
ထားဝယ်နှင့်သရက်ချောင်းတွင် ရဲဒုတပ်ကြပ် ၃ ဦးနှင့်ရဲတပ်သား ၄ ဦး CDM ပါဝင် . ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး နှင့် သရက်ချောင်းမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ရဲဒုတပ်ကြပ် (၃) ဦးနှင့် ရဲတပ်သား (၄) ဦးတို့သည် အာဏာရှင်ဆန့်ကျင်ဖီဆန်ရေး (CDM) ဝင်ကြောင်း တရားဝင်ကြေညာလိုက်သည်ဟု သိရသည်။ . ထိုကဲ့သို့ CDM ဝင်ရသည့်အကြောင်းရင်းမှာ စစ်အာဏာရှင်စနစ်ကိုမလိုလားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ . တဆက်တည်းတွင် ပြည်သူ့ချစ်သောရဲ၊ ပြည်သူ့ကောင်းကျိုးလိုလားသော ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်၍ ပြည်သူ့ဆန္ဒနှင့်အညီ ဒီမိုကရေစီနည်းလမ်းကျ ရွေးချယ်တင်မြောက်သော အစိုးရသစ်တစ်ရက်ပြန် လည်ပေါင်ပေါက်လာသောအခါ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်မည်ဟု ရေးသားထားသည်။ . အဆိုပါ CDM ဝင်ရဲများတွင် ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲဒုတပ်ကြပ် အေးသီတာသိန်း၊ ရဲတပ်သား ရီရီခိုင်၊ သရက်ချောင်းမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ရဲဒုတပ်ကြပ် စုဖြိုးမြတ်၊ ရဲဒုတပ်ကြပ် သော်သော်စု၊ ရဲတပ်သား ဆောင်းဟေမာန်မိုး၊ ရဲတပ်သား အေးအေးမွန်၊ ရဲတပ်သား ယုယနွေး အသီးသီးပါဝင်သည် ဟု သိရသည်။ . သတင်း : ရွှေကရင် (ရာမညမြေ) ဓာတ်ပုံ : FB . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: