုံးပါစေ၊ စစ်အာဏာရှင်စနစ် အလိုမရှိ စာသားတွေပါဝင်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပုံတွေကို လမ်းမပေါ်ကပ်ထားပြီး ပြည်သူလူထုက ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အေးစေတီရပ်ကွက် မီးပွိုင့်၊ မြေမြင့်ရပ်ကွက်၊ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးရှေ့၊ အ.ထ.က ၁ ​ကျောင်းရှေ့၊ အ.ထ.က ၃ ကျောင်းရှေ့က လမ်းတွေပေါ်မှာ ကပ်ထားတဲ့ စစ်အာဏာရှင်ရဲ့ ပုံတွေကို ဒီနေ့ မနက် ၈ နာရီကျော်မှာ ရဲတပ်သားတွေက လာခွာသွားကြပါတယ်။ #DVBNews #ကချင်ပြည်နယ် #မြစ်ကြီးနား #စစ်အာဏာရှင်ဆန့်ကျင်ရေး Credit: