No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပိတောက်ပန်းတွေကိုင်ပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ချီတက်ဆန္ဒပြခဲ့တဲ့ စုပေါင်းသပိတ်စစ်ကြောင်း _______________________________ မန္တလေးမြို့မှာ ဧပြီလ ၇ ရက်နေ့ မနက်ပိုင်းက ဗကသများအဖွဲ့ချုပ်၊ ပညာရေးမိသားစု၊ ဒေါင်းစစ်သည်သပိတ်စစ်ကြောင်း၊ ဘုရားကြီး ငြိမ်းချမ်းရေး သပိတ်စစ်ကြောင်းနဲ့ အထက(၇)ကျောင်းသား/သူဟောင်းများသပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ချီတက်ရာမှာ ပိတောက်ပန်းတွေကိုကိုင်ဆောင်ပြီး စစ်အာဏာရှင်ကျဆုံးရေး၊ ဖမ်းဆီးခံရသူများ လွှတ်ပေးရေး၊ ဖက်ဒရယ် ဒီမိုကရေစီရရှိရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။ စစ်ကြောင်း လူစုခွဲအပြီးမှာပဲ အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက်အဖွဲ့တွေ ရောက်လာခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ မရှိခဲ့ဘူးလို့ သိရပါတယ်။ #dvbtvnews #mandalay #RejectMilitaryCoup #WhatIsHappeningInMyanmar