
အင်းစိန်မြို့နယ် ကြို့ကုန်းမှတ်တိုင်အနီးတွင် နံနက်၁၁နာရီခွဲခန့်က ရဲနှင့်စစ်သားများသည် မျက်ရည်ယိုဗုံးများပစ်ဖောက်၍ အင်းစိန်လမ်းမအတွင်းဝင်ရောက်စီးနင်းခဲ့သည်။ ကားလေးစီးခန့်တွင်ရဲနှင့်စစ်သား ၄၀ခန့်ပါဝင်ပြီးပိတ်ဆို့ထားသည့် အတားဆီးများကိုချိုးဖျက်ဝင်ရောက်လာခြင်းဖြစ်သည်ဟု ကြို့ကုန်းရပ်ကွက်နေပြည်သူများကပြောသည်။ ထိုသို့ဝင်ရောက်စီးနင်းစဥ်အင်းစိန်လမ်းမပေါ်တွင်ရပ်ထားသည့် အိမ်စီးကားနှစ်စီးကိုထုနှက်ဖျက်ဆီးသွားပြီးကားပေါ်ရှိ ငွေနှင့်ဖုန်းယူဆောင်းသွားကြောင်း ၎င်းတို့ကပြောသည်။ "ကားပေါ်ကပိုက်ဆံနှစ်သိန်းကျော်ရယ်၊ အားသွင်းထားတဲ့ဖုန်းတစ်လုံးရယ်ပါသွားတယ်"ဟု ဖျက်ဆီးခံရတဲ့ကားပိုင်ရှင်တစ်ဦးက ပြောသည်။ Credit: