ပြည်သူကို လက်နက်နဲ့ဆက်လက် ခြိမ်းခြောက်နေရင် ကာကွယ်သွားမယ်လို့ KIO ပြော ~~ ■ စစ်ကောင်စီက ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို လက်နက်နဲ့ ခြိမ်းခြောက်ဖြိုခွဲ နေတာတွေဟာ ဒီမိုကရေစီလမ်းကြောင်းနဲ့လွဲချော်နေပြီး ဆက်လက်လုပ်ဆောင်မယ် ဆိုရင် ပြည်သူတွေကို ကာကွယ်သွားမယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။ KIAအနေနဲ့ ပြည်သူလူထုနဲ့ တသားတည်းရပ်တည်နေတဲ့အဖွဲ့အစည်းဖြစ်ပြီး တပ်မတော် ကပြည်သူကိုလက်နက်နဲ့ခြိမ်းခြောက်ဖြိုခွဲတာတွေဆက်လုပ်နေမယ်ဆိုရင် တစ်နည်းနည်းနဲ့ ပါဝင်သွားမှာပဲလို့ ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။ လက်ရှိမှာ KIAနဲ့ စစ်ကောင်စီလက်နက်ကိုင်အဖွဲ့တွေကြား ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်နေတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။ အနိုင်ရပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ CRPHအဖွဲ့နဲ့ တရားဝင်တွေဆုံတာတွေတော့ မရှိသေးဘူး လို့လည်း ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ လက်ရှိငြိမ်းချမ်းစွာဆန္ဒပြနေတဲ့သူတွေကို အကြမ်းဖက်ပစ်ခတ်ဖြိုခွဲတာတွေရှိ တာကြောင့် KNU၊TNLAအဖွဲ့တွေကတော့ ဆန္ဒပြပြည်သူတွေကို အကာအကွယ် ပေးတာတွေ ပြုလုပ်နေပါတယ်။ Credit:
