တရုတ်ကတားဆီးပိတ်ပင်မှုတွေရှိနေသော်လည်း ဂျပန်ကဟောင်ကောင်ကိုကာကွယ်ဆေး ၁ သန်းကျော်ထောက်ပံ့ ထိုင်ဝမ်နိုင်ငံဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့တယ်ဆိုပေမယ့် အရင်အပတ်က ကိုဗစ်စစ်ဆေးခဲ့ရာမှာ လူပေါင်း ၁ သောင်းကျော်ကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ပြီး နေရာအတော်များများမှာ အစုလိုက်ကိုဗစ်ကူးစက်ခံနေရာတာကိုတွေ့ရှိခဲ့ရပါတယ်။ ဟောင်ကောင်ဟာအရင်က လူဦးရေ ၂၃ သန်းကျော်ကို ကာကွယ်ဆေးထိုးပေးနိုင်မယ်လို့ခန့်မှန်းထားပေမယ့် တရုတ်နဲ့တင်းမာမှုအချို့ဖြစ်ခဲ့တာကြောင့် COVAX အစီအစဉ် က ကာကွယ်ဆေးအချို့နဲ့ ယူရိုဘက်က အက်ထရာဇီနီကာ ကာကွယ်ဆေးတောင့် ၇၂၆,၀၀၀ တောင့်၊ မိုဒန်နာ ကာကွယ်ဆေး ၁၅၀,၀၀၀ တောင့်သာတင်သွင်းနိုင်ခဲ့ပါတယ်။ လတ်တစ်လောမှာတော့ ဂျပန်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးချုပ်ဟာ ၂၀၂၁ ဇွန်လ ၄ ရက် ရက်စွဲဖြင့် ဟောင်ကောင်ကို ဂျပန်နိုင်ငံမှာထုတ်လုပ်တဲ့ အက်ထရာဇီနီကာ ကာကွယ်ဆေးတောင့်ပေါင်း ၁,၂၄၀,၀၀၀ ကျော်ကို ထောက်ပံ့ကူညီပေးသွားမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဟောင်ကောင်မှာတော့ ဒီအပတ်အတွင်းမှာပဲ တစ်ပတ်ကို လူဦးရေ ၁ သန်းကျော်ကို ကာကွယ်ဆေးထိုးပေးနိုင်ရန်စီစဉ်လျက်ရှိကြောင်းသိရပါတယ်။ Ref: - https://www.ndtv.com/.../coronavirus-japan-donates-more... - https://www.themalaysianinsight.com/s/319551 - https://indianlekhak.com/.../japan-donates-more-than-1... #Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #WinHtetMML Credit:
