
နိုင်ငံ ကျော် သရုပ်ဆောင် လူရွှင်တော်ဦးမေတ္တာ ကွယ်လွန် ။ ၀၂.၀၈.၂၀၂၁ ။ ကိုဗစ်ရောဂါကြောင့် မြန်မာနိုင်ငံရှိ ရုပ်ရှင်နှင့် အငြိမ့်ပညာရှင်ကြီးဖြစ်သူ ဦးမေတ္တာ ကွယ်လွန်ခဲ့သည်ဟုသိရပါသည်။ သားဖြစ်သူမေတ္တာ မြင့်မြတ်ဟိန်းက "အဖေနေ့လည်၁၂ နာရီမှာဆုံးသွားပါတယ်ခင်ဗျ" ဟုသူ့ရဲ့ ဖေ့စ်ဘုတ်တွင် မကြာသေးမီကရေးသားခဲ့သည်။ ဦးမေတ္တာ သည် ၁၉၇၀ နှောင်းပိုင်းကာလများတွင်" တခိုင်လုံးရွှေ" အငြိမ့်တွင်ပင်တိုင် ပါ၀င်ခဲ့ပြီး ၊ ၁၉၈၀ ကာလများတွင်ရုပ်ရှင်နှင့်ဗီဒီယိုမြောက်များစွာရိုက်ကူးခဲ့သူလည်းဖြစ်သည်။ လူရွှင်တော် ကွမ်းသီးနှင့် ဦးမေတ္တာ အတွဲမှာ မသိသူရှားကာကျော်ကြားလှပါသည်။ ဦးမေတ္တာ သည် ၁၉၉၀ ကာလများတွင် " ဆိုကြမယ်ပျော်ကြမယ်" အစီအစဉ် မှာ Host/ Presenter အဖြစ် ပါဝင်တင်ဆက်ခဲ့ပြီး ၊ ယှဥ်ပြိုင်သူအဆိုရှင်တဦးအား " ၁၀ တန်းအောင်ပြီလား-ဒါဆိုကျောင်းပြီးပေါ့" ( ၁၉၉၀ ကာလများတွင် စစ်အစိုးရက ရန်ကုန်တက္ကသိုလ် ကို ပိတ်ထားခြင်းအားရည်ရွယ်) ဟု ဟာသပြောခဲ့သဖြင့် သူ့ ဧ။်အနုပညာလုပ်ကိုင်ခွင့်အားဆယ်စုနှစ်ကျော်ပိတ်ပင်ခံခဲ့ရသူလည်းဖြစ်သည်။ ကွယ်လွန်ချိန်တွင်အသက်၆၇ နှစ်ရှိပြီဖြစ်သည်။ ဝါရင့်သရုပ်ဆောင်ကြီး ဦးမေတ္တာကွယ်လွန်သွားသဖြင့်မိသားစုနှင့်ထပ်တူထပ်မျှ၀မ်းနည်းရပါကြောင်း။ Media 9 Team Credit: