No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အင်းစိန်လမ်းမပေါ် လုံခြုံရေးတင်းကြပ်ထားပေမယ့် လမ်းသွယ်တွေထဲ ဆက်ဆန္ဒပြ မတ်လ ၃ ရက် မနက်အစောပိုင်းတည်းက ရန်ကုန်အင်းစိန်လမ်းမကြီးပေါ် လုံခြုံရေးတင်းကြပ်ထားပြီး ပစ်ခတ်မှုအချို့ရှိနေတာပါ။ ဒါပေမဲ့ ကန်လမ်းနဲ့ ဘူတာရုံလမ်းထဲမှာတော့ ဆန္ဒပြနေကြပါတယ်။ "လမ်းမကြီးပေါ်တော့ တက်မရဘူး။ ဒီအခုလမ်းတွေထဲတော့ ပစ်ခတ်ဖြိုခွဲတာတော့မရှိသေးဘူး" လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ မနေ့ည အင်တာနက်ဖြတ်တောက်ချိန်ကစပြီး ရန်ကုန်အင်းစိန်လမ်းမပေါ်မှာ အရပ်ဝတ်၊ အိမ်စီးကားတွေနဲ့ လုံခြုံရေးလှည့်လည်တာ၊ လမ်းမှာတားထားတဲ့ စည်းတွေကို ဖြိုဖျက်တာတွေအပြင် တိုက်ပေါ်နေအိမ်တွေကို လက်နှိပ်ဓာတ်မီးတွေနဲ့ လိုက်လံထိုးကြည့်တာတွေရှိခဲ့ပါတယ်။ အင်အားသုံးဖြိုခွင်ဖမ်းဆီးခံရပေမယ့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ မြင်းခြံအပါအဝင် နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဆက်ရှိနေတဲ့အကြောင်း စုစည်းထားတဲ့ နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှုကို ဒီလင့်ခ်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ https://www.bbc.com/burmese/live/burma-56245583 Credit: