
သာကေတမြို့နယ် ရုပ်ရှင်ရုံကွေ့နားမှာ စတင်တဲ့ သပိတ်စစ်ကြောင်းကို မနက် 9နာရီက စတင်ဖြိုခွဲခဲ့ပြီး ၊ သာကေတမြို့နယ်က ရပ်ကွက်တွေထဲကိုလည်း ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သပိတ်စစ်ကြောင်းလည်း လူစွဲခွဲသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ စတင်ဖြိုခွဲချိန်မှာတော့ စစ်ကား ၄စီး၊ ရဲကား ၃ စီးရောက်လာခဲ့ပြီး၊ အင်အား ၁၀၀ခန့်ပါဝင်ပါတယ်လို့ သိရပါတယ်။ Photo - ThiHa Soe Credit: