
ထားဝယ်မှာပစ်ခတ်ခံရလို့အမျိုးသားတစ်ဦးသေဆုံး ဖေဖော်ဝါရီ-၂၈၊ ၂၀၂၁ ထားဝယ်မြို့ အာဇာနည်လမ်းပေါ်မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြစစ်ကြောင်းကို လူစုခွဲ ဖြိုခွင်းရာမှာ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာရရှိပြီး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဆန္ဒပြစစ်ကြောင်းကို ဖြိုခွင်းတာဖြစ်ပြီးတော့ ဒဏ်ရာရရှိသူ အများအပြားရှိတယ်လို့ အဲဒီနေရာကိုရောက်နေတဲ့ ဒေသခံသတင်းထောက်က 7Day TV ကိုပြောပါတယ်။ အဖမ်းဆီးခံရသူတွေဟာ လူဦးရေ ၂၀ ဦးထက်မနည်းရှိပြီး ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဒေသခံသတင်းထောက်ကပြောပါတယ်။ Credit: