No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အပစ်ရပ်အဖွဲ့တွေအနေနဲ့ ရွေးကောက်ခံအစိုးရမရှိသေးခင် ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆက်အကောင်အထည်ဖော်သင့်မသင့် ဆွေးနွေးနေ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဦးဆောင် အဖွဲ့(PPST) အထူးအစည်းအဝေးကို ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ Video Conferencing နဲ့ ကျင်းပလျှက်ရှိပါတယ်။ အစည်းအဝေးမှာ တပ်မတော်ကအာဏာသိမ်းတာကို လက်မခံဆန့်ကျင်လို့ နည်းလမ်း ပေါင်းစုံနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြကြတဲ့ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးနဲ့ အတူတကွ မားမားမတ်မတ် ရပ်တည် အားပေးထောက်ခံတယ်လို့ PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းအပါဝင်နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်း ဝက်ဘ်ဆိုက်မှာ တိုက်ရိုက်ထုတ်လွှင့် ပေးနေတာကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Credit: