
မြန်မာကို အိန္ဒိယက ကာကွယ်ဆေး ပို့တော့မည် ~~~~~~~~ အိန္ဒိယအစိုးရက သူတို့နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို အခုလာမယ့် သီတင်းပတ်တွေအတွင်း အိမ်နီးချင်းနိုင်ငံတွေကို ပေးပို့ဖို့ စီစဉ်နေပါတယ်။ အရင်ဆုံး တင်ပို့မယ့် နိုင်ငံတွေထဲမှာ မြန်မာ၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဖဂန်နစ္စတန် စတဲ့ နိုင်ငံတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရဟာ အိန္ဒိယနိုင်ငံက Serum ကုမ္ပဏီနဲ့ ကိုဗစ်ကာကွယ်ဆေးဝယ်ဖို့ လက်မှတ်ထိုးထားပြီး ဖြစ်ပါတယ်။ တခြားနိုင်ငံတွေအနေနဲ့ အဲဒီဆေးတွေကို အိန္ဒိယနိုင်ငံသားတွေ ပေးရတဲ့ ဈေးနှုန်းထက်ပိုပြီး ပေးရမှာ မဟုတ်ပါဘူးလို့လည်း အစိုးရ သတင်းရပ်ကွက်တွေက ပြောပါတယ်။ ဒီဆေးကို ကုမ္ပဏီတွေထံကနေ တိုက်ရိုက်ဝယ်ယူရမှာဖြစ်ပေမယ့် အိန္ဒိယအစိုးရရဲ့ ခွင့်ပြုချက် လိုတယ်လို့လည်း သိရပါတယ်။ - Unicode -------------- မြန်မာကို အိန္ဒိယက ကာကွယ်ဆေး ပို့တော့မည် ~~~~~~~~ အိန္ဒိယအစိုးရက သူတို့နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို အခုလာမယ့် သီတင်းပတ်တွေအတွင်း အိမ်နီးချင်းနိုင်ငံတွေကို ပေးပို့ဖို့ စီစဉ်နေပါတယ်။ အရင်ဆုံး တင်ပို့မယ့် နိုင်ငံတွေထဲမှာ မြန်မာ၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာ၊ ဘငျ်ဂလားဒေ့ရျှနဲ့ အာဖဂန်နစ္စတန် စတဲ့ နိုင်ငံတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရဟာ အိန္ဒိယနိုင်ငံက Serum ကုမ္ပဏီနဲ့ ကိုဗစ်ကာကွယ်ဆေးဝယ်ဖို့ လက်မှတ်ထိုးထားပြီး ဖြစ်ပါတယ်။ တခြားနိုင်ငံတွေအနေနဲ့ အဲဒီဆေးတွေကို အိန္ဒိယနိုင်ငံသားတွေ ပေးရတဲ့ ဈေးနှုန်းထက်ပိုပြီး ပေးရမှာ မဟုတ်ပါဘူးလို့လည်း အစိုးရ သတင်းရပ်ကွက်တွေက ပြောပါတယ်။ ဒီဆေးကို ကုမ္ပဏီတွေထံကနေ တိုက်ရိုက်ဝယ်ယူရမှာဖြစ်ပေမယ့် အိန္ဒိယအစိုးရရဲ့ ခွင့်ပြုချက်လိုတယ်လို့လည်း သိရပါတယ်။ - Zawgyi Photo: AFP Credit