
မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသရှိ ဟိုတယ်နှင့် တည်းခိုခန်းများအား ကိုဗစ်ကာလ ယာယီ ပိတ်သိမ်းထားရသဖြင့် လတ်တလောတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရေး တိုင်းအစိုးရအား တင်ပြထားကြောင်း သိရသည်။ ပုဂံဒေသရှိ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်း ဆောင်ရွက်သူတချို့ စုပေါင်းကာ လက်မှတ်ရေးထိုးပြီး ယာယီပိတ်ထားရသည့် ဟိုတယ်များအနက် တချို့အား စည်းကမ်းချက်များနှင့်အညီ ပြန်လုပ်ကိုင်ခွင့်ပြုရန် စာတင်ပြတောင်းဆိုထားခြင်းဖြစ်သည်။ Website တွင် ဖတ်ရှုရန်>> https://myanmar.mmtimes.com/news/150736.html Android App တွင် ဖတ်ရှုရန်>> http://bit.ly/3oGpfYk iOS App တွက် ဖတ်ရှုရန်>> https://apple.co/2XzSAaS Crd